Thursday, October 17, 2013

ဗမာစစ်တပ်မှ လူနေရွာထဲသို့ လက်နက်ကြီးပစ်ထည့် ရွာသား ကလေးငယ်(၂)ဦးဒဏ်ရာရ(၁)ဦးသေဆုံး

(Lachid Kachin)


၁၅.၁၀.၂၀၁၃. ရက်နေ့ ညနေ(၅း၃၀) အချိန် KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ်ရင်း (၁၂) ဒေသ၊ အတွင်းသို့ ကျူးကျော် နယ်ချဲ့ ရောက်ရှိနေ သော မြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၆၉) နှင့် (ခ.မ.ရ-၃၂၃)တပ် တို့သည် အပစ်မဲ့ရွာသားများနေထိုင်ရာ ဂျယ်အူရွာ အနီးရှိ နမ်ဟောမ် ရွာထဲ သို့ အကြောင်းမဲ့လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ၄င်းလက်နက်ကြီးကျည် (၁) လုံးသည် နမ်ဟောမ် ရွာထဲသို့ ကျရောက်ပေါက်ကွဲ သဖြင့် အပြစ်မဲ့ ရွာသား ဦးဝင်းတင် နှင့် ဒေါ်သဲသဲ တို့ ၏သား မောင် ညီညီ (၁၄) နှစ် နှင့် မောင်ဇော်မျိုးချစ် (၃)နှစ် တို့ ထိခိုက်ဒဏ်ရာရရှိပြီး၊ တရုတ်ကလေး (၁)ဦးပွဲချင်းပြီးသေဆုံးကြောင်းသတင်းရရှိပါသည်။
 မြန်မာ အစိုးရ စစ်တပ် (မြစ်ကြီးနားတိုင်းမှူးထွန်းထွန်းနောင်အပါအ၀င်) သည် လွန်ခဲ့သည့် (၅)ရက် အောက်တိုဘာလ(၈၊၉၊၁၀)ရက်နေ့တို့တွင် ပြုလုပ်သော KIO, နှင့် မြစ်ကြီးနားဆွေးနွေပွဲ တွင် ထိုးစစ်မဆင်ရေး စစ်ရှိန်လျှော့ချ ရေး တို့ ကို သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
သို့သော် မြန်မာ အစိုးရ စစ်တပ်သည် နှစ်ဘက်ထိုးစစ်မဆင်ရေး ၊ စစ်ရှိန်လျှော့ချရေးသဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီး(၅) ရက် အကြာတွင် ဤကဲ့သို့ သဘောတူညီချက်စာချုပ်အား ကတိဖေါက်ချက်လိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။