Thursday, November 21, 2013

ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး​မှာ ​လူ​ထု​ပါဝင်​ဖို့ ​ဗိုလ်​ချုပ်​ဂွမ်​မော်​တိုက်​တွန်း

(Mizzima)

စစ်​မှန်​တဲ့ ​ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး​ရ​ရှိ​ဖို့ ​အ​စိုး​ရ​နဲ့ ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင်​အ​ဖွဲ့​တွေ ​ဆွေး​နွေး​နေ​တဲ့ ​ငြိမ်း​ချမ်း​ရေး​လုပ်​ငန်း​စ​ဉ်​တွေ​မှာ ​ပြည်​သူ​လူ​ထု​ပါဝင်​မှု​က ​အ​ရေး​ကြီး​တယ်​လို့ ​ရန်​ကုန်​မှာ ​ရောက်​ရှိ​နေ​တဲ့ ​ကေ​အိုင်​အေ ​ဒု​တိ​ယ ​စစ်​ဦး​စီး​ချုပ် ​ဗိုလ်​ချုပ် ​ဂွမ်​မော်​က ​ပြော​ပါ​တယ်။

ဗိုလ်​ချုပ်​ဂွမ်​မော်​ဟာ   ​ရန်​ကုန်​မြို့​စမ်း​ချောင်း​မြို့​နယ် ​က​ချင်​နှစ်​ခြင်း​ခ​ရစ်​ယာန် ​အ​သင်း​တော်​မှာ   ​က​ချင်​လူ​ထု ​ကို​လက်​ခံ​တွေ​ဆုံ​ပြီး​    ​က​ချင်​ပြည်​နယ်​ရဲ့ ​လက်​ရှိ​အ​ခြေ​အ​နေ​တွေ​ကို  ​ရှင်း​လင်း​ပြော​ဆို​ရာ​မှာ  ​အ​စိုး​ရ​နဲ့​ငြိမ်း​ချမ်း​ရေး​ရ​ဖို့​  ​ပြည်​သူ​လူ​ထု​ထောက်​ခံ​မှု ​အ​ရေး​ပါ​ပုံ​ကို ​ခု​လို​ပြော​ကြား​သွား​တာ​ပါ။

 
“​ငြိမ်း​ချမ်း​ရေး ​ဖြစ်​စ​ဉ်​မှာ ​ပြည်​သူ​လူ​ထု​ပါဝင်​ဖို့ ​သိပ်​အ​ရေး​ကြီး​ပါ​တယ်။ ​ဒါ​ကြောင့် ​ကေ​အိုင်​အို ​အ​နေ​နဲ့​က ​ငြိမ်း​ရေး​ဖြစ်​စ​ဉ်​မှာ ​အ​ဓိ​က​ထား​ပြီး​ပြော​နေ​ပါ​တယ်။ ​ငြိမ်း​ချမ်း​ရေး ​ဖြစ်​စ​ဉ်​လို့ ​ပြော​လိုက်​လို့​ရှိ​ရင် ​လူ​ထု​ရဲ့ ​ပါဝင်​မှု ​အ​ခန်း​က​ဏ္ဍ​တွေ​ပါ​လာ​မယ်။ ​လူ​ထု​က​နေ ​ထောက်​ခံ​မှ​သာ​လျှင် ​အ​စိုး​ရ​နဲ့ ​အ​ဖွဲ့​အ​စည်း​တွေ ​စု​ပေါင်း​တဲ့ ​ငြိမ်း​ချမ်း​ရေး ​ဖြစ်​စ​ဉ်​က ​ဖြစ်​လာ​မှာ​ပါ။ ​ဒါ​ကြောင့်​မို့ ​သိပ်​အ​ရေး​ကြီး​ပါ​တယ်။ ​တ​နိုင်​ငံ​လုံး​အ​ပစ်​အ​ခတ်​ရပ်​စဲ​ရေး​ကို ​ခိုင်​ခိုင်​မာ​မာ​နဲ့ ​လုပ်​ဆောင်​ပြီး​တော့ ​နိုင်​ငံ​ရေး ​ရည်​မှန်း​ချက်​အ​တိုင်း ​နိုင်​ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေ ​လုပ်​နိုင်​ဖို့​အ​တွက် ​ကြိုး​စား​နေ​ပါ​တယ်။”

