Thursday, September 5, 2013

မချမ်းဘော့မြို့နယ် အင်ခါကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ နောက်ဆက်တွဲ အခြေအနေ

(Kachinwaves)

အင်ခါကျေးရွာအနီးတွင် လွန်ခဲ့သည့် သြဂုတ်လ ၂၈ နှင့် ၂၉ ရက် က ကေအိုင်အိုနှင့် တပ်မတော်အစိုးရမှ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အင်ခါကျေးရွာသည် မချမ်း ဘော့မြို့နယ်တွင်ပါဝင်သော ရွာတစ်ရွာ ဖြစ်သည်။ အဆိုပါကျေးရွာတွင် အိမ်ခြေ (၂၃)အိမ် ရှိပြီး၊ လူဦးရေ (၁၂၀)ခန့် ရှိသည်။ မချမ်းဘောမြို့ကနေ စက်လှေဖြင့် မလိခ မြစ်ရိုး တစ်လျှောက် ၄ နာရီခန့် စီးရသည်။ထိုကျေးရွာတွင် ရ၀မ်တိုင်းသားများကဖြစ်ပြီး ခရစ်ယာန်များ ဖြစ်သည်။


ရွားသားများသည် သေနတ်သံကြားရသည်နှင့် ကြောက်ရွံ့ကာ ထွက်ပြေးသွား ကြသည်။မည်သည့်နေရာသို့ ထွက်ပြေးသွားသည်ကို မသိရှိကြောင်း မချမ်းဘောမြို့သို့ ရောက်ရှိလာသော မိသားစုများမှ ဆိုသည်။
ထိုကျေးရွာမှ (၄)ဦးသာ မချမ်းဘောမြို့သို့ ရောက်ရှိလာနိုင်ခဲ့သည်။ ထို(၄)ဦးသည်လည်း ဖျားနာပြီး ဆေးသွားကုရန်ဟုဆိုကာ သွားလာနိုင်ခဲ့ခြင်းဖြစ်သည်။

မချမ်းဘော့ရှိတပ်စခန်းမှ တာဝန်ရှိသူများက မချမ်းဘော့မြို့သို့ ရောက်ရှိလာသော အဆိုပါ (၄) ဦးအား ရောက်ရောက်ချင်းညတွင် မကြာခဏ ခေါ်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်။ ထိုသို့စစ်ဆေးခဲ့မှုကြောင်း ဒေသခံများ အခုထိ ဘာမှ မပြောရဲအောင် ကြောက်ရွံ့လျှက်ရှိသည်။

တိုက်ပွဲ စတင်ဖြစ်ဖြစ်ခြင်း တပ်မတော်အစိုးရမှ စက်လှေများအားလုံးအား သွားလာခွင့် ပိတ်ပင်ခဲ့သည့် အတွက် ကျန်ဒေသခံများ မချမ်းဘောမြို့ထိ ပြန်နိုင်ခွင့် မရခဲ့ပါ။

ရွာသားများသည် အခုအချိန်ထိ ဘယ်ဒေသ ဘယ်နေရာတွင် သွားရောက် ခိုလုံနေကြကြောင်း မသိသေးပါ။ သြဂုတ် (၃၀) ရက်နေ့တွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကေအိုင်အိုဗဟိုဌာန နှင့် ပြည်နယ်အစိုးရအား ဆက်သွယ်မေးမြန်းခဲ့သည်။ ထိုနေ့ထိ ကေအိုင်အိုဗဟိုမှလည်း ၄င်းတို့ဆီ ရောက်ရှိလာခြင်းမရှိ ကြောင်းပြောသည်။ ပြည်နယ်အစိုးရမှလည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဘာမှမသိသေးကြောင်း ပြောသည်။

သြဂုတ် ၃၀၊ ၃၁ ရက်နေ့တွင် လည်း မချမ်းဘော့မှ စက်လှေ (၈) စီးဖြင့် အင်ခါဘက်သို့ တပ်အင်အားတိုးချဲ့ခဲ့သည်။ မချမ်းဘော့ဒေသခံများအား စက်လှေသမားအဖြစ် စစ်တပ်အင်ကျီဝတ်ဆင်ခိုင်းကာ ခေါ်ဆောင်သွားပြီး ယခုအချိန်ထိ စက်လှေသမားဒေသခံများမှာလည်း မချမ်းဘော့မြို့သို့ ပြန်လည် ရောက်ရှိခြင်း မရှိသေးကြောင်းသိရသည်။ စက်လှေများမှာလည်း ဒေသခံများပိုင် စက်လှေများဖြစ်သည်။

အခုအချိန်တွင် အင်ခါကျေးရွာဖက်သို့ တပ်မ (၆၆)၊ ပူတာအိုတပ်ရင်း (၄၆)၊ ခလရ(၁၃၇၊၁၃၈) နှင့် ဦးဒန်ဂူးတန် ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့များမှ စစ်အင်အားတိုးချဲ့ လျှက်ရှိကြောင်း ဒေသခံများမှ ပြောသည်။

