Wednesday, October 16, 2013

ဒီကနေ့ ဗုံး မနက်ဖြန်.....၊?

(Minmaha Bagan FB Page)

ဗုံးဖေါက် တဲ့ ငနဲက တော်တော် နောက် တယ် နားရွက်တံတွေး တို့သွားသလိုပဲ….့ ထရိတ်ဒါး ဟော်တယ်ကြီးမှာ တက်ပြီး အိုင်ဒီအစစ်နဲ့ တည်းခိုတယ်၊ ပြီးတော့ တော်တော် ငွေရွှင်နေ ပုံပဲ.. တိုင်စီ မောင်းသူကို ငွေ ၇ သောင်း ချပေး သွားတယ်။ ပြီးတော့ သူ့ရဲ့ အိုင်ဒီ ကို လဲ ထားသွားပေး တယ်..ပြီးတော့ သူနေတဲ့နေရာကို လာလမ်း အတိုင်း ဖြောင့်ဖြောင့်ကြီးတန်းပြန်တာ… သူ့နေရာက ဒီကဘေီအေတွေ . .ဘော်ဒါဂတ်တွေ ဇယားရှုပ်နေတဲ့နေရာ သူ့မွဲထ ဆိုတဲ့ရွာကတဲ့…တရွာလုံး မှတ်ပုံတင် မရှိတာ ..ဗုံးဖေါက်ခါနီးမှ မှတ်ပုံတင်. .ကောက်ခါငင်ခါ လုပ်လိုက်ပုံရ တယ်…ဟူး ….စိတ်မောရပါ လား တိုင်းပြည်ရယ်…သူ့ကို မိတဲ့အချိန်နဲ့ စစ်ကိုင်းမှာ ဗုံးကွဲတဲ့ အချိန်က…တချိန်တည်းပဲတဲ့….. သေပြီဆရာ …နံရိုးတွေ အနည်းဆုံး ..၁၀ ချောင်းတော့ သေချာတယ်…..၀န်မခံရင် သေဒဏ် …လုပ်လုပ် မလုပ်လုပ် …..လုပ်တယ်သာပြော..တရားရုံးကျော်သွား တာနဲ့ မင်းကိစ္စ လွတ်ပြီ…..


ခဲတလုံးနဲ့ နေပြည်တော် က ပစ်လိုက်တာ ငှက်တွေ အများကြီး …ကောက်တောင် မနိုင်ဘူး…. အာစီယံအစည်းဝေး နဲ့ နိုဘယ်လ်ဆုကြေငြာမှာ က တိုက်နေတော့ …မိုးစက်ဝိုင်းနဲ့ မကြိုက်သူတွေ များနေတာ မျက်စေ့လည်သွားအောင် မိုးစက်ကလေးနဲ့ ဖြန်းထားပေးပြီ…တပြည်လုံးရန်ဖြစ်နေအောင်လုပ်သွားတယ်..
အာစီယံဥက္ကဌအဖြစ် လက်ခံပြီးတော့ ….မညီမျှတဲ့ ညီမျှခြင်းတွေကို တောင်းဆိုနေတဲ့ လက်ပံတောင်းကို ခြံခတ်တယ်… 


လက်ပံတောင်းကလဲ လက်ပံတောင်းလောက်ပဲ သေရင်ပါသွားမှာမှမဟုတ်တာ ငြိမ်မနေဘူး ဆူဆူညံညံ အသံတွေနဲ့ ပွဲပျက်အောင် အော်ထွက်လာကြလို့ တပြည်လုံးပါလာမှာစိုးတာနဲ့ ဗုံး ၁၀ လုံးနဲ့ ကာဗာလုပ်ပြီး သတင်းခေါင်းစဉ်ပြောင်းပေးတယ် …..ခုဆို လက်ပံတောင်းလဲ ခြံခတ်ပြီးပြီတဲ့…။
အလုံရဲမှူး ၀င်းနိုင်က ဘာပြောတယ်..”ဗုံးခွဲတဲ့လူက အင်မတန်မှ လူသားဆန်ပြီး စာနာ တတ်သူပါ” တဲ့။
သြော် ခက်ရပါလား တစ္ဆောများရယ် …. ရှေ့မှာ တခုခုလုပ်တော့မယ်ဆို ပြသနာ တွေကို ခေါစာ ပစ်သလိုလုပ်ပြီး လူတွေဝိုင်းအုံ စုပြုံပြီး တိုးဝှေ့နေအောင် လုပ်တတ်တဲ့ အောက်လမ်း နတ်ပွဲကနားစီးတွေလိုပဲ။ 


ဒီချုပ်ရဲ့ ၂၀၀၈ ဥပဒေ ပြင်မလား ၊ အသစ်ဆွဲမလားကတော့ မိုက်တိုင်ဆန်ဆီက ခါပတ်ကို ရအောင် ထိုးရမှာ သေချာတယ် ပြင်ချင်တာပဲဖြစ်ဖြစ် အသစ်ဆွဲချင်တာပဲဖြစ်ဖြစ် ….စီမံကိန်းနှစ်ခုလုံးက ..ပေါက်နေတဲ့ လှေအိုပေါ်မှာ ထိုင်နေတဲ့ အဖွါးအိုတယောက် ကမ်းနဲ့ ဝေးသွားသလိုပဲ…
ရှေ့မှာ မရိုးနိုင်တဲ့ ပြကွက်ဆန်းတွေနဲ့ လှည့်ကွက်မာယာတွေက ပဉ္စလက်ဆရာတွေ ငိုကြွေးသွားတဲ့ မျက်ရည်ဂါလံပေါင်း သောင်းခြောက်ထောင်မကထက်တောင် သာနေအုံးမယ်… ဒီကနေ့ဗုံး မနက်ဖြန် ဒုံးတွေအကြောင်း ထပ်ကြားရမလားပဲ…


သေခြာတာ တခုသွားတွေ့တယ်….နောက်တကြိမ် နောင်ရိုးတိုက်ပွဲ အခင်းကျင်းမျိုး …မရှိသရွေ့တော့ ကမ်းတက်ဖို့နဲ့ ကုန်းပေါ်မှာ နေဖို့ ဝေးပါအုံးမယ်။

ဂိုလ်ရှယ်လေး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။