Thursday, August 15, 2013

ထကြည့်ပါအုံး

(Minmaha Bagan FB page)

“အမလေး….. ထကြည့်ပါ အုံး .. ဒေါ် တရား ဥပဒေ နဲ့  ဦး စိုးမိုး တို့ ရယ် သေသွားတာ ကြာလှရောပေါ့ နည်းတဲ့ နှစ်တွေမှ မဟုတ်တာ.. ဟီးဟီး …ဟီး…“ ငိုချင်း ချရတော့မည်။

ဟုတ်ပါသည် တရားဥပဒေ စိုးမိုးရေး သေးဆုံးသွားခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်သွားလေပြီ… ၁၉၆၂ ဗိုလ်နေ၀င်း စစ်အာဏာစတင် သိမ်းယူခဲ့သော ကာလမှဖြစ်သည်။


စစ်တက်အုပ်ချုပ်ရေးမှ အရပ်ဝတ်ပုဆိုးဖြင့် ဗိုလ်နေ၀င်းတို့ တပ်အသွင်ပြောင်း ( တပ်ထွက်မဟုတ်ပါ) တို့က အကလိမ်ပေါင်းစုံဖြင့် ယုံပေါင်းစုံဝင်လာစေရန် ချုံပေါင်းစုံကို ထွင်ခဲ့ကြသည်။



ယခုရော ဘာထူးသနည်း? စစ်တပ်အသွင်းပြောင်း ဗိုလ် သိန်းစိန်တို့၏ ကလိမ်ပေါင်းစုံတို့၏ အစီမံဖြင့် တည်ဆောက်ထားသော ချုံပေါင်းစုံအတွင်းသို့ (ဒီချုပ်မှ ယုံမယ်တော်ကြီး) နှင့် အချို့သော တိုင်းရင်းသားယုံကလေးများအပြင် အေဘီအစ်ဒီအက်ဖ် ABSDF နီညိုညိုရောင် ယုံများ သွားရောက် ခိုဝင်နေကြလေပြီ။


တိုင်းရင်းသားများနှင့် ငါပွက်ရာ ငါးမြားကြသော နိုင်ငံရေးသမားနှင့် ပညာရှင်အဖြစ်ကြွားလုံးထုတ်ကာ သမ္မတ အကြံပေးနေရာတွင် သွားရောက်နေရာယူဖက်တွယ်နေသော သူများအား မေးခွန်းတခု တည်းမေးလိုက်ချင်သည်။


ယခု ဒုတိယပင်လုံညီလာခံဟု အော်သည်။ နိုင်ငံရေးပါတီတချို့က ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဟု အော်သည်၊ တချို့သော အဖွဲ့စည်းများက ၂၀၀၈ ဥပဒေ ဖျက်သိမ်းပြီး အခြေခံဥပဒေအသစ်ရေးဆွဲရေးသို့ အော်နေကြပြီ။ 


ထိုသို့ အသံများ ကုလားဘုရားလှည့်လာသကဲ့သို့ ဗလောင်ဆူပွက် ထွက်လာလေပြီ၊ သေချာခိုင်မာသောမေးခွန်းတခု ရှိနေလေပြီ….. မည်သို့သော အသံများဆူလောင်ထွက်ပေါ်လာလင့်ကစား မည်သူ၏ အုပ်ချုပ်မှုအောက်တွင် ဖေါ်ပြပါသော အသံများ တောင်းဆိုမှုများ ဆောင်ရွက်မှုများ အား ပြုလုပ်ကြမည်နည်း? ဟု မေးခွန်းထုတ်ရတော့မည်။ လက်ရှိ နေပြည်တော် အစိုးရအောက်တွင် ပင်လုံညီလာခံ ကျင်းပကြမည်လော? လက်၇ှိအုပ်ချုပ်နေသော အစိုးရအောက်တွင်ဝယ် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအား ဆောင်ရွက်ကြမည်လော? လက်ရှိအစိုးရအောက်တွင်ပင် ၂၀၀၈ နဂစ်မုန်တိုင်း ဥပဒေအားဖျက်သိမ်းကာ နောက်ထပ် ဥပဒေအသစ် ရေးဆွဲနိုင်စရာ အကြောင်းတရားများ ၇ှိလာနိုင်မည်လော?


