Wednesday, October 2, 2013

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှု (၂) နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား မြစ်ကြီးနားမြို့တွင် ကျင်းပ။

(Kachin Waves)

မြစ်ဆုံရေ ကာတာ စီမံကိန်း ရပ်ဆိုင်း ထားမှု (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ စက်တင် ဘာလ (၃၀) ရက်နေ့ မြစ်ကြီး နားမြို့ သီတာနှစ်ခြင်း အသင်းတော်ရှိ ခန်းမဆောင် တွင် ဘာသာပေါင်း စုံ စုပေါင်းကာ ဆုတောင်း ပွဲကို ဂိုဏ်းဂန အသီးသီးမှ ပုဂ္ဂိုလ်များ၊ မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွေ့ ခံရသည့် ဒေသခံ များ စုစုပေါင်း လူဦးရေ ၂၀၀ ခန့်တက်ရောက် ကာ ကျင်းပခဲ့သည်။


`ကျွန်တော်တို့ အခု ဒီရွာသစ်ကို ပြောင်းပြီးကတည်းက အခက်အခဲတော်တော်ရှိခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည်တွေတော့ သေနတ်သံကြားမှာ ပြောင်းလာကြတော့ စစ်ဘေးဒုက္ခသည်ပေါ့။ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြောင်းလာတော့ ငြိမ်းချမ်းဒုက္ခ သည်ေ ပါ့။ တကယ်လက်တွေ့မှာတော့ ကျွန်တော်တို့က ပိုက်ခက်ခဲတယ်။ စားမယ့် ဆန်တောင် မရှိအိမ်တွေ အများကြီးပဲ´ဟု အဆိုပါပွဲတက်လာသူ မြစ်ဆုံစီမံကိန်းရွာဖြစ်သော မလိယန်ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ သင်းအုပ်ဆရာ ဦးမုန်ရာကဆိုသည်။

`တရုတ်ကုပ္မဏီများလက်လျှော့ပါ။စိတ်လျှော့ပါ။ဆက်လုပ်ဖို့မကြိုးစားနဲ့ တော့။ ပြည်သူပြည်သားများက လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့။ ဘယ်ပုဂ္ဂိုလ်၊ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လုပ်ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ဒီနေရာကနေ ကြေငြာချင်ပါတယ်။´ဟု Fr.Naw Din (နော်ဒင့်) အဆိုပါ ဆုတောင်းပွဲတွင် ပြောကြားသည်။

အဆိုပါဆုတောင်းပွဲတွင် သမ္မတသက်တမ်း (၅)အတွင်း စီမံကိန်းရပ်ဆိုင်းထားပေးသည့် သမ္မတဦးသိန်းစိန်အား ကျေးဇူးတင်ကြောင်း နှင့် သမ္မတသက်တမ်းပြည့်သွားပြီးနောက်လည်း ဘယ်အကြောင်းပြချက်နဲ့မြစ်ဆုံစီမံကိန်းအား ဆောက်လုပ်ခွင့်ပြုမည် မဟုတ်ကြောင်း အဆိုပါဆွေးနွေးပွဲ တတ်ရောက်လာသည့် လူထုများက တစ်ခဲနက်ပြောဆိုမှုများ ရှိသည်။

ယနေ့ကျင်းပသော မြစ်ဆုံရေကာတာ စီမံကိန်းဆောက်လုပ်မှု ရပ်ဆိုင်းခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ကချင်ပြည်နယ်ရှိ လူမှုအခြေပြု အဖွဲ့အစည်းများ၊ ဂိုဏ်းဂန အသီးသီးမှ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်အနုပညာအဖွဲ့များ ၊ရပ်မိရပ်ဖများ၊ CPI များတတ်ရောက်ခဲ့ကြသည်။
တတ်ရောက်လာသည့် ပုဂ္ဂိုလ်မျာမှ မြစ်ဆုံစီမံကိန်းနှင့်ပတ်သတ်ပြီး မိမိ၏ခံစားချက်နှင့် စိုးရိမ်ပူပန်မှုများကို ပြောဆိုဆွေးနွေးသည့် အခါ အားလုံးမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်မှု လုံးဝရပ်ဆဲစေလိုကြောင်းကို သာ တင်ပြသွားခဲ့ကြသည်။

သို့သော်လည်း CPI မှမြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွေ့ခံရသည့် ဒေသခံများကိုမှု သမ္မတ သက်တမ်း ကုန်ဆုံပြီး လျှင်ဆက်လျက်ပြီး မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။