Friday, November 15, 2013

ခမရ (၂၈၆) တပ်များ ဖားကန့်လမ်းတွင် အတင်းအဓမ္မငွေတောင်း

(Jinghpawkasa)

ကချင်ပြည်နယ် မိုးကောင်း ဖားကန့် လမ်းပေါ်ရှိ နန့်ဟိုင် ရွာတွင် စခန်း ချနေသော အစိုးရ စစ်တပ် ခမရ (၂၈၆) တပ်ရင်း တို့သည် ဖားကန့်မှ အပြန် ဆိုင်ကယ်၊ မော်တော်ကား များကို စစ်ဆေးပြီး အဓမ္မငွေတောင်း ယူ နေကြကြောင်း၊ ငွေ မပေးနိုင်ပါက ဥပဒေ အရ အရေးယူခြင်း၊ ရဲလက်ထဲ အပ်နှံခြင်း လည်း မပြုလုပ်ပဲ ဖမ်းဆီး ထားပြီး ငွေနှင့်လာရွေးစေခြင်း များ ပြုလုပ်နေကြောင်း သိရသည်။

ကျောက်စိမ်း သယ်ဆောင်၍ ဖမ်းမိသောသူများမှာ ငွေအရင်းအနှီးမရှိ၍ အောက်ကျောက် ဟုခေါ်သော တန်ဖိုးနည်းကျောက်များဖြင့် စားဝတ်နေရေး ဖြေရှင်းသူများသာ ဖြစ်ကြောင်း၊ အနည်းအကျဉ်း ဟင်းဖိုးငွေလောက် တောင်းခံလျင်ပေး နိုင်ပေမဲ့ သယ်ဆောင်လာသော ကျောက်တန်ဖိုးထက်ပင် ကြီးသော ငွေပမာဏကို တောင်းခံ နေကြကြောင်း၊ မပေးလျှင်မိမိသာ ဒုက္ခရောက်မည်စိုး၍ ချေးဌား၍ ပေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဖိုးချစ်ကုန်း ရပ်ကွက်မှ ဆိုင်ကယ်ကယ်ရီသမား ကိုထင်အောင်၏ ပြောပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။