Wednesday, July 3, 2013

THE 1994 CEASEFIRE AGREEMENT BETWEEN THE KACHIN INDEPENDENCE ORGANIZATION AND THE BURMESE JUNTA

Kachin Land FB

Is it time to reveal the full transcripts of the 1994 ceasefire agreement between State Law and Order Restoration Council (SLORC) and the Kachin Independence Organization? If you think this is the right time to reveal to the public please give us your comment here.

The KIO's technical team have arrived in Myitkyina today for reopening of liaison office. Are the Kachin people ready to engage with the Burmese government regardless they cannot be trusted?
 
 
 
ဦးအောင်မင်း ဦးဆောင် တဲ့ ငြိမ်းချမ်းရေး အဖွဲ့ကတော့ ကချင် လက်နက်ကိုင် တပ်ဖွဲ့  ကေအိုင် အိုနဲ့   ဆွေးနွေးပွဲပြီး တာနဲ့ နောက် လာမယ့် ဇူလိုင်လလောက် မှာ တစ်နိုင်ငံလုံး အတိုင်းအတာဆောင် တဲ့ အပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ် တဲ့ ကြေငြာမောင်း ခတ်သွားလိုက် တာ...  ကျွန်မ တစ်ဦးတယောက် အနေနဲ့တော့ ဒါကိုကြားက တည်းက စိတ်ထဲမှာ မငြိမ်မသက်ပဲ...  ဒို့ကချင်ပြည် နယ်ငြိမ်း ချမ်းရေး နဲ့ တရား မျှတရေး အတွက်ရှေ့ တန်းမှာ အသက် စတေးပြီး ကာကွယ်ခဲ့ တဲ့  မျိုးချစ် ကချင် စစ်သားတွေ၊ စစ်ဗိုလ်တွေ နဲ့ အပစ်မဲ့ပြည်သူတွေ ရဲ့ အသက် အိုးအိမ်စည်းစိမ်တွေ ..... ကို ဘာမှရေရေ ရာရာ မသေမချာ တဲ့ ငြိမ်းချမ်းရေးခေါင်းစဉ် တပ်ပြီး တကယ်ခု ချိန်ဖြေရှင်း သင့် တဲ့နိုင် ငံရေး ကို အရင်မခေါ် လုပ်ပဲ ငြိမ်းချမ်းရေးခေါင်း စဉ် တပ်ပြီး နိုင်ငံ တကာရှေ့မှာ သိန်းစိန် အစိုးရကောင်းစားရေး ကိုခေါ် လုပ်နေတဲ့ အလုပ်ကို တိုင်းရင်းသားခေါင်းဆောင်တွေ လိုက်လုပ်နေပြီ လား....  ခုချိန်ထိ မိမိနေရာဒေသ ကိုစွန့်ခွါပြီး...  ဒုကသည် ဘ၀နဲ့ ဒုကသည် စခန်းမှာနေနေ တဲ့  တို့အမျိုးအား လုံးရဲ့  အခြေအနေ ကို လုံးလုံးကြီး လျစ် လျူရှုပြီး ...... ဒုကသည်မဟုတ်သေးခင်က တည်းက ဒုကသည်ဘ၀ အနေနဲ့ ပဲခံယူပြီး တိုင်း တပါး မှာ နေပျော် သွားတဲ့ ကချင်တွေနဲ့  တခြား တိုင်းရင်းသားမောင် နှမအား လုံး ကိုလည်း ဒီကနေ ကိုယ့်ဘိုးဘွား ပိုင်နယ်မြေ ကိုဘုံရန်သူ လက်ထဲ လုံးလုံး လျားလျားကြီး မအပ်လိုက်သေး ခင် အသက်တစ်ချောင်းပဲ ကျန်နေသေး ရင် လည်း မြန်မြန်မိမိနဲ့ သက်ဆိုင်တဲ့ တိုင်း ရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို အဓိပါယ် မရှိတဲ့ ငြိမ်းချမ်းရေး ကို နောက် လာမယ့် လမှာ မထိုးသေး ဖို့..... စစ်အစိုးရတွေပြော တဲ့ အပစ်ရပ်ရေးပြီးရင် လုပ်သွား မယ့်  နိုင်ငံရေး စကားဝိုင်း ဆိုတာကို အမြန်ခေါ် လုပ်မယ် ဆိုတဲ့  မှန်ကန်တိကျ တဲ့ လျင်မြန်တဲ့ တစ်တိုင်းပြည် လုံးဆိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲခေါ်ယူ ကျင်းပမယ် လို့ ကတိက၀တ်ခိုင်ခိုင်လုံလုံ ရရှိမှ သာ တိုင်းရင်းသားခေါင်းဆောင် အားလုံး....  တစ်နိုင်းငံလုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးကြပါ လို့ တိုက်တွန်း လိုက်ရပါတယ်....  အဲလိုမဟုတ်ပဲ ဘယ် အခြေအနေမှခေါ်လုပ်မယ့် တတိုင်းပြည်လုံးခေါ် လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲ ကို မသိပဲ.... တို့ခေါင်းဆောင်တွေ တကယ် တမ်း သမိုင်းတွင် မယ့် လုပ်သင့် လုပ်ထိုက်တဲ့ ကန့်ကွက်ပြီးနေ သင့်တဲ့ အချိန်....  မျက်နှာဖြူတွေ တို့တိုင်းရင်း သားလက်နက်ကိုင်တွေ ကို.....  ခုထိရူးနေတဲ့သူပုန်တွေ.... လို့စွပ် စွဲခံရမှာကြောက် လို့.....  သိန်းစိန် (အစိုးရစစ်မဟုတ်သေး ဘဲစစ်တပ် အာဏာပေးလို့ ယခုအစိုးရဖြစ်နေ တဲ့ အစိုးရတွေ)  ခေါ်လုပ် တဲ့ နိုင်ငံကစားနေ တဲ့ လှည့်ကွက်ထဲ ကို တို့တိုင်းရင်း သားနဲ့ပြည်သူတွေ အကုန်ကျရောက် ကုန်တော့မယ်..... (၁၉၉၄ တုန်းက တခြားလက်နက် ကိုင်အဖွဲ့ အစည်းရဲ့ လက်နက်ကိုင် လမ်းစဉ်ကို ခဏ စွန့်ပြီး ငြိမ်းချမ်းရေးခေါင်း စဉ်နဲ့ခဏ သာနေခဲ့တဲ့ ချိန် တကယ်ငြိမ်း ချမ်းရေးမရရှိသည် သာမက...  ကချင်ပြည်သူ အများစုရဲ့ဘ၀ ဆုတ်ပြတ် သွားပြီး.....  ၂၀၁၁ မှာစစ်ပြန်ဖြစ် လာရတဲ့အခြေအနေ ကို သတိထားမိကြမှာပါ.....