ဖေါ်ပြပါမေးခွန်းများအား တခုတည်းသာ အဖြေရှိနိုင်သည်။ 


လက်ရှိအစိုးရသည် ပြည်သူလူထုလိုအပ်ချက် တောင်းဆိုချက် ထောက်ခံချက်နှင့်အညီ ဖြစ်တည်ပေါ်ပေါက်လာသော အစိုးရ မဟုတ်ပါလျှင် ဘယ်သို့သော ကြောင်းများကြောင်း အကြင်သူတို့ အဖွဲ့စည်းတို့ လူမျိုးစုတို့၏ အကျိုးအား တည့်တည့်ရှု့မြင်ကာ ဆောင်ရွက်နိုင်ပါမည်နည်းပင်ဖြစ်သည်။
ဖေါ်ပြပါ အကျိုးကြောင်းတို့အား သံသယပွါးများမည်ဆိုလျှင် စာရေးသူမှ ခိုင်ခိုင်မာမာ ထောက်ပြရတော့မည်။


ယခု လောလော လတ်လတ် ကလေးမှာပင် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ အားဖျက်သိမ်းရန်တောင်းဆိုသော တချိန်က အင်္ဂါဒေါင့် ဆုတောင်းရေးအဖွဲ့ ခေါင်းဆောင် ဒေါ်နော်အုံးလှအား လက်ပံတောင်း မှရွာသားများနှင့် မုံရွာတွင် တရိစ္ဆာန်သဖွယ်ဖမ်းဆီးကာ ကားပေါ်သို့အတင်း ပစ်သွင်းခဲ့ကြသော ၂၀၀၈ ဥပဒေ၀န်ထမ်းများဟု ၀ိသေသရှိကြသည့် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လေသည်။ ထိုဆောင်ရွက်ပြုမှူချက်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးခင်းမပေါ်ပေါက်မှီ ကိုထင်ကျော် နှင့် အပေါင်းပါများ၊ လက်ရှိ ၈၈ ပွင့်လင်းလူ့အဖွဲ့စည်းခေါင်းဆောင်များ အပြင် မစုစုနွေးတို့အား ရန်ကုန်မြို့လယ်ခေါင်ထဲမှာပင် မည်သို့မည်ပုံ ဖမ်းဆီးသွားသည်ကို ပြန်လည် လေ့လာသင့်ပေ၏။


ယခင် မပြောင်းလဲသော နိုင်ငံ တခုအဖြစ်ဖမ်းဆီးသော ကာလနှင့် ယခု ဒေါ်အောင်ဆန်းစုကြည်အပါဝင် နေပြည်တော် စစ်ဘက်ပြောင်း အရပ်သားတပိုင်း အစိုးရ၏ ပြောင်းလဲနေပြီဖြစ်သော ကာလဟု အများသူငါအား ယုံသွင်းကာ ဆက်လက် ဖမ်းဆီးနေပုံ မျက်ကွယ်စီရင်ကာ ပြစ်ဒဏ်ပေးနေပုံတို့သည် တထပ်တည်း တထေရာတည်း ဖြစ်နေသည်ကို အထင်းသားမြင်တွေ့ရသည်။


ပိုပြီးသေချာအောင် ဖေါ်ပြရပါလျှင် ယခင် စစ်အစိုးရလက်ထက်တွင် အဓမ္မသိမ်းယူ အပိုင်စီးထားလေသော အိုးအိမ်ခြံမြေနှင့် လယ်ယာများအား တဦးတယောက်က ယခုပြောင်းလဲနေပြီဆိုသော ကာလတွင် အရှင်းကင်လွတ်စွာ ပြန်လည်ပိုင်ဆိုင်ခွင့် လုပ်ပိုင်ခွင့် ရနိုင်ပြီးလော?ဟု မေးခွန်းတခု ထုတ်ရပေလိမ့်မည်။ 

