Monday, October 28, 2013

မုန်းဒိန်ပါ ကျေးရွာ ၏နောက်ဆုံးအခြေအနေ နှင့် တိုက်ပွဲသတင်း

၂၈ အောက်တိုဘာ၂၀၁၃
(by-Khon Ja)



ယနေ့  နံနက် (၂၈၊ အောက်တိုဘာ ၊၂၀၁၃) နေ့ တွင် မြန်မာ့ တပ် မတော်နှင့် ကချင် လွှတ်မြောက်ရေး တပ်မတော်တို့ ပက်ပင်း တိုး၍ မုန်းဒိန်ပါ ကျေးရွာ အနီးတွင် တိုက် ခိုက်ခဲ့ကြသည်။ တိုက်ခိုက်ချိန် ခဏတာ ဖြစ်သော် လည်း ရွာသား (၅၀၀) ကျော်ခန့်မှာ (၁၄း၀၀) နာရီ (ညနေ ၂ နာရီ) ခန့် တွင် ကျေး ရွာမှ ထွက်ပြေး၍ သံတံတားကျေး ရွာနှင့် ဟန်ထက်ကျေးရွာ များသို့ ဦးတည် ထွက်ပြေးလာကြောင်း သိရသည်။ ထိုရွာသားများအား လမ်းခရီးတွင် ကြိုရန်နှင့် နေရာထိုင်ခင်း အစားအသောက် စီစဉ်ပေးရန် လိုအပ်နေသည်။

ပဋိပက္ခဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်၊ တောင်ဖက်စွန်း၊ မန်စီမြို့နယ်ရှိ ကျေးရွာတန်းမှာ - အမှတ်စဉ်အလိုက် (၁) မိုင်းခေါင်၊ (၂) နမ်ဖာပါ၊ (၃) နမ်ဖူ၊ (၄) မခေါ်ယန်၊ (၅) မုန်းဒိန်ပါ၊ (၆) ကောင်ဂျာနှင့် (ရ) နမ့်လင်းပါ ကျေးရွာများ အစဉ်အလိုက်ရှိပါသည်။

မြန်မာ့တပ်မတော်မှ သိမ်ပိုက်ထားသော ရွာများမှာ (၃) နမ်ဖူ၊ (၄) မခေါ်ယန်၊ (၅) မုန်းဒိန်ပါ၊ (၆) ကောင်ဂျာ ကျေးရွာများဖြစ်ပြီး တပ်မတော်မှ ကျေးရွာအတွင်း ရွာသာများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

အမှတ်စဉ် (၁) ဖြစ်သော မိုင်းခေါင်ကျေးရွာသည် လက်ရှိအချိန်တွင် အခြားရွာများမှ ထွက်ပြေးလာသူ (၂၀၀) ကျော် ခိုလှုံနေပြီ ဖြစ်ပြီး ကျေးရွာအုပ်စု ပြင်ပမှ သွားလာခွင့်ရှိသော နောက်ဆုံး ကျေးရွာလည်း ဖြစ်ပါသည်။ မြန်မာ့တပ်မတော်မှ ထိုနေရထက် ကျော်လွန်ပြီး ဖြတ်သန်းသွားလာခွင့် မပြုပါ။

အမှတ်စဉ် (၂) နမ်ဖာပါ ကျေးရွာမှာ ရွာငယ်သာဖြစ်ပြီး ရွာသားများ တောထဲထွက်ပြေးလွှတ်မြှောက်သွားမှုရှိသည်။

(၃) နမ့်ဖူ ကျေးရွာမှာ ဦးဂမ်ဆိုင်း၊ ဦးဖော်နတ်ဒွတ်နှင့် ဦးခန်းမာနော်ဒင်း တို့အား မြန်မာ့တပ်မတော်မှ ဖမ်းဆီး နှိပ်စက်၍ ပြန်လွှတ်ပေးသည်။ ဦးဖော်နတ်ဒွတ်မှာ နှိပ်စက်မှုကြောင့် အကြောက်လွန်ပြီး စိတ်ကစဉ့်ကလျား ဖြစ်နေသည့်အပြင် ဦးခေါင်းတွင် သေနတ်ဖြင့် ပစ်ထားပေးသဖြင့် (၁) လက်မခန့် ဒါဏ်ရာ ရနေသည်။ နှိပ်စက်မှုကြောင့် စိတ်ပုံမှန် မရှိသေးပါ။

