Monday, September 30, 2013

ကေအိုင်အေနှင့်အစိုးရ အောက်တိုဘာ ပထမပတ်အတွင်း တွေ့မည်

(DVB)

ကချင်လွတ်လပ်ရေးတပ်မေတာ် (ကေအိုင်အေ) လုပ်ငန်းအဖွဲ့နဲ့ အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့  လာမယ့် အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အေ လုပ်ငန်းကော်မတီရုံးခန်းမှာပဲ တွေ့ဆုံမှာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၈ ရက်ကေန ၁၀ ရက်အထိ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေးတာလို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။


ကေအိုင်အေဟာ  ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပြီး  အစိုးရက  ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရေး ဖိအားအေပးခဲ့တဲ့အတွက်  ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

၂၀၀၃ မေလမှာတော့  ကေအိုင်အိုနဲ့ အစိုးရအကြား  ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး  နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်ဖို့၊  နှစ်ဖက်တပ်တွေ ပစ်ခတ်မှုတွေ လျှာ့ချဖို့၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စောင်ကြပ်ကြည့်ရှု ရေးအဖွဲ့ဖွဲ့ဖို့၊  နေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ စတဲ့ အချက် ၇ နှစ်ချက်ကို သေဘာတူလက်မှတ် ထိုးခဲ့ကြပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။