Tuesday, October 1, 2013

ကချင်ဒေသများသို့ ဗမာစစ်အင်အားပိုမိုဖြည့်တင်းလျှက်ရှိ

(Jinghpawkasa)

ကချင်ပြည်မြောက် ပိုင်း ပူတာအို ခရိုင် ဆွမ်ပီယန်ကျေးရွာသို့ ဗမာအစိုးရ စစ်တပ် အင်အား (၂၀၀) ကျော် ခန့် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။ ထိုနည်းသူ ကချင်ပြည် ဗန်းမော်မြို့သို့  ကသာ သဘောင်္ဆိပ်မှ စက်တင်ဘာလ (၂၉) ရက်နေ့ ညနေ (၆း၀၀) နာရီဝန်းကျင်တွင် သဘောင်္နှစ်စီးဖြင့် ဗမာစစ်အင်အား (၄၀၀) ကျော် ထွက်ခွာသွားပြီဖြစ်ကြောင်း ကသာဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။ ဗမာအစိုးရသည် ငြိမ်းချမ်းရေးကို ပါးစပ်မှ တတွတ်တွတ်ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ တိုင်းရင်းသား ဒေသများသို့ စစ်အင်အား အလုံးအရင်း ပို့ဆောင်နေလျှက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။