Tuesday, October 1, 2013

အင်ခါဂါးရွာသို့ သွားရောက်ခဲ့သည့် သိက္ခာတ်ာရဆရာ လမာယော် နှင့် အင်တာဗျူး

(N-Gun Ja Wa)
(ဆရာမဒေါင်ညွယ် အင်ခါဂါးကျေးရွာကို သွားရောက်ခဲသည့် သိက္ခတော်ရ ဆရာ လမာယော်ကို ကချင်လို မေးမြန်ထားသည်ကို မြန်မလို ဘာသာပြန်ထားပါသည်။)

Interview with Rev.  Lama Yaw (KBC) on 28 September, 2013  who went to N Hka Ga on 26-27 September 2013
 
အင်ခါဂါး ကို ကျွန်တော်တို့ ဘာသာရေး အဖွဲ့က သွားနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမဲ့ မသွားနိုင်ခဲ့ ဘူး။ အင်ခါဂါး ဒေသ ကို သွားလာရေး အားလုံး ပိတ်ဆို့ထား ဟာ ဒီနေ့ စက်တင်ဘာ (၂၈) ရက်ဆိုရင် (၁) ပြည့်ပြီ။ သူ တို့နဲ့ ပတ်သက်ပြီး သတင်းတွေ ကို အမျိုးမျိုးကြားနေ ရတယ်။  မချမ်းဘော့မြို့က ကြံခိုင်ရေး ပါတီတွေနှင့်  ရ၀မ်ရိုးရာယဉ်ကျေးမှုကော်မတီတွေလည်း အင်ခါဂါးဒေသခံတွေကို သွားရောက် ကူညီပေးဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနိုင်းပြီး အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့သူတို့ကိုလည်း အာဏာပိုင်တွေက ပေးမသွားခဲ့ဘူး။ တိုက်ပွဲဖြစ်ပြီး တစ်လပြည့်ဖို့ (၂) ရက်အလိုမှ ကျွန်တော်တို့သွားနိုင်ခဲ့တယ်။

ပူတာအို မတက်ခင် ကျွန်တော်တို့လည်းဒီမှာ တိုင်းမှူးနဲ့ အလွတ်တမ်းတွေ့  တဲ့အခါ အင်းခါးဂါကိစ္စ   ပြောဖြစ်ခဲ့တယ်။ ကျွန်တော်တို့ပူတာအိုရောက်တော့ ဗျူဟာမှူးနဲ့ အရင်တွေ့တယ်။ ဗျူဟာမှူးနှင့် ခရီးစဉ်မှာ လိုက်ပါမည့် အမည်စာရင်းတွေပေးကြတယ်။    ကျွန်တော်တို့အင်ခါဂါးရွာကိုသွားမယ် ဆိုတာသိတော့  မချမ်းဘော့မြို့က ကြံခိုင်းရေးပါတီတွေနှင့်  ရ၀မ်ရိုးရာယဉ်ကျေးမှုကော်မတီတွေလည်း အတူလိုက်ပါလိုကြောင်း ကမ်းလှမ်းလို့အတူသွားဖြစ်ခဲ့ကြတယ်။     

ဗျူဟာမှူးနဲ့တွေ့ပြီးနောက်တစ်နေ့မနက်က ကျွန်တော်တို့ မြစ်ကြီးနားကနေ သယ်ဆောင်ခဲ့သည် ပစ္စည်းတွေ၊ ပူတာအိုဇုံနယ် နှစ်ခြင်းအသင်းတော်က စုစည်းထားသည့် ပစ္စည်းတွေ၊ မန္တာလေး ကချင်ရိုးရာနှင့် ယဉ်ကျေးမှုအဖွဲ့မှ လာကူညီထားတဲ့ ပစ္စည်းအချို့ရယ် အကုန်ယူသွားပြီး စက်လှေနှစ်စီးနဲ့ အင်ခါးဂါးကျေးရွာကို သွားတယ်။