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှ လွတ်တော်ကိုယ်စာလှယ် ရှေ့နေ ဦးသိန်းညွန့်မှ ပြည်ထောင်စုတော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်လုံးတွင် နိုင်ငံရေးအရ မျက်မုန်းကျိုး အညှိးထားကာ ၄င်းနေထိုင်သော သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း(၁)(၂) (၃) စသော ရပ်ကွက်များအပြင် အခြား လူနေရပ်ကွက်များအား တရားဥပဒေအညီမဟုတ်သော အဓမ္မပြောင်းရွေ့စေခဲ့မှုအား လွှတ်တော်တွင် တင်ပြခဲ့ပြီးသားဖြစ်သည်မှာ အထင်ရှားဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင် ဒေသ၏ ရင်ဆိုင်ကြုံတွေ့နေရမှုအား သက်ဆိုင်ရာ လွှတ်တော် အမတ်များနှင့် လူထုခေါင်းဆောင်အပါဝင် ၈၈ ပွင့်လင်းတို့ ပါစပ်ပိတ် တိတ်ဆိပ်နေသည်မှာ အံသြဖွယ် ပြောင်းလဲမှုများဟုပင် ဆိုနိုင်ပါသည်။ လူထုခေါင်းဆောင် မယ်တော်ကြီးနှင့် ၈၈တို့အား စာရေးသူအနေဖြင့် မိမိ၏ အတွေ့ကြုံအား ပြန်လည် ဝေမျှ တင်ပြဖို့လိုလာပါသည်။ အကြောင်းမှာ စာရေးသူနှင့် ခင်မင်နေကြသော နိုင်ငံတကာမှ သင်းထောက်များထဲမှ Freelence Journalist အဖြစ် ကမ္ဘာပတ်ကာ သင်းယူနေသော သတင်းထောက် Roland Watson ရိုလန်ဝက်ဆင်၏ အမြင်အား တင်ပြလိုပါသည်။


လက်ပံတောင်းဒေသ၏ အခက်ခဲများအား အမှန်တကယ် သူ့အကျိုးကိုယ့်အကျိုးဟုခေါ်သော တိုင်းပြည်အကျိုးအား မည်သို့သောရှု့ထောက်မှ ပြုလုပ်ဆောင်ရွက်သင့်ကြောင်း အောက်ပါ စာပိုက်တွင် အထင်ရှားတွေ့နိုင်ပါသည်။


အဆိုပါသတင်းထောက်၏ အမြင်အား အကျဉ်းချုပ် တင်ပြရသော်……………+
မည်သို့သော သတ္တုတွင်းများ မဆို နိုင်ငံတကာ၏ သတ်မှတ်ထားသော စံနုံန်းများနှင့်အညီ ဆောင်ရွက်လုပ်ကိုင်သင့်သည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြေယာပိုင်ဆိုင်သော သူ သို့မဟုတ် ဒေသခံတို့၏ ပိုင်ဆိုင်မှု အခွင့်ရေးအား အကာကွယ်ပေးဆောင်ရွက်ရပါလိမ့်မည်။


ထိုဒေသခံတို့သည် ၄င်းတို့၏မြေယာပိုင်ဆိုင်မှုများတင်မက ၄င်းမြေယာ၏ သံယံဇာတများကိုပါ ပိုင်ဆိုင်ကြသည့်အပြင်။ ၄င်းမြေယာနှင့်ပတ်သက်သော ကောင်းကင် တူရူးတည့်တည့်ကိုပါ ပိုင်ဆိုင်ကြ၏။ အဆိုပါ အခြေခံ အဆောက်အုံပိုင်ဆိုင်မှုသည် ပိုင်ဆိုင်ခွင့်ရှိသော မြေပိုင်ယာပိုင်တို့၏ ပိုင်ဆိုင်မှု အခွင့်ရေးဖြစ်၏။ ထိုအခွင့်ရေးအား မည်သို့သော လူသားတို့၏ အစည်းအသင်းအဖွဲ့တို့တွင်မဆို တွဲဖက်ပြဌာန်းရသော ကိစ္စဖြစ်ပြီး ဥပမာအရ ဆိုရသော် ၄င်းတို့ ပိုင်ဆိုင်သော မြေယာများအား တူးဖေါ်ခြင်း လုပ်လိုသည်မလုပ်လိုသည် နာဂတ်တွင် ရောင်းချလိုသည် မရောင်းချလိုသည်မှာ ၄င်းပိုင်ဆိုင်ထားသူတို့၏မူလ အခွင့်ရေးဖြစ်သည်။ အဆိုပါ မြောယာပိုင်ဆိုင်သူတို့အား (လက်ရှိ လက်ပံတောင်းဒေသအတွင်းမှ တနိုင်ငံလုံး အရ) အတင်းမဓမ္မ ရောင်းချရန်သို့မဟုတ် သိမ်းဆည်းရန် မရှိစေသင့်ပေ။


