Wednesday, July 3, 2013

Facebook ပေါ်တွင် ဖတ်ရှုရသော စာအပိုင်းအစများ

Ven Ravika FB စာမျက်နှာမှ

သတိတရားထားကြပါ

ဝကို တိုက်လို့ ရှမ်းတွေ ဝမ်းမသာမိဖို့ လိုပါတယ်။
ကရင်ကို တိုက်လို့ မွန်တွေ ဝမ်းမသာမိဖို့ လိုပါတယ်။
ကချင်ကို တိုက်လို့ ပလောင်တွေ ဝမ်းမသာမိဖို့ လိုပါတယ်။
ဝတွေ မရှိရင် ရှမ်းတွေ မလွယ်သလို ကရင်တွေ မရှိရင်လည်း မွန်တွေ မလွယ်ပါ။ ကချင်နဲ့ရှမ်း မရှိရင်တော့ ပလောင်တွေလည်း ဘယ်လွယ်ပါ့မလဲ။

မြန်မာ့တပ်မတော်က လက်နက်တပ်ဆင်နေပါတယ်။ တပ်ရင်းတပ်မများကိုလည်း တိုင်းရင်းသားနယ်မြေထဲမှာ ဖြန့်ကျက်ထားပါတယ်။ တိုင်းရင်းသားဒေသကို လွှမ်းမိုးဖို့ ကြိုးစားနေကြောင်း သိနိုင်သလို သူတို့အုပ်ချုပ်မှုအောက်မှာ တိုင်းရင်းသားလူမျိုးများ ဒုက္ခရောက်ရဖို့ ရှိပါတယ်။ အစိုးရခင်းကျင်းတဲ့ ငြိမ်းချမ်းရေးကို ယုံကြည်မိရင် ဒီချုပ်လိုပဲ ခြေကျွံမိမှာ အမှန်အကန်ပါပဲ။

ဒါကြောင့် အာရုံလွှဲနေတဲ့ မြန်မာအစိုးရကို သတိနဲ့ စောင့်ကြည့်ပြီး မိမိတို့အင်အားကို မွေးထားကြရမှာဖြစ်တယ်။

(သူ့အသက်သတ်ခြင်းကို အားမပေး)
 
political suicide...

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ ဥပဒေအရ ပါတီကို မှတ်ပုံတင်ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ခြင်း၊ လွှတ်တော်ကို ဝင်ခြင်းမှာ နိုင်ငံရေးစွန့်စားမှုတစ်ခု ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်းမှာ စွန့်စားမှုတစ်ခု မဟုတ်တော့ပါ။ မိမိကိုယ်ကို ဓားစာခံအဖြစ် သတ်မှတ်ပြီး political suicide တစ်ခုကို လုပ်လိုက်ခြင်းဖြစ်တယ်။ စစ်အုပ်စုကို စိန်ခေါ်လိုက်တဲ့စကား ဖြစ်သလို နောင်ရိုးစကားတစ်ခွန်းလည်း ဖြစ်ကြောင်း သတိထားမိတယ်။

အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတရာထူး လိုကိုလိုတယ်။ နောက်ဆုတ်စရာ ခြေတစ်လှမ်းမျှတောင် မရှိ။ အသေခံမဲ့စကား၊ အရှက်ကို အသက်နဲ့လဲမဲ့စကား၊ အန္တိမစကားတစ်ခွန်းဖြစ်လို့ပါပဲ။
 
၂၀၁၅ ခုနှစ်မှာ လူထုအုံကြွမှု ဖြစ်နိုင်

၁။ လက်ရှိသိန်းစိန်အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ကို လူအနည်းငယ်ကသာ သဘောကျနှစ်ခြိုက်ကြပါတယ်။ အများစုမှာ စိတ်ပင်ပန်းကိုယ်ပင်ပန်းရှိနေကြဆဲပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်မရပ်နိုင်ခြင်း၊ အဓိကရုဏ်းများကို မထိန်းသိမ်းနိုင်ခြင်း၊ ဖွဲ့စည်းပုံကို ကတိပေးထားတဲ့အတိုင်း ပြင်မပေးခြင်းတို့ကြောင့် အစိုးရအပေါ် မျှော်လင့်ချက် ယုတ်လျှော့လာပြီဖြစ်တယ်။

