Tuesday, October 15, 2013

ဝိုင်းမော်-မြစ်ကြီးနား ဓာတ်အားတိုင်များ သွယ်တန်း

(DVB)

ကချင်ပြည်နယ် မြစ်ကြီးနားအထက်ဘက် မေခမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကေန လျှပ်စစ်ဓာတ်အားပေးဖို့ ၀ိုင်းမော်နဲ့ မြစ်ကြီးနားဘက်ကို ဓာတ်အားတိုင်တွေ သွယ်တန်းနေပြီလို့ ကချင်လူမှုအဖွဲ့အစည်းက ဒေါ်မရန်ဂျာဆိုင်းခေါန်က ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ် ဘယ်နေရာတွေကို အဓိက ပေးမယ်၊ ဈေးနှုန်း ဘယ်လောက် ကောက်ခံ မယ်ဆိုတာကိုတော့ တရုတ် စီပီအိုင်တာဝန်ရှိသူတွေ၊ အစိုးရနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ ညှိနှိုင်းနေကြပါတယ်။


လောလောဆယ် မြစ်ကြီးနားမြို့ကိုတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဘူးဂါးကုမ္ပဏီကေန လျှပ်စစ်ဓာတ်အားပေးနေပါတယ်။ တရုတ် စီပီအိုင်ကုမ္ပဏီဟာ ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်း အပါအ၀င် ရေအားလျှပ်စစ် စီမံကိန်း ၈ ခု လုပ်ဖို့ ပြင်ဆင်ထားပေမယ့် ဒေသတွင်း မတည်ငြိမ်မှုတွေကြာင့် ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းတခုက လွဲပြီး ကျန် စီမံကိန်းတွေ ပြီးစီးမှု မရှိပါဘူး။

ဒါ့အပြင် စီမံကိန်း ပြန်စနိုင်မယ့် အေခြအေန အစိုးရဘက်ကလည်း တာဝန်မယူနိုင်တာကြောင့် စက်ယန္တရားနဲ့ အခြားပစ္စည်းတွေ တရုတ်ပြည်ဘက် ပြန်သယ် သွားပြီဖြစ်ကြောင်းလည်း သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။