Wednesday, October 9, 2013

အစိုးရနှင့်ကေအိုင်အို တပ်ပိုင်းဆိုင်ရာကိစ္စ တံခါးပိတ် ဆွေးနွေး

(DVB)

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့  အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး   ဆွေးနွေးပွဲ ဒုတိယေန့မှာ တပ်ပိုင်းဆိုင်ရာကိစ္စကို လေ့လာသူတွေမပါဘဲ  နှစ်ဖက် ကိုယ်စားလှယ်တွေ တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။

တပ်ပိုင်းဆိုင်ရာကိစ္စမှာ အဓိက အားဖြင့် ၄ လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့တဲ့ အေကြာင်းနဲ့ ဒီထက်တိုက်ပွဲတွေ လျော့သွားအောင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့  ဆွေးနွေးပွဲမှာပါဝင်တဲ့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။


“တပ်ပိုင်းဆိုင်ရာ ကိစ္စေတွကို တံခါးပိတ်ပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ လေးလတာ ကာလမှာ ၂၉ ကြိမ် တိုက်ပွဲတွေဖြစ်ခဲ့တယ်။ တလကို ၇ ကြိမ်လောက်ဖြစ်တယ်။ ဒါကိုလည်း ထက်ပြီးလျှော့ချဖို့ပေါ့။ နောက်ဆုံးကေတာ့ တိုက်ပွဲတွေမဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာ အဓိကပါပဲ။ ကျေန်ာတို့ဆွေးနွေးတဲ့အခါမှာ နှစ်ဖက်ခေါင်းဆောင်တွေကေတာ့ တိုးတက်မှုတွေ အများကြီးရှိတယ်။ အားရဖို့ကောင်းတယ်လို့တော့ပြောတယ်။ ဆွေးနွေးပွဲလေးတွေ ဆွေးနွေးတဲ့ဟာကိုတော့ အေသးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး။”

ဒါ့အပြင် ပြည်တွင်း ကချင် ရွာပုန်းရွာရှောင် (အိုင်ဒီပီ) ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ နှစ်ဖက်အဖွဲ့ကေနပြီး နေရာ ၄ နေရာမှာ ဒုက္ခသည် ကူညီထောက်ပံ့ရေးဆိုင်ရာ  ကနဦး စမ်းသပ်စီမံကိန်းတွေ နှစ်ဖက်အဖွဲ့ပူးပေါင်းလုပ်ဆောင်ဖို့ မူအားဖြင့် သေဘာတူညီမှု ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဒီကိစ္စကေတာ့ အနည်းဆုံး ၄ နေရာလောက် လုပ်ဖို့ မူအားဖြင့် သေဘာတူတယ်။ အဲဒီမူကိုတော့ အလုပ်အဖွဲ့တွေက နှစ်ဖက်ညှိနှိုင်းရေးဆွဲဖို့ သေဘာတူကြပါတယ်။”

မေန့ကေဆွးနွေးခဲ့တဲ့ နှစ်ဖက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ဖို့ ဆိုတဲ့အချက်ကိုတော့ နှစ်ဖက်အလုပ်အမှုဆောင်အဖွဲ့တွေ ဆက်လက်ညှိနှိုင်းကြတယ်လို့ ပြောပါတယ်။
မနက်ဖြန် ဆွေးနွေးပွဲ ဆက်လက်ကျင်းပဖို့ရှိပြီး နှစ်ဘက် အနည်းဆုံး သေဘာတူညီချက် ၅ ချက် ရရှိနိုင်ဖို့ အစိုးရဘက်က မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။