Thursday, October 17, 2013

မြစ်ကြီးနား တက္ကသိုလ် လက်ထောက် ကထိက တစ်ဦး သင်ကြားရေး တာဝန် အမှန်တကယ် ထမ်းဆောင်ခြင်းမရှိ

(Kachin Waves)

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် သချာင်္ဌာနမှ လက်ထောက်ကထိက တစ်ဦးဖြစ်သူ ဦးသိန်းစိုးသည် မြစ်ကြီးနား တက္ကသိုလ်၌ တာဝန်ကျသည်မှာ ၁နှစ် နီးပါးရှိပြီ ဖြစ်သော်လည်း သင်ကြားရေးတာဝန်များကို အမှန်တကယ် လာရောက်ထမ်းဆောင်ခြင်းမရှိဘဲ ပျက်ကွက်လျက်ရှိနေသည့်အပြင် လစာကိုလည်း ပုံမှန်ထုတ်ယူလျက်ရှိကြောင်း မြစ်ကြီး...နား တက္ကသိုလ်ဆရာများက ပြောသည်။

အဆိုပါ သချာင်္ဌာနမှ လက်ထောက်ကထိက ဦးသိန်းစိုးမှာ မန္တလေးတက္ကသိုလ်မှ မြစ်ကြီးနား တက္ကသိုလ်သို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်စာသင်ချိန်မရှိသော်လည်း ဌာနရှိ ကျောင်းတက်ကျောင်းဆင်း လက်မှတ်ထိုးစာအုပ်တွင် ဦးသိန်းစိုးက ပျက်ရက်မရှိ လက်မှတ်များ အပြည့် ထိုးထားသည့်အပြင် အားလပ်ရပ်တာဝန်ထမ်းဆောင်ခြင်း ( Vacation ) ပါ ရှိနေကြောင်း၊ လက်ရှိဦးသိန်းစိုးမှာ မန္တလေးတွင် နေထိုင်လျက်ရှိကာ ဒေါ်နှင်းနှင်းမော် တည်ထောင်အုပ်ချုပ်နေသည့် (CAE) ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျူရှင်ဆရာအဖြစ် လုပ်ကိုင်နေကြောင်း မြစ်ကြီးနား တက္ကသိုလ်မှ လက်ရှိတာဝန်ထမ်းဆောင်နေသူ လက်ထောက်ကထိက တစ်ဦးက့ ပြောသည်။


“ သူက အရေးကြီးတဲ့အချိန်တွေ (ဥပမာ- စာမေးပွဲ အချိန်၊ VIP ခရီးစဉ် အချိန်) တွေဆိုရင် မန္တလေးက ရောက်လာတယ်။ ကျန်တဲ့အချိန်တွေဆို ဘယ်တော့မှ ကျောင်းမှာ မရှိဘူး။” ဟု ၎င်းပုဂ္ဂိုလ်က ဆိုသည်။

မြစ်ကြီးနား တက္ကသိုလ်မှ ဒုတိယနှစ် သချာင်္ ကျောင်းသားတစ်ဦးကလည်း “ အဲဒီ ဆရာကိုကြားလည်း မကြားဖူးဘူး။ မြင်လဲမမြင်ဖူးဘူး ” ဟု ဆိုသည်။

မြစ်ကြီးနား တက္ကသိုလ်တွင်တာဝန်ကျသော အဆိုပါ သချာင်္ဌာန လက်ထောက်ကထိက မှာ သင်ကြားရေးချိန်များတွင် အများအားဖြင့် မရှိဘဲ စာမေးပွဲအချိန်များတွင်သာ အခန်းစောင့်အဖြစ် ရောက်လာတတ်ကြောင်းနှင့် မည်သည့်ခွင့် အမျိုးအစားဖြင့် ယင်းကဲ့သို့သွားရောက်နေသည်ကိုလည်း မသိရှိရကြောင်း မြစ်ကြီးနား တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးဝင်းက မှတ်ချက်ပြုပြောကြားသည်။

ယင်းကိစ္စများနှင့် ပါတ်သတ်၍ အသေးစိတ်သိရှိနိုင်ရန်အတွက် မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ်ထံ ဒေါက်တာအေးကိုထံ သို့ ဆက်သွယ်မေးမြန်းရာ အဝေးမှ ရောက်လာသော သင်ကြားရေးဆရာများ သည် သက်ဆိုင်ရာဌာနမှူးများ၏ ခွင့်ပြုချက်ဖြင့် သွားလာခြင်းမျိုးတော့ရှိကြောင်း၊ သင်ကြားရေးဘက်တွင် မလစ်ဟင်းရန်အတွက် ဌာနမှူးများမှ စီစဉ်ထားရှိပြီး လက်ရှိတွင်လည်း အဆိုပါ သချာင်္လက်ထောက် ကထိက ကို တာဝန်တစ်ခုပေးထာကြောင်းနှင့် တာဝန်ပေးထားပါက တာဝန်ကျရာနေရာတွင် ရှိကိုရှိနေရမည်သာ ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် တာဝန်ကျရာဒေသနှင့် မိုင်နှစ်ဆယ် အတွင်းသာ ရှိနေရမည်ဖြစ်ပြီး ထိုထက်ပို သွားလာရမည်ဆိုပါက ဌာနချုပ်ထွက်ခွါခွင့်ကို တင်ရပြီး ခရီးသွားလာခွင့် (MO) ကိုလည်း ယူရမည် ဖြစ်ကြောင်း အစိုးရ၀န်ထမ်းအသိုင်းအ၀ိုင်းမှ သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။