Friday, October 25, 2013

Nationwide ceasefire ဆိုတဲ့ ခေါင်းစဉ်ဟာ ကြက်ဆူပင် စိုက်ခင်းပြပွဲနဲ့ တူတယ်။

(Kachin Duwa)

ကေအိုင်အေ ကို စပြီး ထိုးစစ်ဆင်လာတဲ့ ၂၀၁၁ ခုနှစ်မှာ ကေအိုင်အေ တောင်းဆိုတာက တနိုင်ငံလုံး အပစ်အခတ်ရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီတုန်းကတော့ သမ္မတကိုယ်တိုင် အင်ဒိုနီးရှားမှာ ပြောသွားတာက အားလုံးရဲ့ သဘောထားလဲ မတူဘူး တဖွဲ့ချင်းနဲ့ပဲ အပစ်ရပ် ဆွေးနွေးမယ် လို့ ဆိုလာတယ်။ တကယ် အပစ်ရပ် ဖို့ တောင်းဆိုခဲ့တာပါ။

အခုတော့ ရှေ့တန်းမှာ ထိုးစစ်ဆင်နေရင်း တန်းလန်း တနိုင်ငံလုံး အပစ်အခတ်ရပ်ဖို့ လက်မှတ်ထိုးပွဲ၊ ပြပွဲကြီး လုပ်မယ် ဆိုပြီးတော့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေကို ပြန်ထိုးခိုင်းလာတယ်။ မွန်ခေါင်းဆောင် နိုင်ဟန်သာ ပြောတာက... ကျနော်တို့ ထိုးပြီးသား အဖွဲ့တွေ ဘာဖြစ်လို့ ထပ်ထိုးရမှာလဲ လို့ မေးခဲ့တော့ သူတို့ ဘာမှ တိတိကျကျ မဖြေဘူး... လို့ ပြောပါတယ်။


ဒီဗီဘီ ဆွေးနွေးခန်းမှာ ကျတော့ အဲဒီ လက်မှတ်ထိုးပွဲကြီးကို ဦးဆောင်မဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာက လူကြီးက သူတို့မှာ စစ်တပ်နဲ့ ပတ်သက်ပြီး ဘာမှ လုပ်ပိုင်ခွင့်... ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ တပ်မတော်မှာ သူတို့မူ ရှိပါလိမ့်မယ် လို့ ပြောပြန်တယ်....

ဒါပေမယ့် အင်္ဂလိပ်လို Nationwide Ceasefire ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ လက်မှတ်ထိုးပွဲကြီး လုပ်ပြီးသွားရင် နိုင်ငံတကာမီဒီယာ တွေမှာ တော်တော်လဲ ရေပန်းစားလာမဲ့ ၀ ကွက်ကြီး ဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။ အလှူရှင် နိုင်ငံတွေရဲ့ အကြိုက်လဲ ဟုတ်နေပြန်တယ်။

ဒီတော့...

ကြက်ဆူ ပင် စိုက်ခင်းတွေကို ပြန်သတိရလာ သလိုပဲ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။