Thursday, September 5, 2013

မြစ်ကြီးနား - ဗန်းမော် ကားလမ်း မြေပြို

(Kachinwaves)


စက်တင် ဘာ (၂) နေ့  နေ့ လည် ၁ နာရီ ခွဲ အချိန် တွင် မြစ်ကြီးနား- ဗန်မော်ကား လမ်းပေါ်ရှိ (ဒေါ့ဖုန်းယန် မှ ၅ မိုင်အကွာ) ရှိ ခါလားတောင် ပြိုပြီး လမ်း ပိတ် နေလျှက်ရှိသည်။

လမ်းအကွာ အဝေး ပေ ၁၂၀ ခန့်အထိ ပိတ်မိ သွားခြင်းဖြစ်သည်။ မနေ့က ထိုနေရာသို့ ရောက်ရှိခဲ့သည့် ကားများလည်း အကုန် မြစ်ကြီးနား ဗန်မော်မြို့ဘက် သို့ ပြန်ခေါက်သွားကြပြီ ဖြစ်သည်။ 



ထိုလမ်းပြန်ကောင်း ဖို့ရန် အနည်းဆုံး ပြင်ဆင်ချိန် တစ်ပတ်ခန့်ကြာမည် ဖြစ်သည်။

ယခုအချိန်တွေကားများ ထိုတောင်ပြိုသည့်နေရာတွင် ခရီးသည်များပြောင်းကာ ခရီးဆက်နေကြကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။