Friday, August 16, 2013

တစ်ကျော့ပြန် ကချင်စစ်ပွဲ နှစ်နှစ်ပြည့် စာအုပ်မိတ်ဆက်

(Mizzima)

ရက်ပေါင်း ၇၃၀ တစ်ကျော့ပြန် ကချင်စစ်ပွဲ နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရေးသားထားသည့် “730 Days Of Conflict in Kachin” အမည်ရှိသည့် စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ရတနာမြိုင်ကွန်ဒို၊ Myanmar Media Library ဒုတိယအထပ်တွင် သြဂုတ် ၁၅ ရက်က ကျင်းပပြုလုပ်သည်။

ထိုစာအုပ်မိတ်ဆက်ပွဲတွင် ပွဲစီစဉ်သူ ဦးစိုးဝင်းငြိမ်းက “ဒီပွဲမှာ ကျွန်တော်က စာအုပ်စီစဉ်သူအနေနဲ့ရော၊ သတင်း မှတ်တမ်းတင် ဓာတ်ပုံအနေနဲ့ရော ပါဝင်ပါတယ်။ အရင်ခေတ်တုန်းက ပြည်တွင်းမှာ သတင်းမီဒီယာတွေက စစ်ပွဲ သတင်းရေးပြီဆိုရင် တင်ခွင့်မရှိဘူးလေ။ စာပေစိစစ်ရေးတွေလည်း ရှိတယ်။ ပြည်ပက မီဒီယာတွေပဲ ရေးသားလို့ ရတယ်လေ။ အဲဒီတုန်းက ကျွန်တော်တို့ ဖောက်ထွက်ပြီး ရေးသားထားတဲ့မှတ် တမ်းတွေကို စုပြီး ဖော်ပြထား ပါတယ်”ဟု ပြောသည်။


အဆိုပါစာအုပ်တွင် ပါဝင်ရေးသားထားသူ သတင်းစာဆရာ ဦးရဲမိုးက “တစ်နှစ်ပြည့်ကချင်စစ်ပွဲနှင့် အမျိုးသား
ပြန်လည်သင့်မြတ်ရေးဆောင်းပါးကို တရုတ်ပြည်ကို ဖြတ်ပြီးတော့ စစ်တကယ်ဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာရဲ့ အခြားတစ်ဖက်ကမ်းမှာရှိတဲ့ လိုင်ဇာမြို့မှာ ကချင်စစ်ပွဲသတင်းကို သွားရေးသားတာပါ။ ဒီသတင်းကို လွန်ခဲ့တဲ့ ၂၀၁၂ မေလတုန်းက သွားယူတာပါ၊ သတင်းသွားယူတာတော့ ရက်ပိုင်းပဲကြာပါ တယ်”ဟု ပြောသည်။

ထိုတစ်ကျော့ပြန် ကချင်စစ်ပွဲ နှစ်နှစ်ပြည့် စာအုပ်တွင် သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ၊ ကာတွန်း၊ ကဗျာများကို စုစည်းပြီး ထုတ်လုပ်ထားသည်။ ထိုစာအုပ်တွင် သတင်းစာဆရာ ၁၅ ဦး၊ သတင်းဓာတ်ပုံဆရာ ၁၂ ဦး၊ ကဗျာဆရာ ခုနစ်ဦးနှင့် ကာတွန်းဆရာနှစ်ဦးတို့၏ လက်ရာများ ပါဝင်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။