Tuesday, November 12, 2013

ကေအိုင်အို ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် မေးမြန်းချက်

(DVB)

တရုတ် -မြန်မာ နယ်စပ် လိုင်ဇာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေရဲ့ ကွန်ဖရင့် နဲ့ နောက်နှစ်ရက် အကြာ မြစ်ကြီးနား မှာ တိုင်း ရင်း သားခေါင်းဆောင်တွေ ရဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေနဲ့ ပတ်သက် လို့ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို မြစ်ကြီးနားမြို့က ကေအိုင်အိုဆက်ဆံရေးရုံးမှာ နိုဝင်ဘာ ၆ ရက်နေ့က တွေ့ဆုံမေးမြန်းထားပါတယ်။

လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ညီလာခံက မြန်မာပြည်ရဲ့ သမိုင်းမှာ ဘယ်လောက်အထိ အေရးပါပြီး အနှစ်သာရ ရှိလဲ။


“ဒီညီလာခံကို လုပ်နိုင်တယ်ဆိုတာကေတာ့ အစိုးရဘက်ကလည်း သေဘာတူတယ်၊ အများကြီးလည်း တက်ရောက်ကြတယ်ဆိုတော့ သိပ်ကို အေရးကြီးတဲ့ ညီလာခံတရပ်လို့ပဲ ကျေန်ာတို့ မှတ်ယူပါတယ်။”

မြစ်ကြီးနားဆွေးနွေးပွဲ ဆက်တိုက်ဖော်ဆောင်တော့ အဲဒီဆွေးနွေးပွဲမှာလည်း ကျေနပ်အားရတယ်ဆိုပြီး ပူးတွဲ ကြေညာချက်မှာ တွေ့တယ်၊ ဘယ်အချက်တွေက ကျေနပ်အားစရာ ကောင်းလဲ။

“အဓိကက ဆွေးနွေးပွဲတွေ ဆက်ပြီးလုပ်မယ်ဆိုတဲ့ ဆန္ဒအေပ်ါမှာ ကျေနပ်အားရတယ်လို့ ပြောတာပါ။ ဆွေးနွေးပွဲတွေရဲ့ ရလဒ်အေပ်ါမှာတော့ ကျေန်ာတို့ ဘာမှ မရှိသေးတော့ ပြောလို့ မရေသးပါဘူး။”

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာချက်မှာ မူကြမ်းဆိုပြီး ပါတယ်။ အပြင်မှာ လက်ခံရရှိတာက မူကြမ်းဆိုတဲ့ စကားလုံး မပါဘူး။ ဒါနဲ့ပတ်သက်လို့ နှစ်ဖက် ပူးတွဲထုတ်တာလား၊ ဒါမှမဟုတ် ဘယ်လို့ သေဘာထားလဲ။

“ထုတ်ပြန်ချက်က နှစ်ဖွဲ့ကေနပြီး ရေးတဲ့စာပါ။ နှစ်ဖွဲ့ ပူးတွဲပြီး ထုတ်ပြန်တဲ့ ကြေညာချက်ဖြစ်ပါတယ်။”

နှစ်ဖက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သေဘာတူညီချက်ဆိုပြီး တေစာင်ထွက်ပါတယ်၊ အစိုးရနဲ့ တိုင်းရင်းသားတွေ နှစ်ဖက် လက်မှတ်တော့မထိုးထားဘူး၊ အဲဒါ ၇ ရွက်လောက် အပြင်ကို ထွက်လာပါတယ်။ အဲဒီဟာကေရာ။

“ခေါင်းစဉ် ဘယ်လိုတပ်ထားလဲ။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သေဘာတူညီချက်ဆိုပြီး။