ပထမ လှေမှာတော့ စ.ရ.ဖ  အဖွဲ့ရယ်၊ ရ၀မ်ရိုးရာနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့တွေနဲ့  ဒန်ဂူးတန်ဦးဆောင်သော ရ၀မ်ပြည်သူ့စစ်ခေါင်းဆောင်တွေစီးကြတယ်။ သူတို့က (၈)ရောက်လောက်စီးကြတယ်။

 ကျွန်တော်တို့ အသင်းတော် အဖွဲ့က (၈) ယောက်နှင့် စက်လှေဆရာ ၂ ဦး ကနောက်ကလှေနဲ့ပါ။ သွားရောက်ကူညီမည့် ပစ္စည်းအပြည့်နဲ့ ပေါ့။ အင်ခါဂါးကျေးရွာ စက်လှေဆိပ်ကို ရောက်တော့ ကျွန်တော်တို့ကို ရွာမှာရှိနေတဲ့ မြန်မာစစ်ဗိုလ်တွေကိုယ်တိုင် ဖော်ဖော်ရွှင်ရွှင်လာကြိုကြတယ်။ တည်းခိုမည့်နေရာလည်း သူတို့ပဲလိုက်ပြတယ်။

ရွာသားတွေနှင့်တွေ့ပြီးနောက် သူတို့ပြောပြတာကတော့   ကျွန်တော်တို့မရောက်လာခင်ထိ   ရွာက အိမ်တိုင်းမှာ စစ်သားတွေရှိတယ်။ ညလည်းအတူတူအိပ်ရတယ်။ သင်းအုပ်ဆရာအိမ်တွေမှာတော့ အရာရှိတွေအိပ်တယ်။ စစ်သားတွေက ဒေသခံတွေကို ဘယ်မှမသွားခိုင်းဘူး။ တောင်ယာသွားမယ် ဆိုလည်း စစ်သားတွေက လုံခြုံရေးပေးမယ်ဆိုပြီး အတူတူသွားရတယ်။ စပါးတွေလည်း အခုက ကြိတ်လို့မရတော့ဘူး။ ရိတ်သိမ်းချိန်လွန်သွားလို့ စပါးကို ကြိတ်လိုက်ရင် ဆန်မထွက်လာဘူး။ အမှုန့်တွေပဲထွက်လာတယ်။ ဒေသခံတွေက စစ်သားတွေပါရင်တောင်ယာကို မသွားရဲကြောင်းတောင်းဆိုပြီးသွားသော်လည်း  တပ်ကနောက်ကနေ လိုက်လာကြတယ်-  

ရွာသားတွေက တောင်ယာကို ဆက်မသွားရဲတော့သာကြောင့် စပါးရိတ်သိမ်းမှုကို ဆက်မလုပ်နိုင်တော့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။  အခုကျွန်တော်တို့ ရောက်ခါနီးမှ စစ်သားအချို့ကို တောကိုပို့လိုက်တာတဲ့။ ညဆိုရင်သူတို့ဘယ်မှသွားလို့မရဘူး။ အပေါ့အပါးတာင် ခွင့်မပြုချင်ဘူး။ အိမ်ပြင်ထွက်လို့ကို မရဘူး။