နမ့်ဖူကျေးရွာမှ (၂၃) ရက် အောက်တိုဘာလမှ စတင်၍ တပ်မတော်၏ သိမ်းပိုက်မှု ခံရပြိး ရွာသားအားလုံးမှာ မိမိတို့ နေအိမ်အတွင်း ၀င်းမှ မထွက်ရ အမိန့်ပေးထားခြင်း ခံနေရသည်။ ကျေးရွာအတွင်း တပ်မတော်မှ မ၀င်ရောက်မည် ထွက်ပြေးလွှတ်မြှောက် သွားသူများ ၁၀၀ ကျော်ခန့် ရှိပြီး နီးစပ်ရာ တောအုပ်များအတွင်း ခိုလှုံနေပြီး ရိက္ခာ ပြတ်လှပ်နေပြီ ဖြစ်ပါသည်။ နမ့်ဖူကျေးရွာတွင် KIA, တပ်စခန်း မရှိပါ။

(၄) မခေါ်ယန်ကျေးရွာသားများသည်လည်း နမ့်ဖူကျေးရွာနှင့် အခြေအနေ အတူတူ ပင်ဖြစ်နေသည်။

(၅) မုန်းဒိန်ပါကျေးရွာတွင် ဒုက္ခသည်စခန်းရှိသည်။ ရွာသားများမှာ စာသင်ကျောင်းတွင် ထိန်းချုပ်ခြင်းခံရပြီး ထမင်းချက်ချိန်တွင်သာ အိမ်ပြန်ခွင့်ရသည်။

ယနေ့နံနက် (၂၈) အောက်တိုဘာ၊ ၂၀၁၃ နေ့တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွှတ်မြောက်ရေးတပ်မတော်တို့ ပက်ပင်းတိုး၍ မုန်းဒိန်ပါ ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြသည်။ တိုက်ခိုက်ချိန် ခဏတာ ဖြစ်သော်လည်း ရွာသား (၅၀၀) ကျော်ခန့်မှာ ၁၄း၀၀ နာရီ (ညနေ -၂ နာရီ) ခန့်တွင် ကျေးရွာမှ ထွက်ပြေး၍ သံတံတားကျေးရွာနှင့် ဟန်ထက်ကျေးရွာများသို့ ဦးတည် ထွက်ပြေးလာကြောင်း သိရသည်။ ထိုရွာသားများအား လမ်းခရီးတွင် ကြိုရန်နှင့် နေရာထိုင်ခင်း အစားအသောက် စီစဉ်ပေးရန် လိုအပ်နေသည်။

(၆) ကောင်ဂျာကျေးရွာမှ ဂရုဏာဗန်းမော် (ကက်သလစ်အသင်းတော်) ၏ ဒုက္ခသည်များအတွက် ဆန်သိုလှောင်ရာ ဂိုဒေါင်စောင့် (၂) ဦးအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသည်။

(၇) နမ့်လင်းပါ ကျေးရွာအား မြန်မာ့တပ်မတော်မှ (၄) ဘက်( ၄)တန်မှ ၀ိုင်းထားသည်။ ဆက်လက်တိုက်ခိုက်မည့် အလားအလာ ရှိနေပါသည်။
နမ့်လင်းပါကျေးရွာနှင့် (၃) မိုင်အကွာတွင် ကေအိုင်အေ၏ တပ်ရင်း( ၁၂ )ရှိပါသည်။

1 comment:

  1. KIAကိုအပြတ်ရှင်းပစ်သင့်ပြီထင်ပါတယ်

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။