မချမ်းဘော့၊ ပူတာအိုဒေသခံများသည် အဆိုပါ အင်ခါ ကျေးရွာမှ ဒေသခံများရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေလျှက်ရှိသည်။ ထိုသို့စိုးရိမ် ရခြင်း ရဲ့ အကြောင်းရင်းမှာ ဒေသခံများအား အစားအသောက်လုံလောက်စွာ မပါရှိခြင်း၊ လုံခြုံသည့် ထွက်ပြေးခိုလုံမည့်နေရာမရှိခြင်း၊ တပ်သားများရဲ့ နှိပ်စက်မှုများ ခံရမည်ကို ဒေသခံများမှ စိုးရိမ်နေကြခြင်းဖြစ်သည်။

လမ်းတလျှောက်တွင် တပ်အင်အားတိုးချဲ့ထားခြင်းကြောင့် ဒေသခံများ မိမိအစီအစဉ်ဖြင့် ပြန်လာနိုင်ရန် အခက်အခဲများစွာရှိနေသည်။

ထို့ကြောင့် အင်ခါဒေသခံများအား မချမ်းဘော့၊ ပူတာအို မြို့သို့ အမြန်ဆုံး ရောက်ရှိလာအောင် သွားရောက် ခေါ်ဆောင်ဖို့ အရေးကြီးနေပါသည်။

အခုအချိန်တွင် မချန်ဘော့မြို့တွင် ဗျူဟာမှူးကိုယ်တိုင် လာရောက်ကွပ်ကဲနေသည်။ မြို့ပတ်ပတ်လယ် နှင့် လမ်းတံတားများ တွင်လည်း တပ်သားအား လုံခြုံရေးချထား ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ယင်းအခြေအနေများနှင့်ပါတ်သတ်ပြီး မချမ်းဘောမြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးဖုန်ဆန့် သည် မချမ်းဘောမြို့နယ်သို့ ရောက်ရှိနေပြီး မနက်ဖန်တွင် ဗျူဟာမှူးနှင့် တွေ့ဆုံမည်ဖြစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ယင်းအခြေအနေများအတွက် အစည်းအဝေးပြုလုပ်လျှက်ရှိသည်။
www.facebook.com/kachinwavesnews



စက်တင်ဘာ (၄)နေ့ နံနက်ပိုင်းတွင် အင်ခါးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးထံမှ သိရသည့် နောက်ဆက်သွယ် အခြေအနေ..
(၁) အခုအချိန်တွင် အင်ခါးကျေးရွာတွင် ကလေးနှင့် သက်ကြီးရွယ်အိုများ အယောက်(၅၀) ခန့်ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
(၂) လူလတ်ပိုင်းများသည် ရွာအနီးနားရှိ တောများတွင် တိမ်ရှောင်းနေကြ ကြောင်းသိရသည်။
(၃) ထိုကျေးရွာမှလူအယောက်(၁၁)သည် မချမ်းဘော့မြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
စက်တင်ဘာ(၄)ရက်နေ့တွင် အင်ခါးကျေးရွာကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရမှ အစည်းအဝေးကျင်းပခဲ့ကြသည်။
ထိုအစည်းအဝေးပြီး ကချင်ပြည်နယ်အစိုးရမှ မီဒီများအား
(၁) အခုကိစ္စလုပ်ကိုင်ရန် တပ်ပိုင်းဆိုင်ရာကိစ္စများဖြစ်နေသည့်အတွက်ကြောင့် ပြည်နယ်အစိုးရမှ လုပ်ပိုင်ခွင့် အပြည့်အ၀ မရှိကြောင်းပြောသည်။
(၂) တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်သည့်အတွက် ယနေ့မချမ်းဘော့မြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ဦးဖုန်ဆန့်နှင့် ပူတာအိုစစ်ဗျူဟာမှူးတို့တွေ့ဆုံပြီး ၄င်းတို့မှ ထွက်ရှိလာသည့် ဆုံးဖြတ်ချက်အတိုင်းတာ ကချင်ပြည်နယ်အစိုးရမှ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
(၃) အခြေအနေမကြာခင် ပြန်လည်တည်ငြိမ်သွားမှာဖြစ်ကြောင်းပြောသည်။
(၄) အခြေအနေပြန်လည်တည်ငြိမ်သွားပါက ကချင်ပြည်နယ်အစိုးရမှ မချမ်းဘော့အထိသွားရောက်ပြီး ဒေသခံများအား ကူညီးသွားရန်အစီအစဉ်ရှိကြောင်းပြောသည်။
(၅) ထိုကျေးရွာတွင် ဒေသခံ (၆၅) ခန့်ရှိကြောင်းပြောသည်။
(၇) ဒေသခံ (၁၆)ယောက်သည် မချမ်းဘော့မြို့သို့ရောက်ရှိနေပြီး  ဆွေမျိုးအိမ်တွေ မှာ နေနေကြကြောင်းပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။