အင်ခါဂါးကျေးရွာမှ သင်းအုပ်ဆရာ ဦးရမ်မိုင်ကိုတော့(၄) ရက်တိတိ  ကြိုးချည်ပြီး နှိပ်စက်မှုတွေ လုပ်ခဲ့တယ်။ ထမင်း ၃ နပ် မကျွေးဘူးတဲ့။    သူ့ဆီမှာ အရင်တုန်းက သေနတ် တိုမီး သေနတ်မိလို့တဲ့။ အဲဒီသေနတ်က ဟိုအရင်က အစိုးရ ပြည်သူ့စစ်လုပ်တုန်းကတည်းကကိုင်ခဲ့တဲ့  တိုမီးသေနတ်ဖြစ်တယ်။ဘယ်လောက်ပဲရှင်းပြပြ   သူ့ကို (၄)ရက်တိတိ  ကြိုးတုတ်ထားပြီး သေနတ်တွေနဲ့ရိုက်တယ်။ ခြေသလုံးတွေကို သံလုံးနဲ့ကြိတ်ပေးတယ်။ အဲလိုဝိုင်းနှိပ်စက်ထားကြတော့ သူအခုထိတောင် လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်သေးဘဲ အိပ်ရာထဲလဲ နေရရှာတယ်။ သူ့ကို  ခလရ (၁၃၇) ဒုတပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ပြီး နှိပ်စက်တာလို့ပြောတယ်။ ဟိုတလောကဆို လမ်းတောင် မလျှောက်နိုင်ဘူးတဲ့။ အခုနောက်ပိုင်းဆို တပ်ကခဏခဏ လက်ဆောင်တွေနဲ့လာပြီး တောင်းပန်တာတွေ လုပ်တယ်တဲ့။ 

သူ့ကိုသွားတွေ့လိုက်မှာကို စိုးရိမ်လို့ ထင်တယ် - ရွာကိုသွားဖို့ခွင့်မပြုခဲံတာ။ အခုမှသွားခိုင်းတယ်။ စစ်တပ်ကလွဲလို့ အပြင်ကအဖွဲ့အစည်းတွေ သွားတာက ကျွန်တော်တို့အဖွဲ့ ပထမဆုံးပဲ။
ကျွန်တော်တို့ရောက်တော့ စာသင်ဆောင်မှာ ပါလာတဲ့ တပ်ကဦးဆောင်ပြီး ထောက်ပံ့ပစ္စည်းပေးအပ်ပွဲလုပ်တယ်။ ကျွန်တော်တို့ကို ကြိုတဲ့အဖွဲ့က ခလရ (၁၃၈)တပ်ရင်းမှူးနဲ့ (၁၃၇)ဒုတပ်ရင်းမှူးတို့ကိုယ်တိုင်ပဲ။ နောက်တော့ဒေသခံတွေကိုခေါ်စုပြီး   
တိုင်းမှူးဗိုလ်ချုပ်ထွန်းထွန်းနောင် ပေးပို့တဲ့ ဆန်အိတ် (၂၀) လက်ခံရရှိတဲ့ အခမ်းအနား     ဆိုပြီး နောက်ခံစာသားထိုးပြီး ပေးအပ်ကြတယ်-   ကျွန်တော်တို့ပါလာတဲ့ပစ္စည်းတွေကို တပါတည်း ဒေသခံတွေကိုပေးခဲ့ရတယ်။  ဒေသခံတွေရဲ့မျက်နှာမှာ အခုထိပြုံးတဲ့အရိပ်အယောင်မတွေ့ရဘူး။ အားလုံးက ငိုတဲ့မျက်နာနဲ့။ သူတို့ကြိတ်ပြီးငိုနေကြတယ်။

 နောက်တနေ့မနက်တော့ စာသင်ကျောင်း ရှေ့က မြက်ခင်းပေါ်မှာ ဆုတောင်းပွဲလုပ်ခဲ့ကြတယ်။ တပ်ကအရာရှိတွေလည်းပါတယ်။ ဆုတောင်းပွဲအပြီး စစ်တပ်ကလည်း ဒေသခံတွေ ကိုစကားအနည်းငယ်ပြောချင်တယ်ဆိုပြီးပြောတယ်။ `ကဲအခု ကျွန်တော်တို့လူလည်းအရမ်းများတယ်။ ဌာနဆိုင်ရာနဲ့ဘာသာရေးခေါင်းဆောင်တွေလည်း အားလုံးစုံနေတယ်။ အားလုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် --- ကျွန်တော်တို့ဒီတပ်ရင်း နှစ်ခုက မိန်းကလေးတွေကအဓ္ဓ ပြုကျင့်တာတွေ ရိုက်နှိပ်စက်တာတွေ ရှိရင်  အခုပြောရအောင်ဆိုပြီး ရွာသားတွေကို ပြောတယ်။     

