Sunday, September 29, 2013

အင်ခါဂါးကျေးရွာ ၏ လက်ရှိ နောက်ဆုံးအခြေအနေ

(Kachin Waves)

အင်ခါဂါးကျေးရွာသို့ သြဂုတ်လ ၂၈၊ ၂၉ တိုက်ပွဲဖြစ်ပြီး တစ်လပြည့်ဖို့ (၂) ရက်အလိုတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) နှင့် ရ၀မ်ရိုရားနှင့်ယဉ်ကျေးမှုပါတီအဖွဲ့တွေ ပထမဦးစွာ သွားရောက်နိုင်ခဲ့သည်။ ထိုကျေးရွာသို့ သွားရောက်ခဲ့သည် ဆရာများမှ ပြောကြားချက်အရ အင်ခါဂါးကျေးရွာဒေသခံများ၏ အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) အင်ခါဂါးမှာ အိမ်ခြေက (၁၉) လုံးရှိတယ်။ လက်ရှိ ရွာတွင်ရှိနေသည့် ဒေသခံတွေက ၅၃ ဦးရှိတယ်။ ကျား ၂၃ ယောက်က် နှင့် အမျိုးသမီး ၃၀ ယောက်ဖြစ်တယ်။ ရွာက အိမ်တိုင်းမှာစစ်သားတွေရှိတယ်။ ညလည်းတစ်အိမ်ထဲအတူတူအိပ်ရတယ်လို့ဒေသခံတွေက ပြောပြတယ်။ သင်းအုပ်ဆရာအိမ်တွေမှာတော့ ဗိုလ်တွေအိပ်တယ်။ စစ်သားတွေက ဒေသခံတွေကို ဘယ်မှမသွားခိုင်းဘူး။ တောင်ယာသွားမည်ဆိုလည်း စစ်သားတွေက လုံခြုံရေးပေးမယ်ဆိုပြီး အတူတူသွားရတယ်။ စပါးတွေလည်း အခုက စားလို့ မရတော့ဘူး။ ရိတ်သိမ်းချိန် လွန်သွားလို့ စပါးကို ကြိတ်လိုက်ရင် ဆန်လုံး မဖြစ်လာတော့ပဲ အမှုန့်တွေပဲထွက်လာတယ်။ ဒေသခံတွေက စစ်သားတွေမပါပဲ တောင်ယာကို သွားဖို့ပြောသော်လည်း စစ်သားတွေက နောက်ကနေလိုက်တယ်။

(၂) -ဒေသခံတွေပြောတော့ ရွာသား (၃)ယောက်တော့ ဆုံးသွားပြီလို့ ယူဆကြတယ် ။ ကလေး (၃)ယောက်ဖခင် ဦးခေါဒွပ့် နှင့် အသက်(၂၂)ခန့်ရှိ လူငယ်တစ်ဦးဖြစ်သူကို ယွန်ခါခင် နှင့်အခြားတစ်ဦးမှာ သေဆုံးမှုသေချာပြီလို့ ယူဆနေကြတယ်။ ဒေသခံတွေ အနေနဲ့ ရွာနားရှိတဲချောင်းဘေးနှင့် ရွာစွန်နားတွင် အနံ့တွေ ရတယ်လို့ပြောကြတယ်။ အင်ခါဂါးကျေးရွာမှ သင်းအုပ်ဆရာ ဦးရမ်မိုင်ကိုယ်တိုင်ပြောတော့ သူကိုကတော့(၄)ရက်တိတိ ကြိုးချည်ထားပြီး နှိပ့်စက်မှုတွေ ပြုလုပ်ခဲ့တယ်။ ဘာကြောင့် နှိပ်စက်တယ်ဆိုတော့ သူ့ဆီမှာ လက်လုပ်တိုမီး သေနတ်မိလို့တဲ့။ ထိုသေနတ်ကသူ ဟိုအရင်က အစိုးရပြည်သူ့စစ်လုပ်တုန်းရထားတဲ့သေနတ်ဖြစ်တယ်။ဘယ်လောက်ပဲရှင်း ပြပြသူ့ကို (၄)ရက်တိတိ ကြိုးတုတ်ထားပြီး ထမင်း (၃) နပ် မကျွေးပဲထားတယ်။ သေနတ်တွေနဲ့ရိုက်တယ်။ ညှိသူကြီးတွေကို သံလုံးနဲ့ကြိတ်ပေးတယ်။ထိုသို့ နှိပ်စက်ထားကြသည့် ဟိုတလောကဆို လမ်းတောင် မလျှောက်နိုင်ဘူးတဲ့။ အခုနောက်ပိုင်းဆို တပ်က ခဏခဏလက်ဆောင်တွေနဲ့လာပြီး သူ့ကိုလာတောင်းပန်တာတွေ လုပ်တယ်တဲ့။

