Friday, September 27, 2013

ကချင်နှစ်ခြင်းအသင်းတော်အဖွဲ့ အင်းခါးဂါးကျေးရွာသွာပြီ

(Kachin Waves)

အင်းခါးဂါးကျေးရွာဒေသခံများ၏ အခြေအနေသွားရောက်ကြည့်ရှုရန် ဗျူးဟာမှူးမှ တစ်ညအိပ်ခွင့်ချက်ဖြင့် ကချင်နှစ်ခြင်းအသင်းတော်အဖွဲ့နှင့် ကြံခိုင်ရေးပါတီများ ထိုကျေးရွာသို့ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့သွားပြီးဖြစ်ကြောင်းသိရသည်။ 

`ဟိုကဒေသခံတွေကို သွားခေါ်ဖို့သွားတာတော့ မဟုတ်ဘူး။ အခြေအနေမှန်သိအောင် သွားကြည့်တဲ့သဘောပဲ။ သူတို့ပြန်လာမှ ဒေသခံတွေ အတွက် ဘာဆက်လုပ်ပေးရမယ်ဆိုတာ ကိုသိမှာ။´ဟု ပိုတာအိုနှစ်ခြင်းအသင်းတော်မှ သာသာရေးဆရာတစ်ဦးကဆိုသည်။

မြစ်ကြီးနားမှရောက်ရှိလာသော ချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် မှဆရာ(၃)ဦးနှင့် ပိုတာအိုမှအသင်းတော် ဆရာ(၂) စုစုပေါင်း (၅)နှင့်အတူ ကြံခိုင်းရေးပါတီဝင်အချို့ သွားပြီဖြစ်ကြောင်းလည်းသိရသည်။ကြံခိုင်ရေးမှ လူဦးရေ မည်မျှပါဝင်သည်ကို အတိအကျမသိရပါ။ 

အခုကဲ့သို့ သွားလာနိုင်ရန် ပိုတာအို နယ်မြေခံဗျူးဟာမှူးမှ တစ်ညအိပ် ခွင့်ပြုချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ သွားရောက်နိုင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရပြီး ယခုအကြိမ်သည် ပထမဆုံး အကြိမ်သွားနိုင်ခဲ့ခြင်းဖြစ်သည်။

မချမ်းဘော့မြို့နယ်ရှိ အင်းခါးဂါးကျေးရွာအနီးတ၀ှိက်တွင် ကေအိုင်အို နှင့် တပ်မတော်မှ သြဂုတ် (၂၈၊၂၉) တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုအကြိမ် ပထဆုံးအကြိမ်သွားရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရစဉ် အိမ်တွင်ကျန်ရစ်ခဲ့သည့် မိသားစု အသုံးအဆောင်များ၊ အိုး၊ ခွက်၊ ပန်းကန်များ၊ ဓားများ၊ အိမ်မွေးတရိစ္ဆာန်များ အစရှိသည် မိသားစုပိုင်များအား အစိုးရတပ်မတော်သားများမှ အကုန်ယူသွားကြပြီး ဖြစ်ပြီး အခုအချိန်တွင် ထမင်းချက်စားရန် ထမင်းအိုတောင် မရှိသည့် အနေအထားဖြစ်နေကြောင်းနှင့် အစားအသောက် အခက်အခဲများလည်း များစွာရှိနေကြကြောင်း အင်းခါးဂါးကျေးရွာမှ မချမ်းဘော့သို့ရောက်ရှိနေသော ဒေသခံတစ်ဦးမှ ဆိုသည်။

အခုအချိန်တွင် ကချင်နှစ်ခြင်းအသင်းအသင်းတော်မှ ဖွင့်လစ်ထားသည် ပိုတာအို မြို့နယ်ရှိ နောင်ခိုင်နှစ်ခြင်းဘုရားကျောင်းရှိ စစ်ရှောင်စခန်းတွင် အင်းခါးဂါးနှင့် အနီးတ၀ိုက်ကျေးရွာမှ ဒေသခံများ အယောက်(၂၁) ယောက် ရောက်ရှိနေပြီဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။