သူပြောပြီးနောက် ဒေသခံတွေက ၅ မိနစ်လောက်တိတ်သွားတယ်။ ဘယ်သူမှဘာမှ မပြောကြဘူး။ စကားတစ်ခွန်းမှ ထွက်မလာဘူး။ 

တချို့ဒေသခံတွေက ငိုနေကြတယ်။ မျက်ရည်ခိုးပြီးသုတ်နေကြတယ်။   ဘယ်သူမှမမေးတော့တဲ့နောက် ကျွန်တော်က မေးခွန်းတစ်ခုမေးတယ်။ သင်းအုပ်ဆရာကို တပ်ဘက်က အမြင်မရှင်းခင်ထိ ညှင်းပန်းနှိပ်စပ်မှုတွေ တော်တော်ပြုလုပ်ခဲ့ဆိုတာ ဟုတ်ပါသလားလို့မေးတော့...အစပိုင်းက မေးမြန်းစစ်ဆေးမှုတွေတော့ လုပ်ခဲ့တယ်ဆိုပြီးပဲ ဖြေတယ်။ ညှင်းပန်းနှိပ်စက်မှု မလုပ်ခဲ့ပါဘူးလို့တော့မပြောကြဘူး။ ရွာသားတွေနှင့် လွတ်လွတ်လပ်လပ် စကားပြောခွင့်မသာခဲ့ဘူး။ ကျွန်တော်တို့ ဘယ်သွားသွားသူတို့လိုက်ပါတယ်။ စားအတူ သောက်အတူ ပဲ။  တပ်အရာရှိတွေက  တချိန်လုံး ရယ်ရယ်မောမောနဲ့ပဲ။ 

ကျွန်တော်တို့က ဒဏ်ရာရနေတဲ့ သင်းအုပ်ဆရာဦးရမ်မိုင်ကိုခေါ်သွားချင်တယ်။ ဒါပေမဲ့ရွာမှာက အူတက်နာတာနဲ့၊ နှလုံးရောဂါဖြစ်တာနဲ့ဒေသခံ (၁၇)ယောက်လောက် ရှိနေတယ်။ သူတို့အားလုံးကိုခေါ်သွားပြီး ဆေးကုပေးဖို့  တပ်ရင်းမှူးတွေကို ပြောတော့၊ တပ်ရင်းမှူးလည်း အထက်ကိုပြန်တင်ပြတယ်။ ဒါပေမဲ့ကျွန်တော်တို့ သူတို့ကို မခေါ်လာနိုင်ခဲ့ဘူး။ မခေါ်လာခိုင်းတဲ့အကြောင်းအရင်းကိုသူတို့ ပြန်ပြောတယ်။ စက်လှေမလုံလောက်ဘူးတဲ့။ သူတို့မနက်ဖြစ်တဖက်ခါ ဒီဒေသခံတွေကို လွတ်လွတ်လပ်လပ်သွားလာခိုင်းမယ်လို့ပြောတယ်။ အခုကစက်လှေလည်း (၄)စီးပဲရှိတယ်။ ကျွန်တော်တို့စီးလာတာက (၂)စီး နဲ့ နောက်(၂)စီးက တပ်ကစီးရမှာတဲ့။

