Monday, November 4, 2013

မြစ်ကြီးနားဆွေးနွေးပွဲ မနက်ပိုင်းအခြေအနေ

(Lachid Kachin)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ က နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက စတင် ကျင်းပနေပါတယ်။

ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ထိုးနိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာ မူဘောင်တွေ ချမှတ်ရေးဆိုတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်ထဲပါတဲ့ အချက်နဲ့ အစိုးရဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေ ချမှတ်ဖို့ ဆိုတဲ့ အချက် ၂ ချက်ကို နှစ်ဖက် အကျေအလည် ညှိနှိုင်းကြမှာဖြစ်ပါတယ်။
ယခု ဆွေးနွေးပွဲ မနက်ပိုင်း ပြီးသွားလို့ ခဏနားနေ ကြပါတယ် ညနေ၂နာရီမှာ ပြန်စမယ်လို့ သိရပါတယ်။ စည်းဝေးပွဲမနက်ပိုင်းကိုတော့ မီဒီယာသမားတွေ စည်းဝေးခန်းထဲဝင်ခွင့်ပေးခဲ့တော်လည်း ညနေပိုင်းကိုတော့ မီဒီယာ သမားတွေကို စည်းဝေးခန်းမထဲ ၀င်ခွင့် မပေးတော့ဘူးလို့ လည်း ထပ်မံသိရှိရပါတယ်။

1 comment:

  1. ဆက်လက်ပြီးသတင်းများကို အချိန်မှီဖော်ပြပေးပါ

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။