ဒေသခံတွေရဲ့မျက်နှာမှာ အခုထိပြုံးတဲ့အရိပ်အယောင်မတွေ့ရဘူး။ အားလုံးက ငိုတဲ့မျက်နာနဲ့။ တချို့ဆိုရင်ကြိတ်ပြီးငိုနေကြတာကိုေ တွ့တယ်။ နာက်နေ့ စာသင်ကျောင်း ရှေ့က မြက်ခင်းပေါ်မှာ ဆုတောင်းပွဲတယ်။ တချို့ဒေသခံတွေက ငိုပြီးထိုင်နေကြတယ်။ မျက်ရည်ကို ခိုးသုတ်နေကြတယ်။

(၃) သူတို့အားလုံးမှာ စိတ်ဒဏ်ရာကအကြီးအကျယ်ရနေကြပြီ။ ကြောက်စိတ်တွေဝင်နေကြသည်။ ကျန်မားရေးလည်း မကောင်းကြတော့ဘူး။ အားလုံးကို ခေါ်ပြီး ဆေးကုပေးရမည့် အခြေအနေရောက်သွားပြီ။ အခုလောလောဆယ်ဆယ်တော့ အူတက်နာ နှင့် နှလုံးရောဂါဖြစ်နေပြီး ဆေးကုသရန်လိုအပ်နေသည့် ဒေသခံ (၁၇)ယောက်လောက် ရွာမှာရှိနေတယ်။ မေး--အင်ခါဂါးကိုရောက်တော့ဆရာတို့ ဒေသခံတွေနဲ့ လွတ်လွတ်လပ်လပ် သွားလာပြောဆိုနိုင်ခဲ့သလား။
-ကျွန်တော်တို့က ဒဏ်ရာရနေတဲ့ သင်းအုပ်ဆရာဦးရမ်မိုင်ကိုခေါ်သွားချင်တယ်။ ဒါပေမဲ့ထိုရွာမှာက အူတက်နာတာနဲ့၊ နှလုံးရောဂါဖြစ်တာနဲ့ဒေသခံ (၁၇)ယောက်လောက် ရှိနေတယ်။ သူတို့အားလုံးကိုခေါ်သွားပြီး ဆေးကုပေးဖို့ တပ်ကခွင့်မပြုဘူး။ တပ်ကပြောတာတော့ မနက်ဖြစ် တဖက်ခါ ဒီဒေသခံတွေကို လွတ်လွတ်လပ်လပ်သွားလာခိုင်းမယ်လို့ပြောတယ်။ အခုကစက်လှေလည်း (၄)စီးပဲရှိတယ်။ ကျွန်တော်တို့စီးလာတာက (၂)စီး နဲ့ နောက်(၂)စီးက တပ်ကစီးရမှာတဲ့။

(၄) ကျွန်တော်တို့တက်လာတော့ အင်ခါဂါးကျေးရွာ အထက်က အင်ခိုင်ယန်ဆိုတဲ့ကျေးရွာက ဒေသခံတွေက ကျွန်တော်တို့စက်လှေတက်လာတော့ ဒေသခံတွေ အယောက် (၄၀)လောက် စက်လှေဆိပ် ကိုရောက်လာကြတယ်။ စက်လှေမဆန့်လို့ (၂၁)ကိုပဲခေါ်လာနိုင်ခဲ့တယ်။ သူတို့အားလုံးကို အခုနောင်ခိုင်ဘုရားကျောင်းဝင်းရှိ စစ်ရှောင်စခန်းမှာပဲ ထားထားတယ်။ အခုဆိုရင် ထိုစခန်းမှာ (၄၄) ယောက်ရှိပြီ။ ဒီ (၄၄)ယောက် အားလုံးနီးပါးက အင်ခါဂါးကျေးရွာက မဟုတ်ဘူး။ ဘေးနားရွာဖြစ်သည့် အင်အိုင်ကျေးရွာမှဖြစ်တယ်။

