Wednesday, October 9, 2013

ကေအိုင်အိုနှင့်အစိုးရပြည်ထောင်စု ငြိမ်းချမ်ရေးဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်းအထိ အခြေအနေ

(Kachin Waves)

ဆွေးနွေးပွဲ အားအောက် တိုဘာ ၈ ရက်နေ့တွင် နံနက် ၁၁ နာရီတွင် စတင်ခဲ့ သည်။ ဆွေးနွေး ပွဲစစခြင်း ကေအိုင်အို ကိုယ်စားလှယ်များနှင့် အခြားစောင့်ကြည့်လေ့လာသူ အဖြစ်ပါဝင်လာသည့် ကိုယ်စားလှယ်များအား မိတ်ဆက်ပေးခဲ့သည်။
ပြီးနောက်အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်း၊ဒုဗိုလ်ချုပ်မြင့်စိုးနှင့် ကေအိုင်အိုမှ ဆရာကြီး ဦးဆွမ်လွတ်ဂမ်တို့မှ မိတ်ဆက်စကားပြောခဲ့သည်။


ဝန်းကြီးဦးအောင်မင်းမှ `ဒီနေ့ဟာ ထူခြားတဲ့နေဖြစ်တယ်။ သမ္မတကြီးအဆီယံဥက္ကဌ ရာထူးလွဲပြောင်းလက်ခံလိုက်သည့်နေ့ဖြစ်သည်။တနိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံသား ၅၆ ယောက်ကိုလည်း လွတ်ပေးခဲ့ပြီ။ ဒီ ၅၆ ယောက်မှ ၁၈ ယောက်က ကျွန်တော့်ဆွေးမျိုးကချင်လူမျိုးတွေဖြစ်တယ်´ဟုပြောကြားသွားသည်။
ဦးဆွမ်လွတ်ဂမ်မှလည်း`ဒီနေ့မှစပြီး ပြည်တွင်းစစ်ရပ်ဆိုင်းပြီး စစ်မှန်သော federal ဒီမိုကရေစီပြည်ထောင်စု federal တပ်မတော် ပေါ်ပေါက်ဖို့ တိုင်းရင်းသားအားလုံးတန်းတူညီမျှ အခွင့်အရေးတွင်ရရှိဖို့ မျော်လင့်ပါတယ်´ဟုပြောကြားခဲ့သည်။
ပြီးနောက် ၀န်ကြီးဦးအောင်မင်းမှ ` သမ္မကြီးရဲ့နိုင်ငံရေး ယဉ်ကျေးမှု´ ဆိုသည်စကားလုံး၏ အနေက်အဓိပယ်အား ပြောကြားခဲ့သည်။
ထို့သို့ ပြောကြားပြီးနောက် နေ့လည်စားသုံးဆောင်ကြသည်။
ပြီးမှ ညနေပိုင်း ၂ နာရီမှတွင်ပြန်လည်စတင်ခဲ့သည်။ပြီးနောက် ဒုဗိုလ်ချုပ်မြင့်စိုးမှ မေလဆွေးနွေးပွဲပြီးနောက် တိုက်ပွဲ ၂ ကြိမ်နှင့် ထိတွေ့မှု ၂၉ ကြိမ်သာဖြစ်ပွားခဲ့သည်အတွက် အရင်ထက်စာရင် တိုးတက်လာပြီးဖြစ်ကြောင်းပြောဆိုသည်။
ကေအိုင်အိုဘက်မှလည်း အဆိုပါအခြေအနေသည် တိုးတက်လာပြီဟု ပြောဆိုရန်ခက်ခဲကြောင်းဆိုသည်။
ပြီးညနေပိုင်းပြီးခါနီးတွင်အောက်တိုဘာလ ၉ရက်နေ့ ဒုတိယဆွေးနွေးပွဲနေ့တွင် ပူတွဲစောင့်ကြည့်ရေးကော်မတီ(Joint Monitoring committee) ကိစ္စ စတင်ဆွေးနွေးရန် သဘောတူခဲ့ကြပြီး အစည်းဝေးအား အဆုံးသတ်ခဲ့သည်။
ဆွေးနွေးတစ်နေ့သာ တွင် ၀န်ကြီးဦးအောင်မင်းမှ `သမ္မတရဲ့ နိုင်ငံရေးယဉ်ကျေးမှု´ ဆိုသည့် စကားလုံး၏ အဓိပယ်ကို ၃ ကြိမ်ခန့် အဓိပယ်ဖွင့်ဖို့ခဲ့ကြောင်းလည်းသိရသည်။

အောက်တိုဘာ (၉) ဒုတိယဆွေးနွေးပွဲနေ့

နံနက်ပိုင်း ၈ နာရီကျော်မှ ၁၀ နာရီ ၃၀ မိနစ်ခွန့်အထိ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်းမျးသီးသန့် တွေ့ဆုံခဲ့ကြသည်။
ဘာကိစ္စဆွေးနွေခဲ့ကြသည်မှာ မသိရှိရသေးပေ။
ပြီးနောက်အစည်းဝေးခန်းမတွင် မူ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲ လက်မှတ်ရေးထိုးဖို့ အရေးဆွေးနွေးကြကြောင်းသိရသည်။
Joint monitoring committee ကိစ္စအား TAT အချင်းချင်း အရင်ဆွေးနွေးနေကြောင်းလည်းသိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် UN အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နန်းသီတာ ဟိုတယ်တွင် တွေ့ဆုံခဲ့ကြသည်။
ညနေပိုင်းတွင် Joint monitoring committee ကိစ္စထပ်မံဆွေးနွေးမည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။