သတ္တုနှင့် တွင်းထွက်တခုခု တူးဖေါ်ရန် အဆိုပါ မြေပိုင်ရှင်မှ ရောင်းချခဲ့ပါလျှင် မြေပိုင်ရှင်သည် ရောင်းချသော မြေတန်ဘိုးအား တခါတည်း ပိုင်ဆိုင်ခွင့် ရရှိသည်ပင်မက အဆိုပါ လုပ်ငန်းနှင့်ဆက်စပ်ထွက်ပေါ်လာမည်ဖြစ်သော အကျိုးမြတ်နောက်ဆက်တွဲများကိုပါ ပတ်သက် ခံစားပိုင်ခွင့်ရှိလေသည်။ အကြောင်းမှာ မြေရောင်းချသော ကာလနှင့်ပတ်သက်သော ကုန်ဈေးနုံန်းနှင့် နောက်တွင် ထပ်မံမြင်တက်ဆင့်ပွါးလာသော ကုန်ဈေးနုံန်းတို့၏ အခြေခံပေါ်တွင် ခံစားပိုင်ခွင် တပါတည်းရှိနေလေသည်။


အထက်ဖေါ်ပြပါ ပိုင်ဆိုင်မှုဆိုင်ရာ ပြဌာန်းချက် အခွင့်ရေးများ သေခြာခိုင်မာမှသာလျှင် ၄င်းတို့ ပိုင်ဆိုင်သော မြေပေါ်တွင် တူးဆွ ဖေါ်ထုတ်ခွင့်ဆိုသော အခွင့်လမ်းများ ရှိနိုင်ရမည်။


အခြားသောအခြေခံ တန်တူအခွင့်ရေးများမှာ….
မြေယာများအားတူးဖေါ် ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်ခြင်းမပြုမှီကပင် သဘာ၀၀န်းကျင်နှင့်ပတ်သက်သော စည်းမျဉ်းစကေးများ ကိုက်ညီမှုရှိရမည်အပြင် ၄င်းသဘာဝပတ်ဝန်းကျင်၏ စံနုံန်းစကေးများအား လိုက်နာကျင့်သုံးမှသာလျှင် တူးဖေါ်ဆောင်ရွက်ခွင်ွှ့ပြုသင့်သည်။


အဆိုပါ စံနုံန်းများထဲတွင် မြေယာများအားတူးဖေါ်ခွင်ွှ့ပြုသော အစိုးရ အာဏာပိုင်အဖွဲ့စည်းသည် သဘာ၀၀န်းကျင်၏ အရေးကြီးသော ရေထု လေထု ညစ်ငြမ်းမှုတို့အား သေချာလုံလောက်သော လုံခြဲုံအကာကွယ်ပေးထားမှုများ အပြင် ၀န်းကျင်ဒေသ၏ သန့်ရှင်းစိုပြေတည်ငြိမ်မှုတို့အား ကာကွယ်ပေးထားသော အစီမံများ အခိုင်မာထည့်သွင်းထားရပေမည်။


