Monday, October 7, 2013

အင်ခါဂါးကျေးရွာအနီးရှိ ရွာများမှ ဒေသခံများ ပူတာအို စစ်ရှောင်စခန်းသို့ ထပ်မံရောက်ရှိလာ

(Kachin Waves)

ပူတာအိုမြို့နယ်ရှိ နောင်ခိုင်ကချင်နှစ်ခြင်းဘုရားကျောင်းရှိစစ်ရှောင်စခန်းနှင့် မချမ်းဘော့ ကချင်နှစ်ခြင်းဘုရားကျောင်းတွေ အင်ခါဂါးကျေးရွာအနီးရှိကျေးရွာများဖြစ်သော အင်ဖီဂါးကျေးရွာ၊ ကနွန်ယန် နှင့် ခါကန်ယန်ကျေးများမှ ထွက်ပြေးတိမ်းရှောင်လာသူဒေသခံများ အယောက် ၁၀၀ ခန့်ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

`အင်ခါဂါးကျေးရွာကတော့ တစ်ယောက်မှ ထပ်မရောက်လာသေးဘူး။ သူတို့ကိုကဘယ်မှမသွားခိုင်းဘူးလို့ကြားတယ်။ ညအပေါ့သွားရင်တောင် တပ်သားတွေနဲ့အတူသွားရတယ်တဲ့။ အင်ခါဂါးနဲ့ ၈ လောက်ဝေးတဲ့ ကျေးရွာအနီးအချို့က ဒေသခံတွေတော့ စစ်ထပ်ဖြစ်မှာကြောက်ပြီး မနေရဲလို့ ဒီကိုရောက်လာကြတယ်။´ဟုဘာသာရေးဆရာတစ်ဦးကဆိုသည်။


အစဖွင့်လစ်ထားသည့် နောင်ခိုင်နှစ်ခြင်းဘုရားကျောင်းရှိစစ်ရှောင်စခန်းတွင် စစ်ဘေးတိမ်းရှောင်လာသူများ အတွက် နေရာ မလုံလောက်သည့်အတွက် မချမ်းဘော့ နှစ်ခြင်းဘုရားကျောင်းတွင် အယောက် ၂၀ ကျော်အား ထားရှိလျှက်ရှိသည်။

`အခုအချိန်ထိတော့ အစားအသောက်တော့ အဆင်ပြေတယ်။ ဖျားတဲ့သူတော့နည်းနည်းများတယ်။ ရွာမှာ ကတည်းက ဖျားပြီးလာကြတယ်။´ဟု နောင်ခိုင်စခန်းတာဝန်ခံဆိုသည်။
အင်ခါဂါးကျေးရွာတွင် လက်ရှိ အချိန်တွင် ဒေသခံများ ၅၃ ဦးရှိယောက်ကျန်ရှိနေဲပြီး နေမကောင်းသူများနေကြာင်းလည်း ထိုကျေးရွားသို့ ရောက်ရှိခဲ့သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဆရာလမာယော်ကဆိုသည်။

သြဂုတ်လာ ၂၈နှင့် ၂၉ ရက်တွေ ဖြစ်ပွားခဲ့သော စစ်ပွဲပြီးနောက် အခုကဲ့သို့ ပိုတာအိုခရိုင်တွင် စစ်ဘေးဒုက္ခသည်များ ထပ်မံတိုးလာခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။