Wednesday, November 20, 2013

နမ်လင်းပါ တိုက်ပွဲဖြစ်ရသည် အပေါ် အစိုးရနှင့် ကေအိုင်အိုတို့ မှ ထုတ်ပြန်ချက်

(Kachinwaves)

အစိုးရမှ

(၁)သစ်ခိုးထုတ်မှုကို တပ်မတော်မှ လိုက်လံ ရှင်းလင်းရာမှ တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

(၂) ကေအိုင်အိုမှ နမ်လင်းပါဒေသခံများနှင့် စစ်ဘေးဒုက္ခသည်များအား မောင်းထုတ်ကာ အစိုးရတပ်အား တိုက်ခိုက်ခြင်းဖြစ်သည်။

(၃) နယ်မြေရှင်းလင်းရေးလုပ်စဉ် ကေအိုင်အေမှ တိုက်ခိုက်ခြင်းကြောင်း စစ်ပွဲဖြစ်ရခြင်းဖြစ်သည်။


ကေအိုင်အေ မှ

(၁) ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းတွင် သာမက ဖုန်းနှင့်ဆက်သွယ်တိုင်းတွင် လည်း မုန်းဒိန်ပါ၊ ကောင်ဂျာ၊ နမ့်လင်းပါကျေးရွာများသို့ မ၀င်ရောက်ရန် ကေအိုင်အေမှ ပြောဆိုသော်လည်း အစိုးရတပ်များမှ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

(၂) ကေအိုင်အေမှ နမ့်လင်းပါ ကျေးရွာသို့ မလိုက်ခဲ့ရန် ပြောဆိုသော်လည်း အစိုးရတပ်မတော်မှ ၊ စစ်ဘေးဒုက္ခသည်များအား ထောက်ပံ့ပစ္စည်း သွားရောက်လှူဒါန်းမည့် ဂရုဏအဖွဲ့၏ နောက်မှလိုက်ပြီး လုံခြုံရေး လိုက်ပေးမည်ဟုဆိုကာ နမ့်လင်းပါကျေး ရွာသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

(၃) ကေအိုင်အေ မှ နမ့်လင်းပါ ဒေသခံများနှင့် စစ်ဘေးဒုက္ခသည်များကို ထွက်ပြေးခိုင်းပြီး အစိုးရတပ်အား တိုက်ခိုက်ကြောင်း အစိုးရဘက်မှ စွပ်စွဲပြောဆိုခဲ့သည့်အပေါ် ကေအိုင်အေဘက်မှ အစိုးရ တပ်မတော်သားတို့ ရွာထဲဝင်ရောက်လာပြီး ဒေသခံများနှင့် စစ်ဘေးဒုက္ခသည်များ ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင်းခဲ့ကြခြင်းသာ ဖြစ်ကြောင်းဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။