“အခု ကျေန်ာတို့ လိုင်ဇာညီလာခံ မလုပ်ခင် ၂၅ ရက်နေ့မှာ ကျေန်ာတို့ကို အစိုးရဘက်ကေန မူကြမ်းတေစာင် ပို့ထားပါတယ်။ လိုင်ဇာညီလာခံမှာက အဲဒီမူကြမ်းပေါ် မူတည်ပြီး ဆွေးနွေးတယ်၊ ပြီးတော့ ညီလာခံကေန အတည်ပြုတဲ့ သေဘာထားအရ ခေါင်းစဉ် ၁၁ ခုကို ကျေန်ာတို့ ရွေးခဲ့တယ်။ ရွေးပြီး မြစ်ကြီးနားအစည်းအေ၀းမှာ ကျေန်ာတို့ ပြန်တင်ပြပါတယ်။ မြစ်ကြီးနားရောက်တော့ ၄ ရက်နေ့ ညေနမှာ အစိုးရကိုယ်စားလှယ်အဖွဲ့ကေနပြီး လိုင်ဇာညီလာခံကို ပို့ပေးတဲ့ စာတမ်းမဟုတ်ဘဲနဲ့ စာတမ်းတေစာင် ကျေန်ာတို့ကို ပြန်ပေးပါတယ်။ အဲတော့ စာတမ်းက ၂ စောင် ဖြစ်နေပါတယ်။”

လိုင်ဇာနဲ့ မြစ်ကြီးနားဆွေးနွေးပွဲတွေလို ပုံစံတူ ဆွေးနွေးပွဲတွေကို ကရင်ပြည်နယ် ဘားအံနဲ့ အခြားနေရာတခုမှာ ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီအတွက် ဘာတွေများ ဆွေးနွေးဖို့ ပြင်ဆင်ထားလဲ။

“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သေဘာတူညီချက်ကို ဘယ်လိုလက်မှတ် ရေးထိုးကြမလဲဆိုတဲ့အပိုင်းပေါ့။ ညီလာခံကေန တာဝန်ပေးလိုက်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ  ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကေတာ့ စာချုပ်အတွက် အဆင်သင့်ဖြစ်သည်အထိ ဆောင်ရွက်ရန်ဆိုပြီး ကျေန်ာတို့ကို တာဝန်ပေးထားပါတယ်။ ဒီကိစ္စကို ကျေန်ာတို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

အဲဒီညီလာခံမှာ တနိုင်ငံလုံး အပစ်ရပ်ရေး လုပ်ဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ရေးက မရှိမဖြစ်လိုအပ်တယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ အစိုးဘက်ကေတာ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို လုပ်ရမယ်၊ ပြီးရင် နိုင်ငံရေးမူဘောင်ချမယ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေသွားမယ်ဆိုတော့ မူဘောင်အရင်ချေရးနဲ့ အပစ်ရပ်ရေးဆိုတဲ့ ကွဲလွဲချက် နှစ်ခုက ဘယ်လောက်အထိ အေရးကြီးလဲ။

“တကယ်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ မူဘောင်ကေတာ့ တပြိုင်တည်းမှာ ဆွေးနွေးရမယ့် ကိစ္စပါ။ သို့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲတွေ သွားဖို့ကေတာ့ အပစ်အခတ် ရပ်စဲရေးကို လုပ်မယ်၊ အဲဒါလုပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲသွားမယ်။ တချို့မူဘောင်တွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ပြင်ဆင်နေတဲ့အချိန်မှာကို ဆွေးနွေးဖို့လိုအပ်တဲ့ အချက်တွေ ပါပါတယ်။ တချို့နေရာတွေမှာ တပြိုင်တည်း သွားမယ်။ ဒါပေမယ့် လက်မှတ် ရေးထိုးမှုကေတာ့ ဖြစ်စဉ်အစပိုင်းမှာ ဖြစ်ပါလိမ့်မယ်။”

ဒါဆို နှစ်ဖက် ညှိနှိုင်းဖို့ ပုံစံတူတဲ့နေရာမှာ တော်တော်နီးစပ်တဲ့ အေနအထားမှာ ရှိတဲ့သေဘာလား။