ကျွန်တော်တို့တက်လာတော့ အင်ခါဂါးကျေးရွာ အထက်က အင်ခိုင်ယန်ဆိုတဲ့ကျေးရွာက ဒေသခံတွေက ကျွန်တော်တို့စက်လှေတက်လာတော့ ဒေသခံတွေ (၂၃)ရောက်စက်လှေဆိပ်ကို ရောက်လာကြတယ်-သူတို့ကို ကျွန်တော်တို့ခေါ်လာတယ်။ ဒါတောင် သူတို့ အများကြီးကျန်သေးတယ်။သူတို့ဒေသခံတွေ အားလုံးရွာမှာ မနေရဲကြတော့ဘူး- စစ်ပြန်ဖြစ်လာရင်ဆိုပြီး -    ခေလာနိုင်သူအားလုံးကို အခုနောင်ခိုင်စစ်ရှောင်စခန်းမှာပဲထားထားပေးတယ်။ အခုဆိုရင် ထိုခန်းမှာ (၄၄) ယောက်ရှိပြီ-အားလုံးနီးပါးက အင်ခိုင်ယန်ရွာကဖြစ်ကြတယ်။  အင်ခါဂါးရွာကတော့ မပါသလောက်ဘဲ။

အခုလောလောဆယ်ဆယ် သူတို့လိုအပ်တာက အစားအသောက်တွေနဲ့ အ၀တ်အစားတွေ။ ကျန်းမာရေးကုသမှုတွေလည်းအများကြီးလိုတယ်။ အများကြီးဂရုစိုက်ပေးရမယ်။ကျွန်တောတို့ (KBC) စစ်ရှောင်းစခန်းတာဝန်ခံတွေလည်းပါလာတော့ သူကထိုစခန်းမှာရှိတဲ့လူတစ်ဦးကို နှစ်သောင်းကျပ်ပေးထားခဲ့တယ်။ အခုက  နောင်ခိုင်နဲ့ မချမ်းဘော့က အသင်းတော်တွေ  ပေါင်းပြီးကော်မတီဖွဲ့ထားကြတယ်။ လူများလာရင်တော့ မချမ်းဘော့ကိုပြောင်းမှာ။
-ဒီမှာရောက်လာတဲ့ဒေသခံတွေ အတွက်တော့ သိပ်မပိုရတော့ဘူး။ ဒါပေမဲ့ကျွန်တော်တို့ စိုးရိမ်ရတာတစ်ခုက အင်ခါဂါးကျေးရွာဒေသခံတွေကို ဒီဘက် သွားခိုင်းမလား မသွားခိုင်းဘူးလားဆိုတာ မသိဘူး။ အခုသွားလာလို့ရပြီလို့တော့ပြောတယ်။ ဒါပေမဲ့စက်လှေတွေအားလုံးလည်း စစ်တပ်ဘက်က သိမ်းထားတယ်။ ထိုကိုသွားဖို့က စက်လှေတစ်လမ်းပဲရှိတာလေ။ သွားလာလို့ရပြီဆိုလည်း စက်လှေတွေက သူတို့လက်ထဲမှာဆိုတော့ မသေချာဘူး။ အထက်ရွာကလည်း စစ်ပြန်ဖြစ်မှာကြောက်လို့ သူတို့လည်း အရမ်းပြောင်းချင်ကြတယ်။ သူတို့ကို လာကြိုဖို့ မတတ်နိုင်ဘူး။ သနားစရာ တောမှာ ဒီတိုင်းပဲ ကြောက်ကြောက်နဲ့နေနေကြတယ်။
အင်ခါဂါးရွာသားတွေပြောတယ်။သူတို့တပ်မတော်သားတွေက ဒေသခံတွေရဲ့ ပစ္စည်းတွေ အိမ်မွေး တိရိစ္ဆာန်တွေဘာမှ မယူပါဘူးလို့ ဒေသခံတွေကို ခံဝန်ကတိထိုးခိုင်းထားတယ်။
 ဒေသခံတွေပြောတာတော့ စစ်ဗိုလ်အိပ်တဲ့အိမ်ရယ်၊ သင်းထောက်အိမ်ရယ် ကျောင်းဆရာအိမ်ရယ် စုပေါင်း(၃) အိမ်ကလွဲပြီး ကျန်ရွာသားအားလုံးရဲ့ ပစ္စည်းဥစာတွေဘာတစ်ခုမှမရှိတော့ဘူး။   အသင်းတော်က ဆယ်ဖို့တဖို့အလှူငွေလည်း ပျောက်နေပြီ။  အသင်းတော်မှ စပါးတွေလည်း ကုန်ပြီ။ကြက်တွန်သံတောင် မကြားရတော့ဘူး။

