Thursday, November 28, 2013

အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် မူကြမ်း လက်ခံရန် အခက်အခဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) () ရက်တာ ဆွေးနွေးပွဲသည် အစိုးရ တင်ပြသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်မူကြမ်းအား လက်ခံနိုင်ရန် အခက်အခဲ ရှိကြောင်း ဆွေးနွေးရင်း ယနေ့ ပြီးဆုံး ခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ပြောခွင့်ရသူ အတွင်းရေးမှူး () ခွန်ဥက္ကာကဆိုပါသည်။

ဆွေးနွေးပွဲကိုတော့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က (Win Place Hotel) မှာ ()ရက်တာ ကျင်းပခဲ့ပါတယ်။ ပြီးတော့ လိုင်ဇာ ဆွေးနွေးပွဲရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးတယ်။ ပြီးတော့ တခြားအဖွဲ့ တွေနဲ့လည်း ဆက်လက်တင်ပြဖို့ အစီစဉ်ကိစ္စနဲ့ မြစ်ကြီးနား ဆုံးဖြတ်ချက်အရ ကရင်အမျိုးသား အစည်း အရုံး (KNU) နယ်ထဲမှာ ကျင်းပဖို့ရှိတဲ့ ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ ပွဲပါဘဲ။ဟုဆိုပါသည်။


အဓိကအားဖြင့် အပိုင်း()ပိုင်း ဆွေးနွေး ကြသည်ဟု ဆိုပါသည်။ အစိုးရ၏ သဘောတူညီချက် မူကြမ်းကို ဆွေးနွေးရာတွင် သုံးနှုန်းထားသော ဝေါဟာရများသည် လက်ခံနိုင်စရာ မရှိဟု ဆိုပါသည်။ ထို့အပြင် မပြီးပြတ် သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ သဘောတူညီချက် (၁၁)ချက် ကိုလည်း ဆက်လက် ဆွေးနွေးပြီး ဖြည့်စွက်ခဲ့ပြီး  အစိုးရနှင့်ဆွေးနွေးရမည့် နိုင်ငံရေး မူဘောင်ချမှတ်ရေး ကိစ္စများကို ညှိနှိုင်းခဲ့ကြ သည်ဟုဆိုပါသည်။

(NCCT) သည် (KNU) နယ်မြေထဲတွင် ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယကြိမ် ညီလာခံသို့ တင်ပြနိုင်ရန် ကျန်ရှိနေသေးသော တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း တွေ့ဆုံရန် ရှိပါသည်။ အထူးသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးကြရန် ရှိပါသည်။

(NCCT) ယနေ့ ပြီးဆုံးသွားသောဆွေးနွေးပွဲသည် UNFC အဖွဲ့ဝင်များနှင့်အဖွဲ့ဝင်မဟုတ်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားတင်ပြညှိနှိုင်းခဲ့ပြီးဆွေးနွေးပွဲသို့ကိုယ်းစားလှယ် (၂၀)ကျော်တက်ရောက်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT သည်ပြီးခဲ့သည့်အောက်တိုဘာလ (၃၀)မှနိုဝင်ဘာလ ()ရက်အထိကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာမြို့တွင်ပထမဆုံးအကြိမ်ကျင်းပသောလက်နက်ကိုင်တိုင်းရင်းသားများညီလာခံမှဖွဲ့စည်းပေးခဲ့သောအဖွဲ့ဖြစ်ပါသည်။

ဤအဖွဲ့သည်နိုဝင်ဘာ ()ရက်နေ့တွင်အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့လုပ်ငန်းကော်မီတီနှင့်ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအပါဝင်နိုင်ငံရေးဆွေးနွေးပွဲအတွက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အစိုးရတင်ပြသောအချက်အပေါ်ဆက်လက်ညှိနှိုင်းရန်ရှိနေသေးသည့်အတွက်တိုင်းရင်းလက်နက်ကိုင်အဖွဲ့များ၏ဒုတိယအကြိမ်ညီလာခံကို KNU နယ်မြေထဲတွင်ကျင်းပရန်ဆုံးဖြတ်ခဲ့ပါသည်။ယင်းညီလာခံမှချမျတ်သောဆုံးဖြတ်ချက်ဖြင့်အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့်ကရင်ပြည်နယ်ဖါးအံမြို့တွင်တွေ့ဆုံရန်သဘောထားခဲ့ပါသည်။
ဤကဲ့သို့ဆွေးနွေးနိုင်ရေးအတွက် NCCT သည် UNFC အပါဝင်အဖွဲ့ဝင်မဟုတ်သောတိုင်းရင်းလက်နက်ကိုင်များနှင့်လိုက်လံတင်ပြဆွေးနွေးနေခြင်းဖြစ်ပါသည်။ဤကြားထဲတွင်အစိုးရငြိမ်းချမ်းရေးအဖွဲ့မှဝန်ကြီးဦးအောင်မင်း၏ဖိတ်ကြားချက်အရ NCCT ခေါင်းဆောင်များသည်ရန်ကုန်မြို့သို့အလွတ်သဘောသွားရောက်လည်ပတ်ခဲ့ပြီးသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။