Monday, November 25, 2013

ပြည်တွင်းစစ်ကို အဆုံးသတ်စေဖို့

Ven Ravika

တိုင်းရင်းသားတို့ရဲ့ အမျိုးသားလွတ်မြောက်ရေးတော်လှန်မှုကို အဆုံးသတ်ချင်ရင် လွတ်လပ်ရေးပေးပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံများအဖြစ် ထူထောင်ခွင့်ပြုခြင်းနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးပြီး ပြည်ထောင်စုဝင်ပြည်နယ်များအဖြစ် နေခွင့်ပြုခြင်း ဆိုတဲ့ (၂)နည်းထဲက တစ်နည်းကို ရွေးရွယ်ရမှာ ဖြစ်တယ်။ အဲဒီလိုထူထောင်ခြင်းမှာလည်း (၂)မျိုးရှိတယ်။ သွေးထွက်သံယိုရှိတဲ့ ဖြေရှင်းချက်နဲ့ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးပြီး ရလာတဲ့ ဖြေရှင်းချက် ဖြစ်တယ်။
လက်ရှိမြန်မာနိုင်ငံအနေအထားမှာ -


၁။ ပြည်မက ဗမာပြည်နယ်ဖွဲ့စည်းလိုခြင်းမရှိ၊ အခြားတိုင်းရင်းသားလူမျိုးများနဲ့လည်း တန်းတူမနေနိုင်ရင် ဗမာမပါတဲ့ သီးခြားပြည်ထောင်စုတစ်ခုကို ထူထောင်ခွင့်ပြုပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် အသ်အမှတ်ပြုခြင်းဖြစ်တယ်။

၂။ ပြည်မက ဗမာပြည်နယ်ဖွဲ့စည်းပြီး တန်းတူတဲ့ ပြည်နယ်များနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ကျင့်သုံးလိုရင် တိုင်းရင်းသားလူမျိုးများအားလုံးက ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ထူထောင်ကြခြင်းဖြစ်တယ်။

အထက်ဖော်ပြပါနည်း(၂)နည်းစလုံးကို မြန်မာတပ်မတော်က သဘောမတူခဲ့ရင် -

၁။ ဗမာမပါတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများက မြန်မာ့တပ်မတော်ကို ပြည်နယ်များကနေ တိုက်ထုတ်ပြီး လွတ်လပ်ရေးကျေညာရန် ဖြစ်တယ်။

၂။ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံးက စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် တိုက်ပွဲဝင်ခြင်းဖြစ်တယ်။

2008 ဖွဲ့စည်းပုံကို လက်ခံခိုင်းပြီး လက်နက်ချခိုင်းတဲ့နည်ဟာ ပြည်တွင်းစစ်ကို ပြီးစေမှာ မဟုတ်သေးဘူး။

1 comment:

  1. ပြည်ထောင်စုကနေမခွဲထွက်ကြပါနဲ့
    ပြည်ထောင်စုတပ်မတော်ဖွဲ့ကြပါ
    ပြည်နယ်အုပ်ချုပ်ရေးမှုးကိုကိုယ်တိုင်ရွေးကြပါ
    ဗမာပြည်နယ်ထူထောင်လို့လဲရတာပါပဲ
    စစ်ဖြစ်တာကတော့လုံးဝမလုပ်သင့်ဆုံးပါ
    လောဘလွန်ကဲလျှင်ပျက်စီးတတ်ပါသည်

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။