Saturday, September 14, 2013

KIA ကို ပြန်လည် တိုက်ခိုက်ရန် ဦးတည်နေခြင်း ....

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း 

မြန်မာ့ တပ်မတော်နှင့်ကေ အိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ တပ်မတော်အရာရှိတစ်ဦး ဖမ်းဆီး အသတ်ခံရမှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ-

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း

၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စု ၁ စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်း နယ်မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် သြဂုတ်လ ၂၈ရက်နေ့တွင် မလွတ်ဒမ်းကျေးရွာမှထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် စစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့စဉ် မြေပြင်သတင်း စိစစ်ဖော်ထုတ်ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်ဦးစီးအင်အား ၂၀ ဦးခန့်သည် သြဂုတ်လ ၂၇ ရက်တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၂၈ ရက်နေ့တွင် တပ်အား အသင့်စောင့်ကြို ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ ရက်နေ့တွင် ကေ အိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ အင်ခန်ဂါးကျေးရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ၃၀ ရက်နေ့တွင် ပျောက်ဆုံးအရာရှိသည် ဘက်ဘက်လက်မောင်းတွင် လက်နက်ငယ်ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာ သို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်) လက်နက်ကိုင် အဖွဲ့နှင့် အဆက်အသွယ်ရှိသူတစ်ဦးမှ သွားရောက်သတင်းပို့ခဲ့ သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံအရာရှိအား ပြန်လည်ရရှိရေး ဆောင်ရွက်နေစဉ် စက်တင်ဘာ ၅ ရက်နေ့တွင် အင်ခန်ဂါးကျေးရွာအနီး နေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ်သူမောင်ဖုန်းဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက်အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏ မြောက်ဘက် မီတာ(၁၀၀၀) ခန့်အကွာ တောင်ယာသွားလမ်း၏ ညာဘက် ကိုက်(၁၀၀၀) ခန့်ရှိတောင်စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ် သတ်ဖြတ်ပြီး မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။ တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ်ဆောင် လျှက်ရှိပြီး တွေ့ကြုံရသည့်အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသော ပြဿနာများအား သဘောထားကြီးမားစွာဖြင့်
ထိန်းသိမ်းဖြေရှင်းမှုများ လုပ်ဆောင်လျှက်ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင်ရွက်လျှက်ရှိသော်လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ် ခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျုးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်နှင့်အပေါင်းအပါ ၂၀ဦးခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး
မချမ်းဘောမြို့ နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။

 
facebook  မှာ ပြန့် နှံနေတဲ့ မြန်မာ့တပ်မတော်က စစ်သည်နှစ်ဦး ကျဆုံးနေတဲ့ ဓာတ်ပုံ
 Popular Myanmar News Journal

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ  

တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အ သတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။

''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထား တယ်။ တခြားအဆင့်နှစ်ဦးကတော့ အသတ်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ကောင်စီ က ကေအိုင်အို ကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင် ရွက်ပေးဖို့ တရားဝင်စာပေးပို့ထား တယ်။ သူတို့ဆီကပြန်ကြားတာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အပေါ်မူတည်ပြီး ဆက်လက် ဆောင် ရွက်သွား ပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာသည် စစ်စခန်းနယ် မြေသတ်မှတ်မှုအရ ကေအိုင်အို နယ် မြေမဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံးသွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုး ထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သားခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက်သတ်ဖြတ်တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇကို ရေခဲ တောင်မှ ကယ်ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ်ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါတယ်''ဟု အတည်ပြုပြော ကြားခဲ့သည်။

ဗိုလ်ဇော်မျိုးထက် (နောက်တန်းဝဲမှ လေးဦးမြောက်) ကို ဦးတေဇအား ရေခဲတောင်မှ ကယ်တင်ခဲ့စဉ်က တွေ့ရစဉ်။

ဓာတ်ပုံ- ရောင်နီဦးဖေ့ဘွတ်ခ်
The Yangon Times
 

4 comments:

  1. KIAကိုအမြစ်ပြတ်ချေမှုန်းပါ KIAသတင်းပေးတွေ
    ကိုအပြတ်ရှင်းပါ KIAဖော်လံဖားမီဒီယာတွေကို
    သတင်းထုတ်ဝေခွင့်ပိတ်ပင်ပါ

    ReplyDelete
    Replies
    1. KIA ကို ဖားတာတဲ့။ ပိုတော်လို့ပေါ့နော်။
      သူတောင်းစားနဲ့ သူဌေး ဘယ်သူ့ကို ဖားမလဲ။
      ကိုယ့် အဆင့်ကိုယ်သိ ဗမာ ဖာစစ်တပ်

      Delete
    2. ကိုယ့်အဆင့်ကိုယ်မသိလို့ ချီးတုံးပစ်ကျွေး တာနဲ့ အမြီးနပ်နပ်နဲ့ စစ်ခွေးလုပ်နေတာပေါ

      Delete
  2. ဂမ်ရှောင်September 15, 2013 at 10:02 AM

    KIAနေဝင်တော့မယ် ဂွမ်မော်မသာပေါ်တော့မယ်
    လနန်ဖင်ပြဲတော့မယ်

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။