Tuesday, November 26, 2013

နမ်လင်းပါ စစ်ဘေးဒုက္ခသည်များအား UN မှ အိမ်အလုံး ၆၀၀ ထောက်ပံ့မည်

(Kachin waves)

နမ်လင်းပါမှ စစ်ဘေးဒုက္ခသည်များ နေထိုင်နေသည့် လဂန်ယန်စစ်ဘေးဒုက္ခသည် စခန်းတွင် UN မှ အဆင်တင့် မိုးကားလုံးချင်းအိမ် အလုံး ၆၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

UN ကိုယ်စားလှယ်များ ၂၀၁၃ နိုဝင်ဘာ ၂၂ နေ့တွင် လဂန်ယန်စခန်းသို့လာရောက်လေ့လာချိန် ပြောဆိုသွားခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ဦး လဆမ် မှဆိုသည်။

‘ ဒီအပတ်လောက်တော့ ရောက်မယ်လို့ပြောတယ်။ ဟိုတစ်နေ့ကလာတဲ့ အချိန်ပြောသွားတယ်။ “ဟုစခန်းတာဝန်ခံမှဆိုသည်။


လဂန်ယန်ရှိ စစ်ဘေးဒုက္ခသည်စခန်းမှအဆောင်များအား ယခင်က ဂရုဏအဖွဲ့မှတည်ဆောက်ပေးထားပြီး ယခုအခုအချိန် နမ်လင်းပါမှ စစ်ဘေးဒုက္ခသည်များ ပြန်လည်ရောက်ရှိလာခြင်းကြောင်း စခန်းအသစ်ပြန်လည်တည်ဆောက်ရန်လိုအပ်လာခြင်းဖြစ်သည်။

အသစ်ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည်များအား မိုးကားဖြင့် ယာယီတဲများထိုးကာ နေထိုင်ခိုင်းလျှက်ရှိသည်။

“အရမ်းချမ်းတယ်။ ညညဆို မိုးကားကပါးတော့ နှင်းတွေကျတယ်။ အရမ်းချမ်းလို့ အိပ်လို့တောင်မရဘူး။”ဟု နမ်လင်းပါမှ လဂတ်ယန်စစ်ဘေးဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် အသက် ၆၀ အရွယ်ရှိ ဒေါ်လဖိုင်နန်ရော်ကဆိုသည်။

ထိုစခန်းတွင်အရင်နေထိုင်သည့် စစ်ဘေးဒုက္ခသည်စုစုပေါင်း ၆၇၈ ယောက်နှင့် နမ်လင်းပါမှရောက်ရှိလာသော စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော် နေထိုင်လျှက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။