၂။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅-ခုနှစ်မှာ သမ္မတဖြစ်ချင်ကြောင်း ပြောပါတယ်။ ဒါဟာ ၂၀၀၈-ခုနှစ်အရ လွှတ်တော်ဝင်ခဲ့ပြီးတဲ့နောက်ပိုင်း ဒုတိယမြောက်နှုတ်ကျွံခြင်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အပြိုင် သူရရွှေမန်းလည်း သမ္မတဖြစ်ချင်ကြောင်း ကျေညာခဲ့ရာ သမ္မတနဲ့ ဒုသမ္မတအရည်အချင်းကိုသာ ပြင်မပေးပါက သူရရွှေမန်းက သမ္မတဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။

၃။ ဒါပေမဲ့ ပြဿနာရှိပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရဟာ သူတို့ကိုယ်စွမ်းကိုယ်စနဲ့ နိုင်ငံတကာအလယ်မှာ သင့်တယ်နေကြတယ်လို့ ထင်မှတ်မှားနေပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပမာမခန့် ပြုနိုင်ပြီလို့ ယူဆကြပုံရပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြင်ဖို့ သိပ်စိတ်မဝင်စားကြခြင်းဖြစ်တယ်။

၎။ ဖွဲ့စည်းပုံကိုလည်း မပြင်၊ သမ္မတအရည်အချင်းကိုလည်း မပြင်၊ မျှတတဲ့ရွေးကောက်ပွဲလည်း မဖြစ်ခဲ့ရင် စစ်တပ်က နောက်ကြောင်းပြန်မလှည့်ချင်တောင် ရတော့မှာမဟုတ်ဘူး။ လူထုအုံကြွမှုတစ်ခု မလွဲမသွေ ဖြစ်လာမှာဖြစ်ပြီး ၈၈ အရေးအခင်းထက် ပိုစည်းကားနိုင်တယ်လို့ ခန့်မှန်းမိကြောင်းပါ။

အတိုက်အခံများရော တိုင်းရင်းသားများပါ ဒီအခွင့်အရေးကို အမိအရ စောင့်မျှော်နေကြပါ။
 
မျိုးစောင့်ဥပဒေ

မျိုးစောင့်ဥပဒေကို မထောက်ခံရင် ဗုဒ္ဓဘာသာမစစ်ကြောင်းဆိုသူတွေ ရှိတယ်။ မျိုးစောင့်ဥပဒေကို ကန့်ကွက်ပါက ကန့်ကွက်သူ အမတ်မင်းများကို ၂၀၁၅-ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲသပိတ်မှောက်ဖို့ လိုကြောင်း မိန့်တော်မူတဲ့ဆရာတော်တွေလည်း ရှိတယ်။ မိမိက မျိုးစောင့်ဥပဒေကို မထောက်ခံလို့ မူစလင်ဘက်ပါတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။

လုံးဝမှားပါတယ်။

၁။ မျိုးစောင့်ဥပဒေဟာ ဗုဒ္ဓဘာသာမစစ်ပါ။ ဒါကြောင့် ထောက်ခံစရာမလိုပါ။
၂။ ဥပဒေကြမ်းဆိုတာ ကန့်ကွက်သူရှိမယ်၊ ထောက်ခံသူရှိမယ်။
၃။ မူစလင်ဘက်ကို မပါပါ။ ဗုဒ္ဓဘာသာများက မိမိကို ဝေဖန်တဲ့အခါ ရှိသလို မူစလင်များလည်း စာရေးသူကို ဝေဖန်ဖူးပါတယ်။

မျိုးစောင့်ဥပဒေဆိုတာ ကိုယ့်သမီး လင်နောက်လိုက်သွားလို့ ရပ်ကွက်ကို ရမ်းတာနဲ့ အတူတူပါပဲ။ ရင့်ကျက်မှု လုံးဝမရှိပါ။
   

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။