Monday, October 7, 2013

တပ်မ (၉၉) ကြောင့် မံတားကျေးရွာသားများထွက်ပြေးတိမ်းရှောင်

(Jinghpawkasa)

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံတားကျေးရွာ အနီးပတ် ၀န်းကျင်ရွာများမှ ရွာသူရွာ သားများသည် KIA နဲ့ဗမာ စစ်တပ်တို့ တိုက်ပွဲဖြစ်မည် စိုးရိမ်၍ တိမ်းရှောင်ရန် အတွက် ဧရာဝတီမြစ် ဆိပ်၌ စုပြုံနေကြကြောင်း၊ ဗန်းမော်မြို့သို့ ပြေး လာဖွယ်ရှိကြောင်း သတင်း ရရှိပါသည်။
အဆိုပါဒေသ သို့ အစိုးရ တပ်မ (၉၉) ထိုးစစ်ဆင် လုပ်ရှား လာသောကြောင့် ရွာလူကြီးများမှ ထိုးစစ်မဆင်ရန် လာရောက်တောင်းပန်သော်လည်း တပ်မမှူးမှ “စစ်တိုက်ဖိုးလာတာ၊ ပြန်မဆုတ်ဘူး” ဟု တင်းမာစွာပြောလွတ်လိုက်သောကြောင့် ရွာသားများကြောက်လှန့်ပြေးကြခြင်းဖြစ်ကြောင်း သိရှိပါသည်။
ကြံ့ဖွံ့အတွင်း စကားအရ အောက်တိုဘာလ ၈-၁၀ ရက်အတွင် KIA နှင့်မြန်မာအစိုးရတို့၏ ဆွေးနွေးပွဲအဆင်မပြေပါက ကချင်ကိုအပြတ်ချေမုန်းရန် ဗမာစစ်တပ်မှ တပ်ဖြန့်အင်အား ဖြည့်တင်းထားခြင်းဖြစ်ကြောင်းသိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။