Thursday, November 7, 2013

ကေအိုင်အေတပ်ရင်း (၁၂) ဂေါင်လွေအရပ်တွင် တိုက်ပွဲဖြစ်ပွားနေ

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၁၂) နယ်မြေဖြစ်သော ဗန်းမော်ခရိုင် နမ့်လင်းပါ အနောက်ဘက် (၆) မိုင်အကွာ ရှိ ဂေါင်လွေအရပ်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ နိုင်ဝင်ဘာ (၆) ရက်မနက် (၉း၀၀) နာရီအချိန်မှစပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေတပ်ရင်း (၁၂) မှ ဗိုလ်ကြီးအင်ခွန်တန် (Black Jade) ဦးဆောင်သော တပ်များနှင့် ဗမာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရမှ ဤဒေသသို့ သစ်မှောင်ခို နှိပ်နှင်းရေး အကြောင်းပြကာ ဗမာစစ်တပ်အင်အား အများအပြား ပို့ထားသောကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ရှေ့တန်းသတင်းအရ သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။