Monday, November 18, 2013

အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲ ထပ်ဖြစ်

(BBC)

တနိုင်ငံ လုံး အပစ်ရပ်ရေး အတွက် တွေ့ဆုံဆွေးနွေး တဲ့ မြစ်ကြီးနား ဆွေးနွေး ပွဲ ပြီးစီး လို့ သီတင်း နှစ်ပတ် ပင် မပြည့်မီ၊ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့ ဝင် တွေ အကြား နိုဝင်္ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့ မနက် က စလို့ ညနေပိုင်း အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်

ကချင်ပြည်နယ်၊ မန်စီ မြို့နယ် အတွင်းရှိ နမ့်လင်းပါရွာ အတွင်း ကို ၇ မိုင်အကွာ ရှိ မုန်းဒိန်းပါ ဘက်မှ အစိုးရ စစ်ကြောင်း ဝင်ရောက်လာခဲ့တာပါ။ ရွာထဲမှာ စစ်ပြေး ဒုက္ခသည်တွေ၊ ကျောင်းသူ ကျောင်းသားတွေ နဲ့ ကျေးရွာ လူထု ရာနဲ့ချီ ရှိခဲ့တဲ့ အတွက် တိုက်ပွဲ က တိမ်းရှောင်ရအောင်၊ တောင်ကျော် ၊ တောဖြတ် ပြေးကြရပုံ ကို ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁၂ မှ၊ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင် က ဘီဘီစီ ကို ပြောပါတယ်။


အခုလို နမ့်လင်းပါရွာ က စစ်ပြေးဒုက္ခသည် တွေ အနက် ကလေးမိခင် တွေ နဲ့ ကလေးတွေ၊ လမ်းမလျှောက်နိင်တဲ့ အဖိုးအို၊ အဖွားအို တွေဟာ၊ မိုင် ၅ဝ အကွာရှိ ဗန်းမော်မြို့ဖက် ရောက်လာတဲ့ အကြောင်း၊ သူတို့စားရေး သောက်ရေး အတွက် ဘာသာရေး အသင်းအဖွဲ့ တွေ က ကြိုဆို စောင့်ရှောက် ဖို့ စီစဉ်နေကြောင်း ဗန်းမော်ခရီုင် ကချင်နှစ်ချင်း ခရစ်ယန် အသင်းတော်များ အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဆရာ တူးဂျာ က ဘီဘီစီ ကို ရှင်းပြပါတယ်။

တောင်ပေါ်တက်ပြေးတဲ့ စစ်ပြေးဒုက္ခသည်တွေ ကတော့၊ လမ်းခရီးမှာ နားခိုစရာ ရွာ တွေ မရှိတော့တဲ့ အတွက် စိုးရိမ်စရာ ကောင်းပုံ၊ NGO တွေ လည်း သွားဖို့ မလွယ်ပုံ လည်း ဆရာ တူးဂျာ က ပြောပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။