Monday, October 7, 2013

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မြစ်ကြီးနားတွင် မျက်နှာစုံညီရောက်ပြီ

(DVB)

အောက်တိုဘာ ၈ ရက်နေ့မှာ ပြန်လည် စတင်မယ့် အစိုးရနဲ့ ကေအိုင်အိုတို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ကုလသမဂ္ဂ လေ့လာသူတွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကချင်ပြည်နယ် မြို့တော်  မြစ်ကြီးနားမြို့ကို ရောက်ရှိနေကြပါ တယ်။

ပြီးခဲ့တဲ့မေလက ဆွေးနွေးပွဲပြီးကတည်းက ရှေ့မဆက်နိုင်ဖြစ်နေတဲ့ အစိုးရနဲ့ ကချင်လွတ် မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို အောက်တို ဘာလ ၈ ရက်နေ့ကေန ၁၀ ရက်နေ့အထိ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။


ဒီဆွေးနွေးပွဲမှာ  သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ကေအိုင်အိုအဖွဲ့   တို့ အပစ်ခတ်ရပ်စဲရေး သေဘာတူညီချက်ရဖို့ ဦးတည်ဆွေးနွေးကြမှာပါ။

အခုတကြိမ်ဆွေးနွေးပွဲအတွင်း အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဦးမှာ မဟုတ်ဘူးလို့ ကေအိုင်အို ငြိမ်းချမ်းရေး အလုပ်အဖွဲ့ရဲ့ ပြောခွင့်ရသူ  ဦးဒေါင်ခါးက ပြောပါတယ်။

“ဒီတကြိမ်တော့ ဖြစ်နိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် အစိုးရရဲ့ proposal ပေါ့နော် စေ့စပ်ညှိနှိုင်းရေးမှာ သူတို့အေနနဲ့ လူထုကိုရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုရော အနာဂတ်အစီအစဉ်တွေကို ဘယ်လောက်အထိ ရှင်းရှင်းလင်းလင်း ရှိထားသလဲဆိုတာ လိုပါတယ်။”

ဒီဆွေးနွေးပွဲမှာ လေ့လာသူအေနနဲ့ ကုလသမဂ္ဂအေထွေထွ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်မစ္စတာ Vijay Nambiar တက်ရောက်မှာဖြစ်သလို တရုတ်သံတမန်အဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ စတဲ့လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့လည်း တက်ရောက်ဖို့ မြစ်ကြီးနားကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းက တိုင်းရင်းသားပါတီ ၉ ခု ဖိတ်ကြားထားပြီး သလို လွှတ်တော်အမတ် ၄ ဦးနဲ့ မြို့မိမြို့ဖေတွကိုလည်း ဒီဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ကေအိုင်အို အလုပ်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။