ထို့အပြင် လက်ရှိ တရုတ်ပြည်တွင် ဆောင်ရွက်ပြုလုပ်နေသော မူအရ ဥပဒေအရ သင့်တော်သော စက်ယန္တယားများကိုအသုံးပြုစေပြီ ထိုလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေကြသော လုပ်သားများအား လုံခြုံစိတ်ချရသော အစီမံနှင့် ကြိုတင် အသိပေးအကာကွယ်ပြုလုပ်ပေးနိုင်သော နည်းပညာများ တပ်ဆင်အသုံးပြုရမည်။ သတ္တုတွင်းလုပ်ငန်းများသည် အလွန် အန္တရယ်ကြီးမားသော လုပ်ငန်းဖြစ်သည့်အလျောက် လုပ်သားများနှင့် သဘာဝ ၀န်းကျင်အားထိခိုက်ခြင်း အလျှင်းမရှိစေသော စည်းကမ်း နည်းနိတ်သယမျိုး ရှိရမည်။


ထိုတင်မက မိုင်တွင်းလုပ်သားများလွတ်လပ်စွာစုပေါင်းထားသော လုပ်သား သမ၈္ဂ အတည်တကျရှိရမည်ဖြစ်ပြီး မိုင်းတွင်းနှင့်ပတ်သက်သော ဘေးအန္တရယ်ဆိုင်ရာ ကျရောက်နိုင်မှုတို့အား သက်ဆိုင်ရာ လုပ်ငန်း ကုမ္မဏီမှ အလေးမထားခဲ့လျင် လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်တောင်းဆိုပိုင်ခွင့် ရှိရပေမည်။


နောက်ဆုံးအချက်နေဖြင်ဆိုရသော သတ္တုတွင်းလုပ်ငန်းကြောင့် ပျက်စီးဆုံးရှုံးသွားသော မြေယာများအား စိမ်းလန်းစိုပြေအောင် ပြန်လည်အစားထိုး မြေများထည့်သွင်းပေးရမည်ဖြစ်ပြီး ၄င်းအစားထိုးမြေများအပေါ်တွင် မူလ မြေပိုင်ရှင်များ ပြန်လည်လုပ်ကိုင် စိုက်ပျိုး စားသောက်နိုင်အောင်စီမံပေးရမည်ဖြစ်သည်။


အထက်ဖေါ်ပြပါ အချက်လက်များကြောင့် မည်သို့သော သတ္တုတူးဖေါ်ရေး လုပ်ငန်းခွင်များ အသစ်သို့မဟုတ် လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းများသည် အဆိုပါဖေါ်ပြချက် နိုင်ငံတကာ စံနုံန်းနှင့် အညီ ဆောင်ရွက်လုပ်ကိုင်ခြင်း မရှိပါက လုပ်ငန်းဆောင်ရွက်ခွင့်များအား လုပ်ကိုင်စေခြင်းများ မရှိသင့်ကြောင်း ဖြစ်ပေသည်။


လုပ်ငန်းဆောင်ရွက်မှုမှ ရလာသော အကျိုးမြတ်အား မည်သို့ ကိုင်တွယ် အသုံးပြုမည်ကို အင်္ဂလိပ်ဘာသာဖြင့်တင်ပြထားပြီး စာဖတ်သူများတောင်းဆိုပါလျင် ဆက်လက် ဘာသာပြန်တင်ပြပေးပါမည်။


အနှစ်ချုပ်ဆိုရသော် အမှီးကျက် အမှီးစား ခေါင်းကျက် တကိုယ်လုံးစားနေသသော မသမာ မမျှတသည့် အစိုးရနှင့် ၄င်းတို့စီမံကိုင်တွယ်နေသော စနစ်ဆိုးကြောင့် တရားဥပဒေ စိုးမိုးရေးမှာ သေဆုံးနေရသည်ကို လက်ရှိ ပြုပြင်ပြောင်းလဲရေးအား တစိုက်မတ်မတ်ဆက်လက်ဖြစ်ပေါ်နေကြောင်း လုပ်ဆောင်နေကြောင်း ဆောင်ရွက်နေကြောင်း ဆိုသည့် အစိုးရအဖွဲ့နှင့် ၄င်းတို့အား ကျားကန်အထောက်ပံ့ပေး အကာကွယ်ပေးပြီး တချိန်က မိမိတို့ကဲသို့ပင် အကျဉ်းထောင်ထဲ၏ အမှောင်ခန်းများမှ မိတ်ဆွေများသည် ယခုလက်ရှိ သမာ သမတ်မကျမှု တရားဥမဒေစိုးမိုးခြင်းမရှိမှုတို့ကြောင့် အဓမ္မဖမ်းဆီးခြင်းခံရကာ ယခင် အကျဉ်းထောင် အမှောင်ခန်းများသို့ ပြန်လည်ရောက်ရှိနေကြသည်ကို ထကြည့်ကြပါအုံးလို့ စာရေးသူ ဂိုလ်ရှယ်လေးမှ တိုက်တွန်းပါသည်။


