Sunday, November 17, 2013

နမ်းလင်းပါကျေးရွာ အိမ်များ မီလောင်

(Kachin Waves)

နမ်လင်းပါကျေးရွာတွင် ယနေ့မနက် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့် မှ စတင်ပြီး အစိုးရနှင့် ကေအိုင်အို တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒေသခံများသည် ရွာပြင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယခုအချိန် နမ်လင်းပါကျေးရွာရှိ အိမ်များ မီးလောင်ကျွမ်းလျှက်ရှိကြောင်းသတင်းရရှိသည်။

နမ်းလင်းပါကျေးရွာတွင် ၁၃၀၀ ခန့်ရှိသည့် စစ်ဘေးဒုက္ခသည်စခန်းနှင့် ကျောင်သား ၈၀၀ ခန့်ရှိသည့် ကျောင်းဘော်ဒါဆောင်ရှိသည့် ကျေးရွာဖြစ်သည်။


“အစည်းဝေးတိုင်းလည်း အစိုးရတွေ ကိုပြောတယ် မုန်ဒိန်းပါ၊ ကောင်ဂျာ၊ နမ်လင်းပါ ကျေးရွာတွေကို မ၀င်ပေးဖို့။ ဖုန်းနဲ့လည်း ခနခနပြောတယ်။ မနေ့က လည်းပြောတယ်။ ဒါကို သူတို့က ၀င်လာလို့ ဒီလိုဖြစ်လာတာပါ။” ဟု ကေအိုင်အေ ဗိုလ်မှူးကြီး တစ်ဦးကဆိုသည်။

အစိုးရစစ်တပ်များသည် နိုဝင်ဘာ ၁၆ ရက်နေ့ က နမ်လင်းပါ စစ်ဘေးဒုက္ခသည်များအား ကူညီရန် သွားရောက်ခဲ့သည့် ဂရုဏအဖွဲ့၊ ဦးဖောင်လားဂမ်ရှောင်အဖွဲ့ နှင့် ရှမ်းတိုင်းရင်းသားများအဖွဲ့တို့၏ နောက် မှ လိုက်ပြီး လုံခြုံရေးယူပေးမည်ဟု ဆိုကာ နမ်လင်းပါကျေးရွာကို ညနေ ၄ နာရီခန့်က သေနတ်ကြီးများ ပစ်ခတ်ပြီး သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ မ၀င်ခင် ကေအိုင်အေမှလည်း လုံခြုံရေးလိုက်ပေးစရာမလိုကြောာင်း ဂရုဏမှ ဖာသာများပါရင် အဆင်ပြေပြီဖြစ်ကြောင်း ကြိုတင်ပြောထားပြီးသားဖြစ်ကြောင်းကိုလည်း သိရသည်။

အောတိုဘာ ဆွေးနွေးပွဲအပြီး လကုန်ပိုင်းတွင် အစိုးရတပ်မတော်မှ မုန်းဒိန်ပါကျေးရွာကို သေနတ်ကြီးများဖြင့် ပစ်ကာ ရွာထဲသို့ ၀င်ရောက်ခဲ့သည့် နောက်ပိုင်း တင်းမားမှုများဖြစ်လာကာ အခုလိုတိုက်ပွဲများပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။