အဲ့​ဒီ​တွေ့​ဆုံ​ပွဲ​မှာ  ​ရန်​ကုန်​ရောက် ​က​ချင်​ပြည်​သူ ၅၀၀ ​လောက်  ​တက်​ရောက်​ခဲ့​ပြီး ​ဗိုလ်​ချုပ် ​ဂွမ်​မော်​က ​က​ချင်​ပြည်​သူ​တွေ​မေး​မြန်း​တဲ့ ​ဖက်​ဒ​ရယ်​ပြည်​ထောင်​စု​အ​ရေး​၊  ​ပ​ညာ​ရေး​၊ ​လူ​မှု​ရေး​တွေ​အ​ပြင် ​က​ချင်​ပြည်​နယ်​က  ​မူး​ယစ်​ဆေး​၀ါး​ပြ​သ​နာ ​အ​ကြောင်း​တွေ​ပါ ​ပြန်​လည်​ဖြေ​ကြား​ခဲ့​ပါ​တယ်။

ဒီ​တွေ့​ဆုံ​ပွဲ​ကို​တက်​ရောက်​လာ​တဲ့ ​က​ချင်​လူ​ငယ်​တ​ဦး​ဖြစ်​သူ  ​ဒွဲ​ဆိုင်​က ​ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး ​လုပ်​ငန်း​တွေ​မှာ  ​က​ချင် ​လူ​ငယ်​တစ်​ယောက်​အ​နေ​နဲ့​  ​ကူ​ညီ​ဆောင်​ရွက်​ပေး​လို​တယ်​လို့ ​ပြော​ပါ​တယ်။

“​လိုင်​ဇာ ​ညီ​လာ​ခံ​မှာ ​ဘာ​တွေ​လုပ်​ခဲ့​တယ်။ ​တိုင်း​ရင်း​သား​အ​ကုန်​လုံး​ရဲ့ ​သ​ဘော​တူ​ညီ​ချက်​က ​ဘယ်​လို ​အ​နေ​အ​ထား​ရှိ​တယ်။ ​အ​စိုး​ရ​နဲ့ ​ဘယ်​လိုေ​ရှ့​ဆက်​သွား​မယ် ​ဆို​တဲ့​အ​ကြောင်း​တွေ​ကို ​ပြည်​သူ​လူ​ထု​ကို ​တိ​တိ​ကျ​ကျ ​အ​သေး​စိတ် ​ရှင်း​ရှင်း​လင်း​လင်း ​ချ​ပြ​တဲ့​အ​တွက် ​ပြည်​သူ​တ​ယောက်​အ​နေ​နဲ့ ​ကြား​ရ ​သိ​ရ​တာ ၀မ်း​သား​တယ် ​အား​တက်​တယ်။ ​တက်​နိုင်​တဲ့ ​ဘက်​က​လည်း ​အ​ကူ​အ​ညီ​ပေး​သွား​မယ်။”

က​ချင် ​ငြိမ်း​ချမ်း​ရေး​ကွန်​ယက်​က  ​ဒေါ်​ခွန်​ဂျာ​က​တော့​  ​ကေ​အိုင်​အေ ​ဗိုလ်​ချုပ်​ပြော​သွာ​တာ​တွေ​ဟာ ​က​ချင်​ပြည်​သူ​တွေ​အ​တွက်​မျှော်​လင့်​ချက်​တွေ​ဖြစ်​ပြီး ​အ​စို​ရ​အ​နေ​နဲ့​ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး​လုပ်​ငန်း​စ​ဉ်​တွေ​ကို ​မှန်​ကန်​စွာ​လုပ်​ဆောင်​သွား​ဖို့​လို​တယ်​လို့ ​ပြော​ပါ​တယ်။

ဗိုလ်​ချုပ်​ဂွမ်​မော်​ဟာ  ​မ​ကြာ​သေး​ခင်​က​မှ ​ဖွဲ့​စည်း​ခဲ့​တဲ့​   ​တ​နိုင်​ငံ​လုံး ​အ​တိုင်း​အ​တာ ​အ​ပစ်​အ​ခတ် ​ရပ်​စဲ​ရေး​ဆိုင်​ရာ  ​ညှိ​နှိုင်း​ရေး ​ကော်​မ​တီ  ​အ​နေ​နဲ့ ​ရန်​ကုန်​ကို ​လာ​ရောက်​တာ​လည်း ​ဖြစ်​ပြီး​  ​မ​ကြာ​မီ ​ထိုင်း​နိုင်​ငံ ​ချင်း​မိုင်​မြို့​မှာ ​ပြု​လုပ်​မယ့်​  ​တိုင်း​ရင်း​သား​လက်​နက်​ကိုင်​အ​ဖွဲ့​တွေ​နဲ့​  ​နိုင်​ငံ​ရေး​ပါ​တီ​တွေ​ရဲ့ ​တွေ့​ဆုံ​ပွဲ​ကို​လည်း ​သွား​ရောက်​ဖို့​လည်း ​ရှိ​နေ​ပါ​တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။