Any new mines, and mine expansion, should only be done following the strictest international standards, which activists around the world have struggled for decades to achieve. The first of these is protection of the property rights of the villagers on whose land such deposits are located.


Since the villagers own the land, they further own the mineral rights (and also the air rights above). This is a fundamental tenet of property ownership, in any society that has a functioning rule of law. This means it is their decision if the land should be mined or not. For example, they may decide to sell the mineral rights at this time, and vacate the land; or hold onto the land for sale at a future date (and hopefully a higher price); or not to sell at all. They should never be coerced to sell, or suffer an outright theft, as occurred at Letpadaung through confiscation.


Landowners who do sell may also receive not only a one-time payment, but a residual participation from the sale of the minerals. This way they profit if the deposit proves to be larger than expected, and also if commodity prices increase over time. Again, under a functioning rule of law, all such terms are negotiated and then included in the contract that actually transfers the land title and mineral rights.


Other standards are as follows:


There should be an independently-prepared environmental impact assessment, before approval for the mine is even given. Indeed, such an assessment may make it clear that the project should not proceed.


This approval (and licensing) by the government, should also be contingent on the development of strong environmental safeguards for the mine’s operations, including the treatment and disposal of tailings, water and smokestack effluent, etc.


There must also be appropriate safety equipment and precautions for workers. Mining is an exceedingly hazardous occupation. Miners in Burma should never have to risk their lives unnecessarily, as, for example, is now the norm in China.


Furthermore, the miners must have the ability to unionize, and to strike if such safeguards are not in place.


Finally, and also as part of the project’s initial review and approval, a land reclamation plan must be prepared for when the mine runs out. Importantly, this requires that an escrow account be established, to which regular deposits are made during the mine’s operation, to fund the reclamation.


No new mine or mine expansion should proceed in Burma until this development model can be followed, including the expansion at Monywa. Also, once the model is established it will set a precedent that should be applied to any new mine in the country, of whatever mineral, and more generally any large-scale development (agricultural, industrial, etc.).


To repeat a point that I have made before, the fact that Burma has extremely limited economic development is not a weakness; rather, it is one of its greatest strengths. With patience and care, the country can be developed in a way that preserves its character, and cultural diversity, and environment. This type of development will yield benefits for decades if not centuries to come.


An additional issue is taxation of the business’ profits. It is through these taxes that all the people of Burma will benefit, since the funds can be used for essential infrastructure and programs.


The open questions are: (1) Overall, can this type of development model now be implemented; and (2) specifically, can such projects be organized without corruption so they are properly regulated and taxed, so the regime and its cronies are not enriched, and so the taxes are used for programs like education and health care, not just more military expenditures for the Tatmadaw? I understand that this is asking a lot, but frankly, no new projects should be built until all of these conditions can be satisfied. This in turn means that any new project should proceed at a snail’s pace, to give the country time to learn how to manage developments in this way, and to put in place both the personnel and the systems that are required for it, including for project approval and licensing procedures; taxation; other regulatory structures; new law and legal systems, especially for property transfers; and for all of these, related computer systems.


The protests in Monywa should be expanded into a national movement, if the government refuses to follow this development paradigm.


စာဖတ်သူများအား အထူးကျေးဇူးတင်ပါသည်
ဆက်လက် ဖေါ်ပြပါဦးမည်
ဂိုလ်ရှယ်လေး
ကြိုက်သလောက်ရှယ် အမှန်တရားတွေသာ ဖြစ်ပါတယ်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။