Monday, November 11, 2013

KIA, တပ်ရင်း (၁၂)့ (၂၇)တို့တွင်တိုက်ပွဲ ဖြစ်၊ အစိုးရတပ်မှ(၅)ဦးကျ

(Lachid Kachin)

ကချင် လွတ်လပ်ရေး တပ်မတော် KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ် ရင်း အုပ်ချုပ် နယ်မြေ နမ်ဂေါင် ကျေးရွာ မှ ဆက် လက် ကျူးကျော် ၀င်ရောက် လာသော မြန်မာ အစိုးရ စစ် တပ် (ခ.မ.ရ-၃၂၀ နှင့် ၄၃၈) ပူးပေါင်း စစ်ကြောင်း နှင့် KIA, တပ်ရင်း (၁၂) မှ တပ်ဖွဲ့ ၀င် တို့ ကြား (၉.၁၁.၂၀၁၃) ရက်နေ့ နံနက် (၅း၄၅) အချိန်ခန့် တွင် အပြင်းအထန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ ကြောင်းသိရှိရပါသည်။

တဖန် နိုဝင်ဘာလ (၉) ရက်နေ့ မွန်းလွှဲ (၁း၀၀)နာရီ အချိန် KIA, တပ်ရင်း (၁၂) နယ်မြေ ဖြစ်သော မုံးဒင်ပါ ပတ်ဝန်းကျင် တွင်ဒေသခံ ရွာသားများအား အမျိုးမျိုးဒုက္ခပေး၊ လှုပ်ရှားနေ သော မြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၂၃၆) တပ် အား KIA, တပ်ရင်း (၁၂) မှ KIA,မျိုးချစ်ရဲဘော်များမှ ဗဒေသာ မိုင်းဖြင့် ခုခံတိုက်ခိုက်ရာ အစိုးရ စစ်တပ်ဘက်မှ (၅)ဦး ထိခိုက်ကျဆုံးကြောင်း သတင်းရရှိပါသည်။


ထို့ အပြင် KIA, တပ်ရင်း (၂၇) အုပ်ချုပ်နယ်မြေ ဖြစ်သော ကောင်းဂျာ ရွာသို့ ကျူးကျော် ၀င်ရောက်လာ ကာ ကောင်းဂျာရွာ အတွင်းလာရောက် စခန်းချနေ သော မြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၄၇ နှင့် ၅၆) တပ်မှ စစ်ကြောင်း နှင့် KIA, တပ်ရင်း (၁၂) တပ်ဖွဲ့ တို့ အကြား( နိုဝင်ဘာလ၊ ၉ ) ရက်နေ့ နံနက် (၇း၀၀)နာရီအချိန်ခန့် မဟော်ယန် ရွာ အနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး တိုက်ပွဲ အတွင်း နှစ်ဘက်စစ်တပ်တို့၏ ထိခိုက်မှု အသေးစိတ် သတင်းမသိရှိသေးပါ။


KIA, Dung (12) a Bawm Hta Mye (5) Si Hkala  


KIA Masat (12) Dap Dung ginra, Nam Gau mare kawn pru wa ai Myen asuya hpyen Hk.M.Y (320,438) Dap na hpyen hpung hte Dung (12) Dap na hpyen hpung ni, Nov, 9 ya jahpawt hkying (5:45)am ten gasat poi byin ai lam na chye lu ai.

Masat (27) Dap Dung ginra, Kawng Ja mare kaw shara jahkrat nga ai Myen asuya hpyen Hk.L.Y (47,56) Dap na pawng hpawm hpyen hpung hte KIA hpyen hpung ni, dai hpawt hkying (7:00)am aten hta Mahkaw Yang mare hte Nam Hpu lapran kaw gasat poi byin ai lam na chye lu ai.

Shana maga hkying (1:00)pm aten hta Mungding Pa grup yin shamu shamawt hkawm ai Myen asuya hpyen Hk.L.Y (236) Dap na hpyen hpung hpe KIA hpyen hpung ni, bawm majan hte hkap shingla gasat ai hta, Myen asuya maga na marai (5) hkala hkrum ai lam na chye lu ai.
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။