Friday, July 19, 2013

ဒုက္ခသည် ပြန်ပို့ရေး၌ UNFC နှင့် UNHCR တို့ ပူးတွဲတောင်းဆို

(ရွှေဟင်္သာသတင်းဌာန)

ကုလသမဂဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီး (UNHCR)၊ ထိုင်းအစိုးရနှင့် မြန်မာ အစိုးရတို့ သုံးပွင့်ဆိုင် သဘောတူညီမှု ဖြင့်သာ မြန်မာ ဒုက္ခသည်များအား နေရပ်သို့ ပြန်ပို့သင့်ကြောင်း UNHCR နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့က ပူးတွဲတောင်းဆို လိုက်သည်ဟု UNFC အတွင်း ရေးမှူး (၁) ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။ 


“ ဆွေးနွေးပွဲကို မနေ့က ဇင်းမယ် UNFC ရုံးမှာ တွေ့ဆုံပြီးတော့ သဘော တူခဲ့တာဖြစ်တယ်။ သူတို့ကတော့ ကျနော်တို့ UNFC နဲ့ အစိုးရတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒုက္ခသည်အရေးကိစ္စ အစီအစဉ် ရှိသလား ဆိုတာ သိချင်တယ်။ ပါတယ်ဆို ရင်လည်း UNHCR မဟာမင်းကြီး ရုံးဖက်က သတင်းအချက်အလက် အရပဲဖြစ်ဖြစ် နည်းပညာ အရပဲဖြစ်ဖြစ် အထောက်အကူ ပေးနိုင်ဖို့အတွက် လာပြီး ပြောတာပါ။ UNHCR အနေနဲ့ကတော့  လောလောဆယ် အနေအထားမှာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ အစီအစဉ် မရှိသေးပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ အေးချမ်းတည်ငြိမ်ပြီး စိတ်ချရတဲ့ အချိန်မှာမှ သုံးပွင့်ဆိုင် လက်မှတ်ထိုးပြီးမှ ပြန်ပို့မှာပါဟု ဆိုပါသည်။

ဒါ့အပြင် UNHCR သည်UNFC နှင့် အစိုးရတို့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွင် ကြားနေအဖြစ်သာနေပြီး ဒုက္ခသည်များ အတွက် လူ့အခွင့်ရေးရှု့ထောင့်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် အတွက်လည်း UN ရုံးချုပ်ရှိ အထွေထွေ အတွင်းရေးမှူးမှ သွယ်ဝိုက်သည့် နည်းဖြင့် တွန်းအားပေး ကူညီပေးလျှင် ရနိုင်မည်ဖြစ်ကြောင်း ပြောသွားသည်ဟု ဆိုပါသည်။

UNFC ၏ နိုင်ငံရေး ဆွေးနွေးပွဲတွင်လည်း ဒုက္ခသည်အရေးသည် အစီအစဉ် တစ်ခုအနေဖြင့် ပါင်မည်ဖြစ်ကြောင်း၊ ဒုက္ခသည်အရေးသည် UNFC မူတွင် ပြည်တွင်းစစ် အရေးဖြစ်သည် သတ်မှတ်ထားသည်ဟု ဆိုပါသည်။ ပြည်တွင်းစစ်သည် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံရေးအရ အစိုးရဘက်မှတွေ့ဆုံဆွေးနွေးမှု မပြုလုပ်လျှင် နိုင်ငံရေးအရ သဘောတူညီချက် မရလျှင် ဒုက္ခသည်ကို ပြန်လည်နေရာချဖို့ အလျင်စလို မလုပ်သင့်ကြောင်း နှင့် တည်ငြိမ်အေးချမ်းမှု မရှိသေးလျှင် ပြန်မပို့သင့်ကြောင်း အပြန်အလှန် ဆွေးနွေးကြသည်ဟု ဆိုပါသည်။

ယခုဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးမှ ထိုင်းနိုင်ငံ ဆိုင်ရာ တာဝန်ခံ Ms. Mireille Girard ၊ မဲဆောက် တာန်ခံ ပီယံတို့ ၂ ဦး နှင့် UNFC ကိုယ်စားလှယ်အဖြစ် ခွန်ဥက္ကာနှင့် သြပေါမူတို့ က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

အစိုးရသည် နိုင်ငံရေးအရ ဆွေးနွေးမှု မပြုသေးပဲ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို အလျှင် လုပ်လာခဲ့လျှင် UNFC အနေနှင့် လုံးလက်ခံမည် မဟုတ်သလို လက်မှတ်ရေးထိုးမည် မဟုတ်ပါ။ နိုင်ငံရေးအရ ဆွေးနွေးပွဲဖြစ် ပေါ်ရန် အစိုးရဘက်မှ အာမခံချက်ကို ဦးစွာ လက်မှတ် ထိုးပေးပြီးမှ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို သဘောတူ မည်ဖြစ်သည် ဟုဆိုပါသည်။ 

နိုင်ငံရေးအရ ဆွေးနွေးပွဲမရှိပဲ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး စီးပွားရေးလိုလို၊ ဖွံ့ဖြိုးရေးလိုလို အချိန်ဆွဲသွားခဲ့လျှင် အနှစ် ၂၀၃၀ ကြာသည့် အချိန်ထိ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မလာခဲ့လျှင် ဗိုလ်ချုပ် ခင်ညွန့်ခေတ် အတိုင်း ပြန်လည် ဖြစ်သွားနိုင်ပါတယ်” ဤသို့ကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် အတိအကျ အကောင်အထည်ဖော်သည့် အချိန်ရမှသာလျှင် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးမှ ပိုမှန်သည်ဟု ကိုင်စွဲထားကြောင်း ဆိုပါသည်။

UNHCR သည် ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့ မှ (၁၃) ရက်နေ့အထိ ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR အစည်းအဝေး၌ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များအား နေရပ် ပြန်လည် နေရာ ချထားရေး ကိစ္စနှင့် ပတ်သတ်၍ အစီအစဉ် မရှိသေးကြောင်း UNHCR မှ ဆုံးဖြတ်ထား ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။