အဓိကတော့ ဘယ်သူတွေ ပဲငြိမ်းချမ်းရေး လက်မှတ်ကို ခံယူချက်မတူ လို့ အခြေအနေ အစစ်အမှန်ကို သိနေသည့်တိုင် ကချင်တွေရဲ့ သာဓကကို မယူပဲ.....  သိန်းစိန်နဲ့ လက်မှတ် ကိုနောက်လမှာ ထိုးခဲ့သည့် တိုင် ......  ခုထိနိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ရဖို့ ကြိုးစားခဲ့တဲ့ ကချင်ခေါင်းဆောင်တွေ ကို လာမယ့်လ မှာပြုလုပ် မယ့် တတိုင်းပြည် လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်သွား မထိုး ဖို့ ဆော်သြလိုက်ပါ တယ်.....

(လွန်ခဲ့တဲ့မေ လ ၂၈-၃၀.၅.၂၀၁၃ ) မြစ်ကြီးနား မှာငြိမ်း ချမ်းရေးဆွေးနွေး ပွဲ လုပ်နေစဉ် ကတည်း က ရှမ်းပြည် အခြေစိုက် ကေ အ်ုင်အေ တပ်မဟာ (၄) ကိုတိုက်ဖို့လုပ်နေပြီး ခုချိန်မှာ ကချင်တွေကို သိန်းစိန် အစိုးရတပ်တွေသူသေကိုသေ အသေအကြေသွား တိုက်နေ တာတွေ က တကယ်ငြိမ်းချမ်းရေး တွက် လက်မှတ်ထိုးဖို့ အသင့်ဖြစ်နေတယ် လို့ ယုံလို့ရမလား.....  ရှမ်းတွေ ကိုလဲ အသေအကြေ တိုက်နေတာကော ဘာသဘောလဲ....

ကချင်ပြည် ဖားကန့်ကျောက်စိမ်း နယ်မြေမှာလည်း UN convoy အဖွဲတွေ နဲ့သွားပြီး အကူအညီပေး သယောင်နဲ့ ကချင်စစ်တပ် ကိုနေရာရအောင် တိုက်ပြီးသိမ်း....  ပြီးဖားကန့် ဒေသမှာ ဗမာအစိုးရ စစ်တပ်တွေ တပ် အင်အား အကြီးအကျယ် ထပ်ဖြည့်ပြီး.... အခိုင်အမာ တပ်စွဲထားတာ ဘာသဘောလဲ.....

လှမောင်ရွှေ ကချင်ငြိမ်းချမ်းရေးပွဲ အပြီးမှာ Facebook မှာ သူကိုယ် တိုင် တင်ထား တာ ဒီဆွေးနွေးပွဲ တုန်း  တခါးပိတ်အစည်း အဝေးမှာ စစ်တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီးဆွေးနွေးတာတွေ ဟာ....  70% ပိုအောင်မြင်တယ်ပြော ထားတာတွေ က....  ခုရှမ်းပြည် KIA တွေ ကို အသေအကြေ တိုက်သတ်နေ တာနဲ့ လုံးဝ ဆန့်ကျင်နေ တယ်................ ဒီလိုအခြေအနေတွေ ကိုတွေ့ လို့ မနေနိုင် လို့.........  အားလုံးနောက် လ မှာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ဟန်ဆောင်ငြိမ်း ချမ်းရေး ကို လက်မှတ်လိုက်မ ထိုးကြဖို့ ကိုယ့် အမျိုးသားခေါင်းဆောင်တွေ ကို မိမိတို့ကိုယ်တိုင် တိုက်တွန်းစေချင်ပါ တယ်......

ခုဆို June လကုန်တော့ မယ်..... စိတ်ဓါတ်တွေ အိပ်မနေကြနဲ့.... July မှာ အားလုံးရဲ့ ဘုံရန်သူက လုပ်ငန်း စတော့မယ်.... (တခါ အလိမ်ခံရရင်လိမ်တဲ့ သူ အပစ်..... ၂ခါလိမ်ခံရတာက တို့ပြည်သူတွေ အတာရယ် ဒို့အမျိုးသားခေါင်းဆောင်တွေနှာစေး တာကြောင့်ဖြစ်ကုန် မယ်...... )

စစ်ကျွန်ဘ၀ကနေတော့ ကျွန်မ ကချင် အမျိုးသမီး တယောက်အနေ နဲ့လွှတ် ချင်ပြီ....  IDPs မှာ ရှိနေရတဲ့သူတွေ ဘ၀ကို လည်းပြန်မြင်ယောင်စေ ချင်နေပြီ.................

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။