Wednesday, October 30, 2013

တပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲစတင်

(DVB)

အစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ စုဝေးပြီး တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသေဘာထားတရပ် ရရှိဖို့အတွက် ၃ ရက်ကြာဆွေးနွေးပွဲကို ဒီနေ့ စတင်လိုက်ပါတယ်။

ဒီဆွေးနွေးပွဲဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လာမယ့် နိုဝင်ဘာလကျရင် သေဘာတူ လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ဘုံသဘောထားရဖို့ ဖြစ်ပါတယ်။


ဒီ ကွန်ဖရင့်ရဲ့ အကျိုးဆောင်လည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ အေထွေထွအတွင်းရေးမှူး နိုင်ဟံသာက ဖတ်ကြားတဲ့ ဆွေးနွေးပွဲ အစီအစဉ်ထဲမှာ “တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့လိုက် အမြင်သေဘာထား သုံးသပ်တင်ပြခြင်း၊ ယူအန်အက်ဖ်စီက ချမှတ်ထားတဲ့ ဘုံသေဘာထားကို ရှင်းလင်းတင်ပြ ချမှတ်ခြင်း၊ အစိုးရက ပေးပို့ထားတဲ့ လက်မှတ်ရေးထိုးရန် သေဘာထားစာတမ်းမူကြမ်းကို သုံးသပ်ခြင်း၊ သေဘာထား ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကိစ္စကို ကေအန်ယူ၊ အာရ်စီအက်စ်အက်စ်နဲ့
အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့အေပါ် ရှင်းလင်းတင်ပြခြင်း” စတာတွေ ပါရှိပါတယ်။

ဒီ ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းခရားက နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် ဒီကွန်ဖရင့်ကို ကျင်းပတာပါလို့ သဘာပတိမိန့်ခွန်းမှာ ပြောပါတယ်။

“ကွန်ဖရင့် ကျင်းပရခြင်း ရည်ရွယ်ချက်ဟာ နိုင်ငံရေးဆွေးနွေးမှုများ ကျင်းပနိုင်ရန်  အစပြုသည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဖြစ်ပါတယ်။ ဒီနေ့ စတင်ကျင်းပေသာကွန်ဖရင့်တွင် တိုင်းရင်းသားများရဲ့ လိုလားချက်များနဲ့ အမြင်သေဘာထားများကို စုစည်းကာဆွေးနွေးခြင်းဖြင့် တူညီသော သေဘာတူညီချက်များ ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ပါတယ်။ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှာ အေတွ့အကြုံပေါင်းများစွာ ရရှိပြီးဖြစ်သည်သာမက သက်ဆိုင်ရာ တိုင်းရင်းသားများရဲ့ ဆန္ဒသေဘာထားများကိုလည်း အစဉ်မပြတ် ထိတွေ့ လက်ခံရရှိနေသည် ဖြစ်သောကြောင့် မှန်ကန်သောဆုံးဖြတ်ချက်များကို ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်ပါတယ်။ ဒါကြောင့် ကွန်ဖရင့်တွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြရန် တိုက်တွန်းအပ်ပါတယ်။”

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။