Thursday, October 31, 2013

နမ်လင်းပါကျေးရွာ အနီးတ၀ိုက်တွင် အခြေအနေဆိုးနေဆဲ

(Kachin Waves)

နမ်လင်းပါကျေးရွာ ဘက်သို့ယနေ့ အစိုးရတပ်မတော်မှ ကား (၇) စီးဖြင့် ရိက္ခာနှင့် စစ်သားများအား ပို့ဆောင်ခဲ့ကြောင်းသိရသည်။

နမ်လင်းပါနှင့် ၈ မိုင်းဝေးသည့် ကောင်ဂျာကျေးရွာတွင် နမ်းလင်းပါ စစ်ရှောင်စခန်းသို့ ပို့ဆောင်မည့် ဂရုဏ လူမှု အဖွဲ့အစည်းမှ ဆန်အိတ် ၃၅၀ ရပ်တန့်နေပြီး ယနေ့အထိ ပို့ဆောင်နိုင်ခြင်းမရှိသေးပါ။


မိုင်ခေါင်း KBC ဒုက္ခသည် စခန်းသို့ စစ်ရှောင်မိသားစုဝင် ၁၀၀ ကျော် ထပ်မံရောက်ရှိနေပြီး မိုင်းခေါင်းရွာတွင်းရှိ ဆွေးမျိုးများထံ တွင် ခုံလုံနေသည့် စစ်ရှောင်လာသူများ ၂၀၀ ကျော်ရှိကြောင်း ဒေသခံများထံမှသိရှိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် နမ်းလင်းပါနှင့် ကောင်ဂျာကျေးရွာကြာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင့် နှင့် ရွှေကူမြို့ခံ ခမရ (၅၆) တပ်ရင်းမှ အင်းအား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေပြီး နောက်ဆုံးရရှိသော သတင်းများအရ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဇိုင်ဘရူကောင် ဒေသသို့ နယ်မြေရှင်းလင်းရေးလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။