Friday, November 15, 2013

(၇)နှစ် အရွယ် ကချင်ကျောင်းသူလေး အား မြန်မာ့ တပ်မတော်သား တစ်ဦး မုဒိမ်းကျင့်

(Lachid Kachin)


ရှမ်းပြည် နယ်မြောက် ပိုင်း ၊ သိန္နီမြို့ အနီးရှိ ရေပူရွာ ရှိ အဖ ဦး... နှင့် အမိ ဒေါ်... တို့ သည် (၁၁.၁၁.၂၀၁၃) ရက်နေ့ နံနက် (၈)နာရီခန့် တွင်(၇) နှစ် အရွယ် သမီး မ...နှင့်  သမီး ငယ်(၆) လ တို့ (၂) ယောက် အား အိမ်တွင် ထားခဲ့ ပြီး တောင်ယာ သို့ သွား ကြရာ သိန္နီ အခြေစိုက် မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-၃၂၃) တပ်မှ စစ်သား မောင်ဝင်းထွေး (ကိုယ်ပိုင် အမှတ်-တ/၃၃၇၀၇၆) သည် ကလေးမလေး (၂)ဦး ရှိရာ အိမ်သို့ ရောက်ရှိ လာပြီး ကလေး မလေး နှစ်ဦး အား အိပ်ခန်းထဲသို့ ပွေ့ချီ သွားကာ အငယ်မ အားဘေးတွင် ချထားပြီး အကြီးမ မ.... အသက်(၇)နှစ် ၀တ်ဆင် ထားသောဘောင်းဘီအား ချွတ် ခိုင်းပြီး မုဒိမ်းကျင့် ခဲ့ကြောင်း ၊ မ...မှ အနီး ပတ်ဝန်းကျင် သို့ အဖွား... အမေ... ဟု အော်ဟစ် အကူ အညီ တောင်းသောကြောင့် ၄င်းစစ်သား မှ ကလေးမ အား ပါး (၂)ချက် ရိုက်ခဲ့ ကြောင်း ကလေး မလေး မ... ၏ပြောပြချက် အရသိရှိရပါသည်။

ဤဖြစ်စဉ်အား အိမ်နီးနားချင်းများမှ မိဘများထံ သွားရောက် ပြောပြရာ မိဘများ သည် နေ့လည် (၁၂း၀၀) ခန့်တွင်အိမ်သို့ ပြန်လည်ရောက်ရှိလာပြီး အိမ်နီးနားချင်းများနှင့်အတူ ၄င်းစစ်သားအား လိုက်လံ စုံစမ်းရှာဖွေကြရာ ညနေ (၆)နာရီအချိန် ခန့် တွင် ၄င်းစစ်သားအား ကောင်းဆာရွာတွင် ဖမ်းဆီးနိုင်ခဲ့ပြီး သိန္နီမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ ညနေ (၇)နာရီအချိန်တွင် သိန္နီနယ်ထိန်းရဲများမှာ ရဲစခန်းသို့ လာရောက် ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

၎င်းစစ်သားသည် သိန္နီအခြေစိုက် (ခ.မ.ရ-၃၂၃) တပ်မှ တပ်သား မောင်ဝင်းထွေး (ကိုယ်ပိုင်အမှတ်- တ/၃၃၇၀၇၆) ဆိုသူ ဖြစ်ကြောင်း သိရှိရပါသည်။

ယခုအခါ ဤအမှုအား တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးရန်အတွက် သိန္နီမြို့ ရဲစခန်းမှုးသို့ မ...၏ မိဘ နှင့် ဆွေမျိုးများမှ အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။


An 8-Year-Old Girl Raped By a Burmese Army Private 

By KLN
Tuesday, November 12, 2013

An 8-year-old Kachin girl, daughter of Hpauje Brang Awng and Jangmaw Roi Bu, was raped by a Burmese army soldier from 323rd Light Infantry Regiment under Theinni-based 16th Military Operations Command (MOC-16) at Hka Lum village (Theinni Ye Pu San), located about 7 miles from Theinni on Lashio-Muse road, in northern Shan State on Nov 11. The soldier who committed this heinous crime has been identified as private Win Htwe (Personal No. 337076).

The soldier went into the girl’s house around noon while she babysat her younger siblings and sexually assaulted her. The girl was later taken by her parents to a local clinic in Jamlau village.

Private Win Htwe was brought back to his base. Despite civilian calls to stop attacks against local population in current war, Burmese army soldiers continue to commit heinous crimes such as sex abuse, torture and killings with impunity.

http://kachinlandnews.com/?p=23986

 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။