Tuesday, November 26, 2013

ဖယ်​ဒ​ရယ်​အ​ရေး​နှင့် ​ငြိမ်း​ချမ်း​ရေး​အ​တွက် UNA ​နှင့် UNFC ​လက်​တွဲ​ဆောင်​ရွက်​မည်

(DVB)

တိုင်း​ရင်း​သား​ လက်​နက်​ကိုင်​ အ​ဖွဲ့​တွေ​ ပါဝင်​တဲ့ ​ယူ​အဲန်​အက်ဖ်​စီ ​ညီ​ညွတ်​သော ​တိုင်း​ရင်း​သား​လူ​မျိုး​များ ​လူ​မျိုး​များ ​ဖယ်​ဒ​ရယ်​ကောင်​စီ​နဲ့ ၁၉၉၀ေ​ရွး​ကောက်​ပွဲဝင် ​တိုင်း​ရင်း​သား​နိုင်​ငံ​ရေး​ပါ​တီ​တွေ ​ပါဝင်​တဲ့​  (​ယူ​အဲန်​အေ)  ​ညီ​ညွတ်​သော ​တိုင်း​ရင်း​သား​လူ​မျိုး​များ ​မ​ဟာ​မိတ်​အ​ဖွဲ့​က ​ကိုယ်​စား​လှယ်​တွေ​ဟာ ​ပ​ထ​မ​ဆုံး​အ​ကြိမ် ​ရန်​ကုန်​မြို့​မှာ  ​တွေ့​ဆုံ​ပြီး ​မြန်​မာ​နိုင်​ငံ ​ငြိမ်း​ချမ်း​ရေး​အ​တွက် ​ဆွေး​နွေး​ညှိ​နှိုင်း ​ခဲ့​ကြ​ပါ​တယ်။

အ​စိုး​ရ​ငြိမ်း​ချမ်း​ရေး ​ဖော်​ဆောင်​ရေး​ကော်​မ​တီ ​ဖိတ်​ခေါ်​ချက်​အ​ရ  ​မြန်​မာ​ပြည်​တွင်း​ကို ​ပြန်​လည် ​ရောက်​ရှိ​နေ​တဲ့​  ​ယူ​အဲန်​အက်ဖ်​စီ ​ခေါင်း​ဆောင်​တွေ​ဟာ  ​ပြည်​တွင်း​က ​ညီ​ညွတ်​သော ​တိုင်း​ရင်း​သား ​လူ​မျိုး​များ ​မ​ဟာ​မိတ်​အ​ဖွဲ့​၀င်​တွေ​နဲ့​  ​နိုဝင်​ဘာ​လ ၂၅ ​ရက်​နေ့ ​မ​နက်​က ​ရန်​ကုန်​မြို့ ​မ​ရမ်း​ကုန်း​မြို့​နယ်​မှာ​ရှိ​တဲ့​  ​ရှမ်း​တိုင်း​ရင်း​သား​များ ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရုံး​မှာ ​တွေ့​ဆုံ​ခဲ့​တာ​ပါ။

 
ယူ​အဲန်​အက်ဖ်​စီ​အ​ဖွဲ့​၀င်​တွေ ​ဖြစ်​ကြ​တဲ့​  ​မွန်​ပြည်​သစ်​ပါ​တီ​က  ​နိုင်​ဟံ​သာ၊ ​ကေ​အဲန်​ယူ​က ​ဖ​ဒို​ဒေး​ဗစ်​သာ​က​ပေါ၊   ​ကေ​အဲန်​ပီ​ပီ​က ​ခွန်း​အေ​ဘယ်လ်​တွိ  ​တို့​ဟာ ​လက်​ရှိ​အ​စိုး​ရ​ငြိမ်း ​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အ​ဖွဲ့​နဲ့​  ​ဆွေး​နွေး​ဆောင်​ရွက်​နေ​တဲ့ ​ငြိမ်း​ချမ်း​ရေး ​လုပ်​ငန်း​စ​ဉ်​တွေ ​အ​ကြောင်း ​ပြော​ပြ​ပြီး ​ယူ​အဲန်​အေ​ဘက်​က​လည်း ​နိုင်​ငံ​ရေး​ဆွေး​နွေး​ပွဲ​အ​ကြို ​ဆောင်​ရွက်​ချက်​တွေ​ကို  ​ပြန်​ချ​ပြ​ခဲ့​တယ်​လို့ ​ဆွေး​နွေး​ပွဲ​မှာ ​ပါဝင်​ခဲ့​သူ ​တ​ဦး​ဖြစ်​တဲ့ ​ရှမ်း​တိုင်း​ရင်း​သား​များ ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ပြော​ခွင့်​ရ ​ဦး​စိုင်း​လိတ်​က ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​စစ်​မှန်​တဲ့ ​ဖယ်​ဒ​ရယ်​ပြည်​ထောင်​စု​စ​နစ် ​ပေါ်​ပေါက်​ရေး​၊ ​ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး ​တည်​ထောင်​မှု ​လုပ်​ငန်း​စ​ဉ်​နဲ့ ​ဖွဲ့​စည်း​အုပ်​ချုပ်​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​လုပ်​ငန်း​တွေ​မှာ  ​ပူး​ပေါင်း​ဆောင်​ရွက်​သွား​နိုင်​ရေး​တွေ ​ဆွေး​နွေး​ခဲ့​ကြ​ပြီး ​နှစ်​ဖက် ​အ​မြင်​တူ​ညီ​မှု ​ရှိ​ခဲ့​ကြ​တယ်​လို့​လည်း ​ဆို​ပါ​တယ်။

