Monday, November 4, 2013

ကချင်တွင် မတရားအသင်းနှင့်ဖောက်ခွဲမှု ဥပဒေ များဖြင့် တရားစွဲ ထောင်ချခံရသူများ

(DVB)

ကချင်ပြည်နယ် အတွင်းမှာ မတရား အသင်းဆက်သွယ်မှု ဥပေဒနဲ့ ဖောက်ခွဲမှု ဥပေဒေတွနဲ့ တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေ ရှိနေတယ်လို့ ဥပဒေ အထေက်အကူပြု ကွန်ရက် က ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာလည်း မြစ်ကြီးနားခရိုင်နဲ့ မြို့နယ် တရားရုံးတွေမှာ မတရား အသင်းနဲ့ ဆက်သွယ်မှု၊ ဖောက်ခွဲမှု ပုဒ်မ တွေနဲ့ တရားစွဲဆိုခံထားရတဲ့သူ ၆ ဦးကို စီရင်ချက် ချမှတ်ဖို့ ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒီပုဒ်မေတွနဲ့ စွဲဆိုထောင်ဒဏ်ချမှတ်ခံထားရသူတွေဟာ အေယာက် ၃၀ အထက်မှာ ရှိနေတယ်လို့ ဥပေဒ  အထောက်အကူပြုကွန်ရက်က ရှေ့နေ ဦးမာခါးက ပြောပါတယ်။


၂၀၁၂ ခုနှစ် ဇွန်လမှာ စတင်ပြီး မြစ်ကြီးနားခရိုင်နဲ့ မြို့နယ်ရုံးတွေက တရားစွဲဆိုထားတာဖြစ်ပြီး စွဲဆိုခံထားရသူ ၆ ဦးမှာ ၄ ဦးဟာ သူ့အမှုသည် ဒုက္ခသည်တွေ ဖြစ်တယ်လို့ ဦးမာခါးက ရှင်းပြပါတယ်။
ဒါဟာ ဥပေဒအရ မဖြစ်သင့်တဲ့ ကိစ္စတခု ဖြစ်တယ်လို့ ဦးမာခါးက အခုလို ပြောပါတယ်။

“အခုက ဥပေဒအတိုင်း ဆောင်ရွက်တယ်ဆိုရင်တော့ ကိစ္စ မရှိဘူး။ တချို့က ဥပမာ ၁၇ (၁) တွေ ပယ်ဖျက်ပေးဖို့ ဘာညာ ပြောတာပေါ့နော်။ ကျေန်ာက ၁၇ (၁) ပယ်ဖျက်တာ မပယ်ဖျက်ဘူးဆိုတာထက် အခုလို အစိုးရဘက်ကေန လူထုကို မတရား ဥပေဒမဲ့လုပ်နေတာက ပိုစိုးတယ်လို့ ကျေန်ာမြင်တာပေါ့နော်။ ဥပေဒမဲ့ဆိုတာက တကယ်လည်း ပြစ်မှု ကျူးလွန်မှု မရှိတဲ့ သူတွေကို သူတို့တို့က နိုင်ငံရေးအရ မတရားဖမ်းဆီးပြီးမှ ဥပမာ တကယ်လည်း ဒီလူတွေက မလုပ်ဘူးဆိုတာ သိရဲ့သားနဲ့ ဒီလူတွေကို မတရား လူ့အခွင့်အေရးချိုးပေါက်ပြီး ဖမ်းဆီးထောင်ချေနတဲ့ လုပ်ရပ်တွေက တကယ့်ကို အခွင့်အေရးချိုးဖောက်မှုက အစိုးရွားဆုံး အေခြအေနလို့ ကျေန်ာမြင်တာပေါ့နော်။ အခုပေါက်ကွဲမှုတွေဆိုရင် ထောင်ဒဏ် နှစ်ကြီးတွေ ချမှတ်နိုင်တယ်။ ဘုရားကြီးမှာဖြစ်တဲ့ အမှုဆိုရင် ဘာမှ သက်သေခံအေထာက်အထားလည်း မရှိဘူး။ ဘာမှ အပြစ်ပေးနိုင်တဲ့ အေခြအေနမရှိဘဲနဲ့ ဒီလိုအပစ်ပေးနေတဲ့ ကိစ္စေတွ တကယ်ကို ဘာမှ မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့ ထောင်ချတဲ့ကိစ္စေတွ ရှိနေတယ်။”

မတရားအသင်းနဲ့ ဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ် ၇ နှစ်နဲ့ အောက်ချမှတ်လို့ရသလို ဖောက်ခွဲမှုကေတာ့ ထောင်ဒဏ် ၇ နှစ်ကေန တသက်တကျွန်းထိ ချမှတ်ခံရနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

အရင်ကလည်း ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှာနေထိုင်ခဲ့တဲ့ လေထ်ာဘရန်ရှောင်ကို ကချင်လွတ်လပ်ရေးတပ်မေတ်ာက အရာရှိအဖြစ် စွပ်စွဲပြီး မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ဖမ်းဆီးထားစဉ်မှာလည်း နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့တယ်လို့ လေထ်ာဘရန်ရှောင်က ပြောဆိုခဲ့ဖူးပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။