Saturday, September 14, 2013

ကေအိုင်အိုနဲ့ အစိုးရတပ် တိုက်ပွဲဆက်တိုက်ဖြစ်

(DVB)

ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုး၇အကြား ငြိမ်းချမ်းရေးအတွက် အလုပ်အဖွဲ့ချင်း မေတွ့ဆုံခင် ရက်ပိုင်းအတွင်းမှာ ကချင်ပြည်နယ်တောင်ပိုင်းမှာ နှစ်ဘက်အကြားတိုက်ပွဲ ၄ ရက် ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ငြိမ်းချမ်းရေးအတွက် ကေအိုင်အိုနဲ့ အစိုးအကြား ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နှစ်ဘက် အလုပ်အဖွဲ့ချင်းတွေ့ဆုံဖို့ ဒီလ ၁၆ ရက် ၁၇ ရက် ချိန်းဆိုထားကြတာပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့လောက်ကစပြီး ကချင်ပြည်နယ်တောင်ပိုင်းအေခြပြု ကေအိုင်အို တပ်ရင်း ၁၂ ထိန်းချုပ်ဂွင်ထဲကို အစိုး၇တပ်တွေ ၀င်ရောက်ရာက တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ စစ်သတင်းရပ်ကွက်တွေက ဆိုပါတယ်။


ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်းအောင်က ခုလို ပြောပါတယ်။

“အခုဖြစ်နေတာက ကေအိုင်အို တပ်မဟာ (၃) ဧရိယာဘက်မှာ ရှမ်းပြည်မြောက်က ရမခ (အေရှ့မြောက်တိုင်းစစ်ဌာနချုပ်)က အစိုးရတပ်တွေလာပြီးမှ မန်စီမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်”

ကချင်စစ်သတင်းတွေကို ဆက်တိုက်ရေးသားနေတဲ့ ကချင်သတင်းဌာနက အယ်ဒီတာ ကိုနော်ဒင်းကို မေးကြည့် တဲ့အခါ ကေအိုင်အိုတပ်မဟာ (၃) လက်အောက်ခံတပ်ရင်း (၁၂) နဲ့ (၂၇) တို့နဲ့ အစိုး၇တပ်တွေ ဆယ်ရက်နေ့က စပြီး တိုက်ပွဲဖြစ်ပွားနေတာလို့ ပြောပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းအေခြပြု အစိုးရတပ်တွေပါ ကူညီတိုက်ခိုက်နေတယ်လို့ ပြောပ့ါတယ်။

“အခုကချင်ပြည်နယ်တောင်ပိုင်းမှာဖြစ်တဲ့ကိစ္စကေတာ့ အစိုးရတပ်တွေက အဲဒီဘက်ကို စစ်ရေး လှုပ်ရှားလာတယ်။ အဲဒါကြောင့် သူ့နေရာမှာပဲ သူနေမယ်ဆို ဘာပြသနာမှ မရှိဘူး။ ဒါပေမယ့် ခုက ကေအိုင်အေ ရှိတဲ့နေရာကို စစ်ရေးလှုပ်ရှားလာ တယ်။ ကေအိုင်အေက ခုခံရင်းနဲ့ တိုက်ပွဲဖြစ်တဲ့အေခြအေန။ အဂင်ါနေ့က စပြီး တိုက်ပွဲတွေဖြစ်တာပေါ့။ အခုဆိုလို့ရှိရင် လေးရက်ရှိပြီ။ ဒါကြောင့် နှစ်ဘက်ဆွေးနွေးပွဲကို ကေအိုင်အေဘက်က ပြောထားတာကေတာ့ ထိခိုက်နိုင်တယ်ပေါ့”

အဲဒီနေရာမှာ ကေလးစာသင်ကျောင်း။ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေရှိတာကြောင့် ကျောင်းတွေပိတ် ထားရသလို စစ်ပြေးဒုက္ခသည်တွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲသတင်းကို အစိုးရဘက်က တရားဝင်သတင်းမထုတ်ပါဘူး။ ဒါ့အပြင် ရှမ်းပြည်နယ်တွင်းမှာလည်း ကေအိုင်အိုတပ်မဟာ (၄) လက်အောက်ခံတပ်ရင်း (၂) နဲ့ အစိုးတပ်အကြား လွန်ခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ အတည်မပြုနိုင်သေးပေးမယ့် ဒီတိုက်ပွဲတွေကြာင့် အနည်းဆုံး ငါးဦးထက်မနည်းသေဆုံးတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်၊

ဒီတိုက်ပွဲသတင်းတွေကို နှစ်ဘက်စလုံးက မထုတ်ပြန်ပေမယ့် ဒီတိုက်ပွဲတွေကြာင့် မြစ်ကြီးနားမှာကျင်းပမယ့်ဆွေးနွေးပွဲအေပါ် သက်ရောက်မှု ရှိမရှိစောင့်ကြည့်ရမှာပါ။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကောင်မတီနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေ မြစ်ကြီးနားမြို့မှာ မေလက တွေ့ဆုံကြတုန်းက တဖက်နဲ့တဖက် စစ်ရေးအရှိန်လျော့ချကြဖို့အပဘါအ၀င် အချက် (၇)ချက်ကို သေဘာတူခဲ့ပြီး အလုပ်အဖွဲ့တွေ ဖွဲ့စည်းပြီး ဆက်လက်ဆွေးနွေးဖို့ သေဘာတူခဲ့ကြပါတယ်၊

2 comments:

  1. Kiaနေဝင်တော့မယ် ဂွမ်မော်မသာဖြစ်တော့မယ်
    Kiaစောက်ရူးတွေကိုအပြတ်ရှင်းတော့မယ်

    ReplyDelete
  2. စစ်တုရင် ကစားလားအောင့်မေ့ရတယ် အသက်ပေးလိုက် ရ သူတိုင်းမှာ မိဘ တွေနဲ့ မျက် ရည်တွေ ဘယ်ခမ်းပါ့မှ မလဲ တသွင် သွင် စီးနေ ရောပေါ့ နောက်ဆုံးရလဒ် အကျိုးအမြတ်က ဘာလဲ ဘယ်သူက သေ သေချာချာသိ ။ မင်းနေ ရာ အရပ်ဒေသမှာ နည်းပညာမရှိ။ အတတ်ပညာမရှိ။ ဝင် လာသမျ လက်ကမ်းလို့ကြို မင်းပြည်သူဆိုတာ ဖာသာသာ ဖြစ်နေတော့မယ် မင်းဘေးမှာ ရိုက်လို့ ဝါးမြိုဖို့ မင်းနှမ တွေ သွေးနဲ့ ရောမြိုဖို့ ဂွေးတက်အောင် မင်းကို မြှောက် ပေါင်း ထားသူတွေကို မင်းအဖေ ထပ်ခေါ်လိုက်စမ်း

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။