Wednesday, October 30, 2013

နိုင်ငံတော်သမ္မတက တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုင်ဇာအစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

နိုင်ငံတော်သမ္မတက တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏

လိုင်ဇာအစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်



လိုင်ဇာအစည်းအဝေးသို့ တက်ရောက်လာသော တိုင်းရင်းသားညီနောင်များအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ခွန်း ဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ရည်မှန်းချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ကချင်ပြည်နယ်လိုင်ဇာတွင် အစည်းအဝေး ကျင်းပနေသည်ကို သိရှိရပါသည်။

အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များနှင့် ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲခြင်း သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ် နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် တို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့အတွက် နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အားလုံးက စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်မှသာ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အစည်းအဝေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ သဝဏ်လွှာပေးပို့ လိုက် ပါသည်။

(ပုံ)

သိန်းစိန်

နိုင်ငံတော်သမ္မတ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။