အခုအချိန်မှာသူတို့အတွက်အရေးကြီးဆုံးက သူတို့ကို ရွာကနေ အမြန်ဆုံးရွှေ့ပြောင်းနိုင်ဖို့ပဲ။ စစ်တပ်နဲ့အတူနေတဲ့ ဘ၀ကနေ လွှတ်မြောက်ဖို့။ သူတို့လွှတ်လွှတ်လပ်လပ် သွားလာနေထိုင်စားသောက်နိုင်ဖို့ပဲ။ ဒေသခံတွေက စစ်သားတွေ သူတို့ရွာတွေ အိမ်တွေမှာလာနေတာကိုမလိုလားကြဘူး။ အားလုံးက ကြောက်စိတ်တွေဝင်နေကြပြီ။  စိတ်ဏ်ရာတွေ တော်တော်ရနေကြတာတွေ့ရတယ်။

အင်ခါဂါး နောက်ခံအကျဉ်း
===============

အင်ခါဂါးကျေးရွာသည် မချမ်းဘော့မြို့မှစက်လှေဖြင့် အစုန် ၂ နာရီခန့် နှင့် အဆန် (၄)နာရီခန့်သွားရသည် ရေလမ်းခရီးတစ်ခုတည်းတာရှိသော ရေလမ်းခရီးဖြစ်ပြီး ထိုရေခရီးမှာလည်း ရေကြောင်း အတော်ကြမ်းတမ်းတော့ ခရီးဖြစ်သည်။ ထိုရေးလမ်းတစ်လျှောက်ရေတံခွန်များ၊ ကျောက်ဆောင်များ ၊ ရေ၀ဲများ နှင့်ပြည့်နက်နေသည့် လမ်းခရီးတစ်ခုလည်းဖြစ်သည်။
လက်ရှိရွာမှရှိနေတဲ့လူဦးရေက ကျား(၅၃)၊ မ (၃၀) စုစုပေါင်း ၅၃ ယောက်ဖြစ်တယ်။  လူလတ်ပိုင်းအပိုင်းစုက ရွာကို မပြန်ရဲသေးကြသေးသဖြင့် ဆက်လက်တိမ်းရှောင်နေကြသည်ဟု သိရတယ်။

ရွာမှာ မူလတန်းကျောင်းရှိတယ်။ ဆရာမ တစ်ဦးပဲရှိတယ်။  ကျောင်းသား (၉) ဦး-
အင်ခါဂါးကျေးရွာမှ ရွာသူရွာသားများသည် ရွာမှာစစ်သားတွေနဲ့အတူနေခြင်း၊  အိမ်မှာအတူနေနေရခြင်းမှ လွတ်မြောက်ဖို့နဲ့   စစ်ဖြစ်တဲ့နေရာဖြစ်တော့ ဘေးကင်းရာသို့  သွားနိုင်ဖို့က  သူတို့၏အလိုလားဆုံးနှင့် အလိုအပ်ဆုံးပဲ။ စစ်တပ်က သူတို့ရွာသားတွေကို ကြည့်ရှု့စောင့်ရှောက် ပေးနေကြောင်းပြောနေသော်လည်း ရွာသားများအတွက် ငရဲခံ နေရတာထက်ဆိုးပါတယ်။

ရွာသားတွေ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်နိုင်ဖို့က  အားလုံးဝိုင်းဝန်းလုပ်ဆောင်မှဖြစ်မယ်။ အဖွဲ့တိုင်းက တတ်နိုင်သလောက်လုပ်ဆောင်မှ ဖြစ်တော့မယ်။      တစ်ဦးတစ်ယောက် တစ်ဖွဲတည်းနဲ့တော့ ခက်ခဲမှုတွေရှိတယ်။ အားလုံးဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။