Friday, October 11, 2013

သမိုင်းဝင် အပစ်ရပ်ရေး ကြေညာ စာတမ်းပါ အချက်များ လိုင်ဇာတွင် ဆုံးဖြတ်မည်

(ရွှေဟင်္သာသတင်းဌာန)


အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး၏ သဘောထား ရရှိရန် ယခု လကုန် ပိုင်းတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟိုလိုင်ဇာ ဌာန ချုပ်၌ စုပေါင်း ဆုံးဖြတ်ရန် ရှိသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး () ခွန်ဥက္ကာက ဆိုပါသည်။

“လာမည့် အောက်တိုဘာ (၂၅) နဲ့ (၃၁) ကြားမှာ လုပ်မယ်။ အားလုံး အဖွဲ့ (၁၇) ဖွဲ့ က ထိပ်သီး တွေကိုဘဲ ဖိတ်ထားတယ်။ UNFC (၁၂) ဖွဲ့ တွေ အပြင် အဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ကိုပါ ဖိတ်ထား လိုက်တာ ဖြစ်တယ်။ အချိန်တို အတွင်းမှာ ဆုံးဖြတ်ချက် ပေးနိုင်မယ်။ ဘာကြောင့်လဲ ဆိုတော့ UNFC ထိပ်သီး မှာလည်း သဘောတူ ထားပြီး သားပါ”ဟုဆိုပါသည်။ 


UNFC အဖွဲ့ဝင် များနှင့် အဖွဲ့ဝင် မဟုတ်သည့် အဖွဲ့ များသည် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် ဘုံသဘော တူညီချက် ရရှိရေး အတွက် လိုင်ဇာတွင် နောက်ဆုံး ဆုံးဖြတ် ကြရန် ဖြစ်ပါသည်။ ဘုံသဘော တူညီမှု မူတရပ် ရရှိ လာပါက အစိုး ရအား ၄င်းမူဖြင့် ချဉ်းကပ် သွားမည်ဟု KIO နည်းပညာ အထောက် အကူပြု အလုပ် အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ဆရာ ဒေါင်းခါးက ဆိုပါသည်။

ဤအစီစဉ် ဖြစ်မြောက်ရေး အတွက် KIO သည် အစိုးရ ကိုယ်စားလှယ် များအား  ပြီးခဲ့သည့် အောက်တိုဘာလ (၉)ရက် နေ့ မြစ်ကြီးနား ဆွေးနွေး ပွဲတွင် တင်ပြ တောင်းဆိုရာ သဘောတူ စာချုပ်ပါ အချက် အားဖြင့် ခွင့်ပြု ခဲ့ပါသည်။ 

UNFC အဖွဲ့တွင် အဖွဲ့ဝင်သစ် အဖြစ် ဒီမို ကရက်တစ်နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (NDAA) ကိုးကန့် အဖွဲ့အား ပြီးခဲ့သည့် အောက်တိုဘာ (၁၀) ရက်နေ့၌ကျင်းပ ခဲ့သည့် ဦးဆောင် ကော်မီတီ အစည်း အဝေး၌ (၁၂) ဖွဲ့ မြောက် အဖြစ် လက်ခံ ခဲ့ပါသည်။ ဤသို့ကြောင့် လိုင်ဇာ အစည်း အဝေးသို့ တက်ရောက် ပါရန် UNFC အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP), ဒီမို ကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ များသာ ထပ်မံ ဖိတ်ကြား ထားခြင်း ဖြစ်ပါသည်။

အစိုးရ ဖက်ကမူ အပစ် အခတ် ရပ်စဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့ အနက် (၁၄) ဖွဲ့နှင့် အပစ်အ ခတ် ရပ်စဲပြီး ဖြစ်ကြောင်း၊ ဤအထဲ KIO နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး (PSLF) သာ ကျန်တော့ကြောင်း ဆိုပါ သည်။ 

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အတွက် ယေဘူယျ မူကြမ်းကို ပြီးခဲ့သည့် အောက်တို ဘာလ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ဇင်းမယ် မြို့ကျင်းပသော UNFC ထိပ်ပိုင်း ခေါင်းဆောင်များ ဆွေးနွေး ပွဲမှ အပိုင်း (၃) ပိုင်း ဖြင့် ချမှတ် ထားပြီး ဖြစ်ကြောင်း ခွန်ဥက္ကာက ဆိုပါသည်။ 

ယင်း အပိုင်း (၃) ပိုင်းတွင် (က) လက်မှတ် မထိုးမှီ သဘောတူ ထားရမည့် အချက်များ () လက်မှတ် ထိုးရမည့် စာချုပ်တွင် ပါရမည့် စာချုပ်ပါ အချက် များနှင့် () လက်မှတ် ထိုးပွဲ၌ ပါဝင် လက်မှတ် ထိုးသူများ စာရင်းတို့ ဖြစ်ကြ ပါသည်။ အသေးစိတ် အချက်အလကများကိုမူ လာမည့် လိုင်ဇာ၌ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ ထိပ်သီး တွေ့ဆုံ ပွဲ၌ မူချော ဆွေးနွေးရန် ရှိသေးသည့် အတွက် ထုတ်ပြန်ရန် စောသေး သည်ဟု UNFC က သဘော ထားခဲ့ ပါသည်။ 

KIO သည် ပြီးခဲ့သည့် အောက်တို ဘာလ () ရက်မှ (၁၀) ရက်နေ့အထိ သုံးရက်တာ ကချင် ပြည်နယ် မြစ်ကြီး နားမြို့မနောကွင်း မဂျွယ် ခန်းမ၌ အစိုးရ ကိုယ်စားလှယ် တို့နှင့် ဆွေးနွေး ခဲ့ပြီးနောက် UNFC အဖွဲ့ အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဆက်တိုက် ဆွေးနွေး ကြမည် ဖြစ်သည်။ 

KIO သည် အပစ်အခတ် ရပ်စဲ ရေးထက် နိုင်ငံရေး ဆွေးနွေး မှုကို လိုလားခြင်း အပြင် နိုင်ငံရေး ဆွေးနွေးမှု များကိုလည်း တိုင်းရင်းသား အားလုံး ပါဝင် လာနိုင် ရေးကို အစဉ် ကြိုးပမ်း နေသည့် အဖွဲ့ ဖြစ်ပါသည်။ ဤသို့ကြောင့် အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ် ထိုးပွဲ အပေါ် အပြီးသတ် သဘော ထားကို လိုင်ဇာဆွေးနွေးမည် ဖြစ်ကြောင်း UNFC အဖွဲ့ဝင် များ၏ အဆိုပြုချက်ကို KIO မှ လက်ခံခြင်း ဖြစ်သည်ဟု ဆရာ ဒေါင်းခါးက ဆိုပါသည်။

KIO ၏ အနစ်နာ ခံမှုသည် တိုင်းရင်းသား များအပေါ် ကြီးစွာ အကျိုး သက်ရောက် စေခဲ့ဟု UNFC အဖွဲ့ဝင် များက ခံယူ သည်ဟု ဆိုပါသည်။ ဤသည်ကို အသိအမှတ် ပြုသော အားဖြင့် လည်းကောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ် မှုကို KIO အား စံထားသော အားဖြင့် လည်းကောင်း ဤသမိုင်းဝင် ဘုံသဘော တူညီချက် ရရှိ ရေးကို လိုင်ဇာဆွေးနွေး စေလိုပြီး ကြေညာ စာတမ်း မှတ်ကျောက် အဖြစ် ဂုဏ်ပြု လိုက်ခြင်းပင် ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။