Monday, August 19, 2013

လိုင်ဇာ fm လိုင်းပြတ်တောက်နေ။

(Kachin Waves)
မိုးကြီးရွာသွန်းပြီး မိုးကြိုးစက်ကွင်းမိ၍ သြဂုတ်လ ၁၄ ရက်နေ့ မှ စတင်ပြီး ရုတ်တရုတ် ထုတ်လွင့်မှု ပြတ်တောက်သွားမှုအပေါ် ဒေသခံများက အကြောင်းရင်း မသိရသောကြောင့် စိတ်မကောင်းလျှက်ရှိနေသည်။

`ဘာကြောင့်မှန်းမသိပဲ ချက်ခြင်းကြီးပျက်သွားတော့ လိုင်ဇာ fm ရှိရာဌာနကို အစိုးရတပ်တွေဝင်လားပြီး တိုက်ပွဲတွေ ဖြစ်နေပြီး မလွင့်နိုင်တော့တာလားလို့ အရမ်းစိုးရိမ်းသွားတယ်။ လိုင်ဇာfm နားမထောင်ရတော့ ကျွန်တော်တို့ လူမျိုးတွေ တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ်ပြတ်သွားသလိုခံစားရသည်။´ဟု လိုင်ဇာ fm အား အမြဲနားဆင်နေသူ မြစ်ကြီးနားဒေသခံ လူမှု့ အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသော မမိုင်းမိုင်းကဆိုသည်။

လိုင်ဇာ fm အားလိုင်ဇာမြို့ တွင် အခြေစိုက်ပြီး ကချင်ပြည်နယ်၏မြို့ ကြီးများဖြစ်ကြသော မြစ်ကြီးနား၊ ဗန်မော်၊ ရွှေကူ၊ မိုးကောင်း၊ မိုင်ဂျာယန်၊ အင်ဂျန်ယန်၊ လိုင်ဇာအနီးတ၀က်တွင် ၈၉.၆ နှင့် ၈၉.၅ နေရာဒေသကွဲလွဲပြီး ဖမ်းယူနားဆင်နိုင်သည်။

လိုင်ဇာfm ပြတ်တောက်မှု အပေါ် တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကေအိုင်အို ဗိုလ်မှူးကြီး ဦးမရန်ဇော်တောင်မှ `မိုးအရမ်းရွာပြီးမိုးကြိုး စက်ကွင်းအနည်းငယ်မိပြီးစက်ကို နဲနဲလေး ထိသွားတာ။ အခုပြင်နေပြီ မကြာခင် ပုံမှန်အတိုင် ပြန်လည် ထုတ်လွင့်တော့မည်။´ဟုဆိုသည်။
လိုင်ဇာ fm အား ကချင်အမျိုးသားအားလုံးနှင့် အဆက်အသွယ်ရှိစေရန် ၂၀၁၂ မေလပိုင်းမှ စပြီး စတင်ထုတ်လွင်လျှက်ရှိသည်။

စစ်သတင်း၊ဒေသသတင်း၊ နိုင်ငံတကာသတင်း များအားနေစဉ် နံနက်နှင့် ညနေ ၇နာရီမှ ၈နာရီကြား ထုတ်လွင့်လျှက်ရှိသည်။ နံနက် ၈နာရီ နေ့လည်၁၂ ထိ နှင့် ညနေပိုင်း ၅နာရီမှည ၁၀ နာရီအထိတွင်မူ သီချင်းတောင်းသည် အစီအစဉ်များ၊ ကဗျာများ၊ စကားပုံများ၊ မိန့် ခွန်းများ နှင့် အခြားစိတ်ဝင်းစားစရာကောင်းသော အစီအစဉ်များအား ထုတ်လွင်လျှက်ရှိသည်။

` ကချင်သီးချင်းတွေ သတင်းတွေလည်းကြားရတော့ အရမ်းအကျိုးရှိတယ်။ အခုနားမထောင်ရသော စိတ်မကောင်းဘူး။´ဟုကချင်ပြည်နယ်တွင် လယ်ယာမြေ အရေးလုပ်ဆောင်နေသူ တစ်ဦးဖြစ်သူ ဦးဇော်တောင်ကဆိုသည်။

လိုင်ဇာ fm အစီအစဉ်အားလုံးအား ကချင်တိုင်းရင်းသားဘာသာ စကားများဖြင့် ထုတ်လွင်လျှက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။