“အခုတော့ နီးစပ်တယ်လို့ ပြောမရေသးဘူး။ ကျေန်ာတို့ ဆက်ပြီး ညှိရဦးမယ်၊ ကျေန်ာတို့ လိုင်ဇာညီလာခံကေန ယူလာတဲ့ ခေါင်းစဉ် ၁၁ ခုအေပ်ါမှာ ၉ ခုကို အစိုးရက လက်ခံတယ်လို့ ပြောပါတယ်။ တချို့အချက်တွေက ကျေန်ာတို့ အပြည့်အစုံ မေရးရေသးဘူး။ ရေးပြီးတဲ့အချိန်မှ ကျေန်ာတို့ ထပ်ပြီးတော့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဖက်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ထွန်းရေး ဆိုတဲ့ ရပ်တည်ချက်မျိုးရှိတယ်။ တချို့လည်း အစပျိုးလျှို့ဝှက်ဖွဲ့တယ်လို့ သိရပါတယ်။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မေတ်ာက မြန်မာပြည်မှာ လိုသလား၊ ဘာကြောင့် လိုတာလဲ။

“အခု ကျေန်ာတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကေန တောင်းဆိုနေတဲ့ နိုင်ငံပုံစံက ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့လို့ ကျေန်ာတို့ တောင်းဆိုနေတယ်။ ဖက်ဒရယ်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ်ပြည်ထောင်စု တပ်မေတာ် ရှိသင့်တယ်လို့ တောင်းဆိုချက်ဖြစ်ပါတယ်။ အားလုံး ၀ိုင်းပြီး ဆွေးနွေးပြီးမှ တကယ်လို့ ကျေန်ာတို့နိုင်ငံဟာ ဖက်ဒရယ် ပြည်ထောင်စုမဟုတ်ဘူးဆိုရင်တော့ ဒီနိုင်ငံရဲ့ စစ်တပ်ကေတာ့ ဖက်ဒရယ် စစ်တပ်မရှိနိုင်ဘူး။ တကယ်လို့ လူထုနဲ့ တာဝန်ရှိသူများအားလုံး ဆွေးနွေးပြီးမှ ကျေန်ာတို့နိုင်ငံကို အာဏာရှင်နိုင်ငံ ထူထောင်ကြစိုလို့ သေဘာတူခဲ့ကြရင် အာဏာရှင် တပ်မေတာ် ပေါ်လာမှာပေါ့။ အဲတော့ နိုင်ငံတော်ကို ဘယ်လိုဖွဲ့စည်းသလဲဆိုတဲ့အေပ်ါမှာ ပေါ်ထွန်းလာရမယ့် တပ်မေတာ် ဖြစ်တယ်၊ အခု ဖက်ဒရယ် ပြည်ထောင်စု တပ်မေတ်ာလို့ ပြောတာက ကျေန်ာတို့ တောင်းဆိုနေတာက ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ရေး ဖြစ်လို့ ဒီလိုနာမည်ပေးရခြင်းဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ပုံစံမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောလာတယ်၊ လွှတ်တော်ကလည်း ပြောလာတယ်။ ဗိုလ်ချုပ် ဂွမ်မော်တို့ ရည်မှန်းတဲ့ ဖက်ဒရယ်နဲ့ အစိုးရနဲ့ လွှတ်တော်ကေပြာတဲ့ ဖက်ဒရယ်က အတူတူပဲလား၊ စကားလုံးက အတူတူပဲ၊ အနှစ်သာရချင်းရော တူတူပဲလား။

“အခုချိန်ထိ အစိုးရနဲ့ ကျေန်ာတို့ ဒီခေါင်းစဉ် မေဆွးနွေးရေသးပါဘူး။ အစိုးရဘက်ကလည်း ပြည်ထောင်စုကို ပြောတယ်၊ ကျေန်ာတို့ကလည်း ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောတယ်။ အဲတော့ ဒီသေဘာထားက ဆွေးနွေးတဲ့အခါမှပဲ ကျေကျလည်လည် ဆွေးနွေးရမှာပေါ့။ အခုချိန်ထိတော့ ဒီကိစ္စက ဆွေးနွေးတဲ့အထဲမှာ မေရာက်သေးပါဘူး။”

ဗိုလ်ချုပ်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဘယ်လိုလဲဆိုတာ မြန်မာပြည်သူတွေ သိအောင် ရှင်းပြေပးပါ။

