Thursday, October 3, 2013

အပစ်ရပ် လက်မှတ်ထိုးရန် မသေချာသေးဟု ကေအိုင်အေ ပြော

(DVB)


အောက်တိုဘာ ၈ ရက် ကနေ ၁၀ အထိ ကျင်းပဖို့ရှိ တဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာ အပစ်ခတ် ရပ်စဲရေးလက်မှတ် ထိုးဖို့ မသေချာသေး ဘူးလို့ ကချင်လွတ် လပ်ရေးတပ်မတော် (ကေအိုင်အေ) က ပြောဆို လိုက်ပါတယ်။

ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ အတွက်  ကေအိုင်အေ  ငြိမ်းချမ်းရေးဖော်ဆောင် မှု လုပ်ငန်း အဖွဲ့နဲ့   အစိုးရ ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော် မတီက လုပ်ငန်း အဖွဲ့တွေ  မြစ်ကြီးနားမှာ ဒီကနေ့ ဆွေးနွေးပွဲအပြီး ပြောဆိုလိုက်တာပါ။


ကေအိုင်အေ လုပ်ငန်းကော်မတီအဖွဲ့ရဲ့   ပြောခွင့်ရသူ ဦးဒေါင်ခါးက “လက်မှတ်ထိုးနိုင်တဲ့အဆင့်ဆိုတာ ဒီလို ကျေန်ာရှင်းရှင်းလင်းလင်းပြောချင်တယ်။ ကျေန်ာတို့က အစည်းအေ၀းတိုင်းမှာ အမြဲတမ်း လက်မှတ်ထိုးတာတော့ရှိတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေး သဘာတူညီချက်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒီတခေါက် လည်း အဲဒီ အပိုင်းတော့ ဆွေးနွေးကောင်း ဆွေးနွေး မယ်။ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆို တဲ့ဟာက သဘော တရားက လုပ်နေကြဆိုရင် အစည်းအဝေး မှတ်တမ်းမှာ ကျနော်တို့  အမြဲလက်မှတ်ထိုးတယ်။ ဒါပေ မယ့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ဆိုတာမျိုးတော့ အစိုးရ ကလည်း ကြေညာထားပြီး သားပဲ။ ဒါက အားလုံးပါ တဲ့ အခြေအနေ မှာမှ  လုပ်ကြမယ်။”

အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့က အစိုးရနဲ့အေအိုင်အေ လုပ်ငန်းအဖွဲ့တွေရဲ့  ၂ ရက်တာ ဆွေးနွေးပွဲမှာ ပြည်တွင်း ကချင် အိုင်ဒီပီ ဒုက္ခသည် ကိစ္စနဲ့ ပတ်သက်ပြီး မူတခု ကျတဲ့အထိ ဆွေးနွေးဖို့၊ တပ်ပိုင်း ဆိုရာ ကိစ္စတွေ ဆွေးနွေးဖို့၊ နိုင်ငံရေးဆိုင်ရာ စတာတွေ  ဆွေးနွေး ညှိနှိုင်းခဲ့ကြတာပါ။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေမှုဟာ အစိုးရရဲ့ တိုင်းရင်းသားတွေအေပ်ါထားတဲ့  သေဘာထားပေါ်မူတည်ပြီး  ဖြစ်ပေါ်လာနိုင်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

“အလုပ်အဖွဲ့အေနနဲ့ ကျေန်ာပြောမယ်ဆိုရင် အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သေဘာတူညီချက်) ဆိုတဲ့ဟာက နိုင်ငံတော်ရဲ့ လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေဖြစ်တယ်။ ဆိုတော့ အေနှးနဲ့ အမြန်ဆိုဟာက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့ အစိုးရကြား ဘယ်လောက်အထိ ယုံကြည်မှု တည်ဆောက်လို့ရလဲ။ အေကာင်အထည် ဖော်သွားမယ့် နိုင်ငံရေးလုပ်ငန်းစဉ်၊ ဖြေရှင်းသွားမယ့်လုပ်ငန်းစဉ်တွေ ဘယ်လောက်အထိ ပွင့်လင်းမြင်သာပြီးတော့ ရိုးသားမှုရှိလဲ။ နှစ်ဘက်ယုံကြည်မှု ဘယ်လောက်အတိုင်းအတာအထိ တည်ဆောက်လို့ရတယ်ဆိုတဲ့အေပ်ါမှာ အေခြခံသွားမှာပါ။ အဓိကေတာ့ ကျေန်ာတို့ ဦးတည်ချက်ချင်းတူတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေအားလုံးကလည်း ငြိမ်းချမ်းရေးဦးတည်ချင်တယ်။ နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ သေဘာထားတွေ အမြဲတမ်း ဖော်ပြလျက်ရှိတယ်။ အစိုးရေကာ ဒီဘက်ကော ဖော်ပြေနတဲ့ အပိုင်းတွေ အများကြီးတွေ့ရပါတယ်။ အေနှးနဲ့ အမြန်တော့ ဖြစ်သွားမှာပါ။”

ဦးအောင်မင်းခေါင်းဆောင်တဲ့  အစိုးရကိုယ်စားလှယ်တွေနဲ့ ကေအိုင်အို ခေါင်းဆောင်တွေ တက်ရောက်မယ့်   ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို  အောက်တိုဘာလ ၈ ရက်ကေန ၁၀ အထိ မြစ်ကြီးနားမှာ ကျင်းပဖို့လည်း အခုအစည်းအေ၀းမှာ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ကေအိုင်အေဟာ  ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပြီးနောက် အစိုးရက  ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားအေပးခဲ့တဲ့အတွက်  ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

၂၀၁၃ မေလမှာတော့  ကေအိုင်အိုနဲ့ အစိုးရအကြား  ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး  နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်ဖို့၊  နှစ်ဖက်တပ်တွေ ပစ်ခတ်မှုတွေ လျှော့ချဖို့၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စောင်ကြပ်ကြည့်ရှု ရေးအဖွဲ့ဖွဲ့ဖို့၊  နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ စတဲ့ အချက် ၇ နှစ်ချက်ကို သေဘာတူလက်မှတ်ထိုးခဲ့ကြပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။