Tuesday, November 5, 2013

ဦးလှ မောင်ရွှေ ပြောသည့် သမိုင်းဝင်မည့် မြစ်ကြီးနား ဆွေးနွေးပွဲ

(ရွှေဟင်္သာသတင်းဌာန)



ဒီကနေ့ နိုဝင်ဘာလ (၄) ရက်နေ့ မနက် (၁၀း၀၀) နာရီမှာ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းက မဂျွယ် ခန်းမမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်/ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ” “ Dialogue Between Union Peace- Making Work Committee and Ethnic Armed Organizations " ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စတင် ခဲ့ပါပြီ။

၁၉၄၈ လွတ်လပ်ရေး ရပြီး ကတည်းက မြန်မာ့ သမိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့နှင့် ပြည်ထောင်စ အစိုးရ ကိုယ်စားလှယ်တို့ပထမ ဦးဆုံးသော တွေ့ဆုံ ပွဲပါ။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲက (၁) ALP ၊ (၂) ANC/AA** ၊ (၃) CNF ၊ (၄) DKBA ၊ (၅) KIO** ၊ (၆) KNU ၊ (၇) KNU – Peace Council ၊ (၈) KNPP ၊ (၉) NMSP ၊ (၁၀) LDU ၊ (၁၁) PSLF** (၁၂) PNLO ၊ (၁၃) RCSS/SSA ၊ (၁၄) SSPP ၊ (၁၅) WNO* ၊ (၁၆) UNFC တို့၏ခေါင်းဆောင်များ/ ကိုယ်စား လှယ်များ (၆၀) ဦးခန့် တက်ရောက် ခဲ့ကြ ပါတယ်။


ပြည်ထောင်စု ဘက်က အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ငိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ အဖြစ်၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့ လွှတ်တော်၊အမျိုးသား လွှတ်တော်မှ ကိုယ်စားလှယ် (၄) ဦး၊ ကချင် ပြည်နယ် အစိုးရ အဖွဲ့မှ ဗိုလ်မှူးကြီး သန်းအောင်နှင့် MPC အဖွဲ့သားများ တက်ရောက် ခဲ့ပါတယ်။


(** )
ပြထားတာတွေကဆွေးနွေးနေဆဲဖြစ်ပြီး၊ (*) ပြထား တာတွေကတော့ ဆွေးနွေးဖက် အဖြစ် မရှိသေး ပါဘူး။


ကျနော့် နားလည်မှု ကတော့ Political Dialogue ကျရင် ပါဝင်သင့် ပါဝင် ထိုက်တဲ့ Stakeholder များ ပါဝင် မယ်လို့ ယုံကြည် ပါတယ်။ အပစ်အခတ် ရပ်ပြီး ဖြစ်တဲ့ UWSA NDAA ABSDF နှင့် နာဂ အဖွဲ့တွေ ကတော့ မတက်ရောက် နိုင်သေး ပါဘူး။

မနက်ပိုင်း အစည်း အဝေးမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဖက်က (၅) ဦး၊ တိုင်းရင်းသား ခေါင်းဆောင် ဖက်က (၁၂) ဦး စကားပြော ကြပါတယ်။အသက် (၈၃) နှစ် ရှိပြီး၊ တော်လှန်ရေးသက် အနှစ် (၆၀) ကျော် ရှိပြီ ဖြစ်တဲ့ KNU ဥက္ကဌ စောမူတူး ဆေးဖိုးက အခုလို အနေအထားမျိုး ရောက်လာတာ အများကြီး အားတက် ဝမ်းသာတယ်။ စစ်မြေ ပြင်မှာ ဖြေရှင်းလို့ ဘယ်တော့မှ မပြီးဘူး၊ ဘယ်တော့မှ ဘယ်သူ့ကို ဘယ်သူမှ မနိုင်ဘူး။ စားပွဲဝိုင်း မှာပဲဖြေရှင်း နိုင်ကြ မယ်လို့ ယုံကြည်တယ်။ သူ့အနေနဲ့ ကောက်ကျစ် စဉ်းလဲတဲ့ သဘော သဘာဝနဲ့ ဆောင်ရွက်မှာ မဟုတ်ဘူး၊ ဒါကို သမ္မတ ကြီးနဲ့ တပ်ချုပ် တို့ကိုလည်း ရှင်းပြ ခဲ့တယ်လို့ ပြောပါတယ်။


ကျနော့် အနေနဲ့တော့ ၂နှစ်တာ ကာလ အတွင်း တစ်ဖွဲ့ချင်း ဆွေးနွေးရတာ တော်တော် ခက်ခဲ ခဲ့တာ၊ ၁၆ ဖွဲ့ - ၁၇ ဖွဲ့ ပေါင်းပြီး ဆွေးနွေး ရတာ ပိုပြီး ခက်ခဲ ပါလိမ့် မယ်လို့ မြင်ပါတယ်။ဒါပေမဲ့ ကျနော်တို့ ဆက်ပြီး ဆွေးနွေး ရပါ လိမ့်မယ်။ တစ်နေ ရာရာမှာ dead lock မဖြစ်စေဘို့ နိုင်ငံသား တစ်ဦး အနေနဲ့ ဆန္ဒပြု ပါတယ်။

***ဖော်ပြပါ အကြောင်းအရာအား ဦးလှမောင်ရွှေ၏ Facebook စာမျက်နှာမှ ကူးယူ ဖော်ပြ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။