“ကျေန်ာတို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုက ကျေန်ာတို့ နိုင်ငံဟာ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေ အများကြီး နေထိုင်ကြတယ်။ မတူညီတဲ့ တိုင်းရင်းသားလူမျိုးတွေ နေထိုင်ကြဖို့ အသင့်လျော်ဆုံးကေတာ့ ဖက်ဒရယ်စနစ် တည်ဆောက်တဲ့ နိုင်ငံတော်တခုဖြစ်တယ်လို့ ကျေန်ာတို့ မြင်တယ်။ အတူတကွ တန်းတူ အမြဲတန်း ယှဉ်တွဲနေထိုင်နိုင်မယ့် နိုင်ငံပုံစံမျိုးကို ပြောလိုတာ ဖြစ်ပါတယ်။”

တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်တဦးအေနနဲ့ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုတွေ လျင်မြန်နေတဲ့ဟာက မြန်မာပြည်ဟာ မကြာမီကာလအတွင်း အပစ်ခတ်တွေ ရပ်စဲ၊ နိုင်ငံရေးဆွေးနွေးပွဲတွေစ၊ ငြိမ်းချမ်းတဲ့ဘ၀ကို ကူးနိုင်ပြီလို့ မျှော်လင့်နိုင်တဲ့ လမ်းစကို မြင်ပြီလား။

“အခု ကျေန်ာတို့ ဆွေးနွေးရေးတွေ လုပ်နေတယ်ဆိုတော့ ဆွေးနွေးတဲ့အဆင့်နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအဆင့်ကို တကယ်အောင်အောင်မြင်မြင်၊ ခိုင်ခိုင်မာမာ လုပ်နိုင်ရင် ကျေန်ာတို့ ခိုင်မာတဲ့လမ်းစကို ရောက်ပြီလို့ မြင်တယ်။ သို့သော်လည်း ယုံကြည်မှုတွေ အများကြီးတည်ဆောက်ဖို့ လိုပါတယ်။”

ဒီဗွီဘီကေနပြီး မြန်မာပြည်သူတရပ်လုံး၊ တိုင်းရင်းသားပေါင်းစုံတရပ်လုံးကို ဘာများပြောချင်ပါသလဲ။

“ကျေန်ာတို့ မျှော်မှန်းတာကေတာ့ တိုင်းရင်းသားများအားလုံး တန်းတူရည်တူနဲ့ အတူတကွ စုပေါင်းနေထိုင်နိုင်တဲ့ နိုင်ငံတော်အသစ်ကို ကျေန်ာတို့ လိုချင်တယ်။ ဒီလိုဖြစ်ဖို့က ကျေန်ာတို့ ပြည်သူလူထုအချင်းချင်းကော၊ အစိုးရနဲ့ လူထုကြားထဲမှာကော၊ ယုံကြည်မှုတွေ သိပ်ခိုင်မြဲဖို့ လိုပါတယ်။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာက လက်မှတ်ရေးထိုးရုံနဲ့ မပြီးဘူး၊ ကိုယ့်ဘက်ကေန လိုက်နာရမယ့် စည်းကမ်းတွေရှိတယ်။ ဘယ်လိုအချိန်မျိုးမှာ ယုံကြည်မှုက ကောင်းနေပြီလဲလို့ ပြောရင် ဥပမာ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ပြောလိုက်ရင် ကျေန်ာတို့ ကချင်လူမျိုးများကလည်း ဒါကိုယ့်နိုင်ငံပဲဆိုတဲ့ အသိ၊ ကရင်နီ၊ ရှမ်း စသဖြင့် ကျန်တဲ့ တိုင်းရင်းသားတွေအားလုံးက ဒါကိုယ့်နိုင်ငံပဲဆိုတဲ့ အသိ ကိန်းအောင်းလာတဲ့ အချိန်မှာတော့ ယုံကြည်မှုက ပြည့်စုံပြီလို့ ပြောလို့ရပါတယ်။ ဒီလိုအေခြအေနမျိုးရောက်အောင် အားလုံး ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ ကျေန်ာပြောချင်ပါတယ်။”

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။