(၅) အခုလောလောဆယ်ဆယ် သူတို့လိုအပ်တာက အစားအသောက်တွေနဲ့ အ၀တ်အစားတွေ။ ကျန်းမားရေးကုသမှုတွေလည်းအများကြီးလိုတယ်။ လူများလာရင်တော့ မချမ်းဘော့ကိုပြောင်းမှာ။ဒီမှာရောက်လာတဲ့ဒေသခံတွေ အတွက်တော့ သိပ်စိတ်မပိုရတော့ဘူး။ ဒါပေမဲ့ကျွန်တော်တို့ စိုးရိမ်ရတာတစ်ခုက အင်ခါဂါးကျေးရွာဒေသခံတွေကို ဒီဘက် သွားခိုင်းမလား မသွားခိုင်းဘူးလားဆိုတာ မသိဘူး။
အခုသွားလာလို့ရပြီလို့တော့ပြောတယ်။ ဒါပေမဲ့စက်လှေတွေအားလုံးလည်း သူတို့လက်ထဲမှာ။ ထိုကိုသွားဖို့က စက်လှေနဲ့သွားတဲ့လမ်း တစ်လမ်းပဲရှိတာလေ။ သွားလာလို့ရပြီဆိုလည်း စက်လှေတွေက သူတို့လက်ထဲမှာဆိုတော့ မသေချာဘူး။ အထက်ရွာ(အင်ခိုင်ရွာ)ကလည်း စစ်ပြန်ဖြစ်မှာကြောက်လို့ သူတို့လည်း အရမ်းပြောင်းချင်ကြတယ်။ သူတို့ကိုလည်း လာကြိုဖို့ မတတ်နိုင်ဘူး။ သနားစရာတောမှာ ဒီတိုင်းပဲ ကြောက်ကြောက်နဲ့နေနေကြတယ်။

(၆) တပ်က ပြောတော့ ဒေသခံတွေရဲ့ပစ္စည်းတွေ အိမ်မွှေးတရိစ္ဆာန်တွေဘာမှ မယူဘာဘူး။ ကောင်းကောင်း စောင့်ရှောက်ထားပေးတယ်လို့ပြောတယ်။ ကေဒေသခံတွေပြောတော့ စစ်ဗိုလ်အိပ်တဲ့အိမ်ရယ်၊ သင်းထောက်အိမ်ရယ် ကျောင်းဆရာအိမ်ရယ် ထို(၃)အိမ်လွဲပြီး ကျန်မိသားစုအားလုံးမှ ပစ္စည်းဥစာများ က ဘာတစ်ခုမှမရှိတော့ဘူး။ကြက်သွန်သံတောင် မကြားရတော့ဘူး။

အခုအချိန်မှာအင်ခါဂါးကျေးရွာ ဒေသခံအတွက်အရေးကြီးဆုံးက သူတို့ထိုကျေးရွာက နေအမြန်ဆုံးရွှေ့ပြောင်းနိုင်ဖို့ပဲ။မချမ်းဘော့မြို့ ကို ဒေသခံအားလုံးပြောင်း လာချင်ကြတယ်။ စစ်သားတွေနဲ့ အတူနေတဲ့ဘ၀ကနေ လွှတ်မြောက်ဖို့။ သူတို့လွှတ်လွှတ်လပ်လပ် နေထိုင်စားသောက် သွားလာ နိုင်ဖို့ပဲ။ ဒေသခံတွေက စစ်သားတွေ သူတို့ရွာတွေ အိမ်တွေမှာလာနေတာကို မကြိုက်ကြဘူး။´

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။