Thursday, October 10, 2013

သရက်ထောင်တွင် အကျဉ်းကျနေသော KIA မှ ဒု-အရာခံဗိုလ် ကွယ်လွန်

(Mizzima)

သရက်အကျဉ်းထောင်တွင် အကျဉ်းကျနေသော ကချင်လွတ်မြောက်ရေးတပ်မတော် "ဒု-အရာခံဗိုလ် နော်ဆန်း(ခ)
လဘန်နော်ဆိုင်း (ဘ) ဦးဘရန်အောင်"သည် အောက်တိုဘာလ ၁၀ရက် နံနက် ၄နာရီ ၁၅မိနစ်အချိန်တွင် သရက်မြို့ ပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP-B မှ ထုတ်ပြန်လိုက်သည်။

KIAမှ ဒု-အရာခံဗိုလ် နော်ဆန်းသည် ပြစ်ဒဏ် (၁၉) နှစ်ကျခဲ့သည်။ သို့သော် ပြစ်ဒဏ်ကျခဲ့သည့်ပုဒ်မ မည်သည့် ခုနှစ်တွင် ပြစ်ဒဏ်ကျသည်ကိုမူ မဇ္ဈိမက စုံစမ်းနိုင်ခြင်း မရှိသေးပေ။


APP-B အနေဖြင့် ကိုနော်ဆန်း သရက်အကျဉ်းထောင်တွင် ရှိနေသည်ဟု ကြားသိကတည်းက လွတ်မြောက်ရန်
ကြိုးစားခဲ့ကြောင်း မလွတ်မြောက်မီ ကွယ်လွန်ခြင်းအား ဝမ်းနည်းမိပါကြောင်း AAPP-B ၏ ဖေ့စ်ဘုတ်စာမျက်နှာ
တွင် ရေးသားထားသည်။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။