Wednesday, October 9, 2013

အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး ယူအန်အက်ဖ်စီ ဘုံသေဘာတူညီချက်များ ရရှိ

(DVB)

အစိုးရက ကမ်းလှမ်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေး ထိုးပွဲနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်တွေ ညှိနှိုင်းဆွေးနွေးနေကြပြီး ဘုံသေဘာတူညီချက်တွေ ၈၀ ရာ ခိုင်နှုန်း ရရှိခဲ့ပြီလို့ အဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။


အဓိကအားဖြင့် အစိုးရနဲ့ လက်မှတ်ရေးထိုးတဲ့အခါမှာ ပါဝင်သင့်တဲ့ အချက်နဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ၊ ယူအန်အက်ဖ်စီရဲ့ ဘုံရပ်တည်ချက် သေဘာထားတွေ ရရှိခဲ့ပြီး မနက်ဖြန် မနက်ပိုင်းမှာတော့ အားလုံးကို အပြီးသတ်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

“ဒီနေ့ကေတာ့ ယူအန်အက်ဖ်စီ ၁၁ ဖွဲ့ထဲမှာ လက်မှတ်ထိုးပွဲကို ပြုလုပ်နိုင်ဖို့ လိုအပ်ချက်တွေကို တင်ပြကြတယ်။ အဲဒါလည်း သေဘာတူညီချက်ရပြီ။ အေရးကြီးတဲ့ ခေါင်းစဉ်အေနနဲ့ပြောရရင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပတ်သက်တဲ့ ရပ်တည်ချက် သေဘာထားကိုရရှိတယ်။ နိုင်ငံရေးတောင်းဆိုချက်အရ ထိပ်သီးအစည်းအေ၀းတရပ် ခေါ်ယူဖို့ သေဘာထား ချမှတ်နိုင်ခဲ့ပါတယ်။”

အစိုးရက ဖိတ်ခေါ်ထားတဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပွဲဟာ ယူအန်အက်ဖ်စီ တဖွဲ့တည်းနဲ့တင်မဟုတ်ဘဲ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ သက်ဆိုင်နေတဲ့ အတွက် အခုဆွေးနွေးပွဲက ရရှိလာတဲ့ ဘုံသေဘာတူညီချက်ပေါ်မှာ အခြားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း ဆက်ပြီး ချပြေဆွးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၁၀ ရက်နေ့မှာ အဲဒီအဖွဲ့တွေ ဖိတ်ခေါ်ထားကြောင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မေတ်ာတောင်ပိုင်းအဖွဲ့၊ အေဘီ အက်စ်ဒီအက်ဖ်(ကျောင်းသားတပ်မေတာ်)၊ ဒီကေဘီအေ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ၊ ရခိုင်လွတ်မြောက်ရေးပါတီနဲ့ မြောက်ပိုင်းက ၀ တပ်ဖွဲ့ကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

အစိုးရကမ်းလှမ်းထားတဲ့ ဒီလကုန်ပိုင်း ဒါမှမဟုတ် နိုဝင်ဘာလဆန်းပိုင်းမှာ တပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ထိုးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သေဘာထား ရပ်တည်ချက်တွေ ကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်နိုင်မယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။

“အစိုးရ ကမ်းလှမ်းထားတာက သူတို့ပြင်ဆင်ထားတဲ့ လက်မှတ်ထိုးရမယ့် မူကြမ်းကို ကျေန်ာတို့က မေတွ့ရေသးဘူး။ ကျေန်ာတို့က အကြံပေးထားတာက အဲဒီလို ဖိတ်ခေါ်မယ်ဆို ရင်တော့ အားလုံး ပါဝင်လက်မှတ်ရေးထိုးရမယ့် စာချုပ်မူကြမ်းကို နှစ်ဖက်ညှိနှိုင်းပြီးတော့ အရင်သေဘာတူထားသင့်တယ်။ တဖက်ထဲက ရေးထားပြီးတော့ ထိုးခိုင်းရင် အခက်အခဲဖြစ်နိုင် တယ်ပေါ့။ ကျေန်ာတို့ဘက်ကေတာ့ စာကြမ်းကို ရေးထားတာမရှိဘူး။ စာကြမ်းမှာ ပါသင့်တဲ့ အချက်အလက်တွေကိုတော့ ရေးထားတာရှိပါတယ်။”

ဒါ့အပြင် ယူအန်အက်ဖ်စီရဲ့ လက်ရှိကျင့်သုံးနေတဲ့ အေခြခံဥပေဒေတွ ပြင်ဆင်ဖို့ရှိပြီး ပြင်ဆင်ရေးအတွက် ဒီဆွေးနွေးပွဲကေန ၇ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့သလို ဆောင်ရွက်ချက် လမ်းညွှန်မှုတွေ ပေးခဲ့ကြောင်း၊ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ယူအန်အက်ဖ်စီ ညီလာခံမှာ တင်ပြဖို့ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။