“​တိုင်း​ရင်း​သား​လူ​မျိုး​စု​အ​ကုန်​လုံး​လောက်​နီး​ပါး​ကို ​ကိုယ်​စား​ပြု​တဲ့ ​ပြည်​ပ​အ​ခြေ​စိုက် ​အ​ဖွဲ့​အ​စည်း ​တ​ခု​ဟာ ​ပြည်​တွင်း​ကို ​ပ​ထ​မ​ဆုံး​၀င်​ရောက်​လာ​ပြီး​တော့​မှ ​ပြည်​တွင်း​မှာ ​တိုင်း​ရင်း​သား ​အ​ရေး​အ​တွက် ​အ​နှစ် ၂၀ ​ကျော် ၂၅ ​နှစ် ​တ​စိုက်​မတ်​မတ်​လုပ်​လာ​တဲ့​အ​ဖွဲ့​နဲ့​  ​လာ​ရောက်​ပြီး​တော့​မှ ​တွေ့​ဆုံ​ရ​တယ်၊ ​ဆွေး​နွေး​ရ​တယ် ​ပြီး​တော့ေ​ရှ့​ဆက်​လုပ်​ငန်း​စ​ဉ်​တွေ​မှာ​လည်း​ဘဲ   ​ရည်​ရွယ်​ချက်​နဲ့ ​လုပ်​ငန်း​စ​ဉ်​တွေ​က ​အ​ကုန်​လုံး​လောက်​နီး​ပါး ​တူ​ညီ​နေ​တဲ့​အ​တွက် ​ကျ​နော်​က​တော့ ​ဒီ​အ​ပေါ်​မှာ ​အင်​မ​တန် ​အား​ရ ​ကျေ​နပ်​ပါ​တယ်​ခင်​ဗျ”

ဒီ​က​နေ့ ​တွေ့​ဆုံ​ပွဲ​နဲ့ ​ပတ်​သက်​ပြီး ​ဦး​စိုင်း​လိတ်​ပြော​သွား​တာ​ပါ။

ဒီ​က​နေ့ ​တွေ့​ဆုံ​ပွဲ​အ​ပြီး ၂ ​ဖွဲ့ ​ပူး​ပေါင်း​ထုတ်​ပြန်​တဲ့ ​ကြေ​ညာ​ချက်​မှာ​တော့​  ​ပြည်​ထောင်​စု​နဲ့ ​တိုင်း​ရင်း​သား​လူ​မျိုး​တွေ​အား​လုံး​ရဲ့ ​အ​ကျိုး​အ​တွက် ​တူ​ညီ​တဲ့ ​ဘုံ​သ​ဘော​ထား​တွေ​ဖြစ်​တဲ့ ​စစ်​မှန်​တဲ့ ​ဖက်​ဒး​ရယ်​ပြည်​ထောင်​စု ​တည်​ဆောက်​ရေး​၊ ​ဖွဲ့​စည်း​ပုံ​ဆိုင်​ရာ​လုပ်​ငန်း​တွေ​နဲ့ ​ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး​တို့​ကို ​လက်​တွဲ ​အ​ကောင်​အ​ထည်​ဖော်​သွား​မယ်​လို့ ​ဖော်​ပြ​ထား​ပါ​တယ်။

ဒီ​က​နေ့​  ​တွေ့​ဆုံ​ပွဲ​မှာ ​ယူ​အဲန်​အေ​အ​ဖွဲ့​၀င် ​နိုင်​ငံ​ရေး​ပါ​တီ​များ​ဖြစ်​ကြ​တဲ့ ​ရ​ခိုင်​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်၊ ​ဇို​မီး​အ​မျိုး​သား​ကွန်​က​ရက်၊ ​မွန်​ဒီ​မို​က​ရေ​စီ​ပါ​တီ၊ ​ရှမ်း​ပြည်​ကိုး​ကန့်​ပါ​တီ၊ ​က​ချင်​ပြည်​နယ် ​ကေ​အဲန်​စီ​ပီ​ပါ​တီ၊ ​က​ရင် ​ကေ​အဲန်​ပီ​ပီ ​ပါ​တီ​နဲ့ ​ရှမ်း​တိုင်း​ရင်း​သား​များ ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ခေါင်း​ဆောင်​နဲ့ ​ကိုယ်​စား​လှယ်​တွေ ​တ​ဖွဲ့​ကို ၃ ​ဦး​စီ​အ​ပြင် ​ဂျ​ပန်​နိုင်​ငံ  ​နိ​ပွန်​ဖောင်​ဒေး​ရှင်း ​ဥ​က္က​ဌ ​မ​စ္စ​တာ ​ဆာ​ဆာ​ကာဝါ ​နဲ့ ​အ​ဖွဲ့​လည်း ​လေ့​လာ​သူ​အ​နေ​နဲ့ ​တက်​ရောက်​ခဲ့​ကြ​ပါ​တယ်။

ယူ​အန်​အက်ဖ်​စီ​က ​ခေါင်း​ဆောင်​တွေ​ဟာ ​ည​နေ​ပိုင်း​မှာ​တော့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ဥ​က္က​ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​ရန်​ကုန်​မြို့ ​တ​က္က​သိုလ်​ရိပ်​သာ​လမ်း​နေ​အိမ်​မှာ ​သွား​ရောက်​တွေ့​ဆုံ​ခဲ့​ပါ ​တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။